Image

ဝက်သားခရမ်းသီးနှပ်


038

ဝက်သားကိုလဲအရမ်းကြိုက်သလို ခရမ်းသီးဆိုရင်လဲဘယ်လိုချက်ချက် စားပါတယ်။ အဲဒီတော့ဒီဟင်း တမယ်က ကျမတို့အိမ်ရဲ့ အသဲစွဲဟင်းထဲကတမျိုးလို့ ဆိုချင်တာပါ။ ကျမကတော့ ခရမ်းသီး
ကိုအလွန်အမင် နှစ်သက်သူမို့ ဒီဟင်းကို ခဏခဏ ချက်ဖြစ်ပါတယ်။ လွယ်လဲလွယ်တဲ့ဗမာဟင်းတမျိုးပါနော်။ (အိသက်ကအော်ဒါအတွက်ချက်တာမို့ အိုးကြီးနဲ့ပုံတွေဖြစ်နေပါတယ်)
ပါဝင်ပစ္စည်းများ(၃ယောက်စာ)
-ဝက်သား ၅၀၀ ဂရမ်( ၃၅ကျပ်သားခန့်)
-ခရမ်းသီး ၄လုံး
-ဂျင်း paste၂ဇွန်း(စားပွဲတင်)
-ဆနွမ်း၂ဇွန်း(အချိုဇွန်း)
-အရောင်တင်မှုန့်၁ဇွန်းခွဲ(အချိုဇွန်း)
-ဆား၂ဇွန်း (အချိုဇွန်း)
-ကြက်သားမှုန့်၂ဇွန်း(အချိုဇွန်း)
-ကြက်သွန်နီ၂လုံး
-ကြက်သွန်ဖြူ၃မွှာ
ကြက်သွန်များကိုညက်အောင်ထောင်းထားပါ။
ဝက်သားကို ဆနွမ်း၁ဇွန်း(အချိုဇွန်း)၊ ဂျင်းpaste၁ဇွန်း(အချိုဇွန်း)၊ ဆား၁ဇွန်း (အချိုဇွန်း)နဲ့ရောနယ်ထားပါ။
ပထမဆုံးကြက်သွန်ထောင်းပြီးသားများကို ဂျင်း၁ဇွန်း(အချိုဇွန်း) ရောကာ ဆီသတ်ပါ။

031

ဆား၁ဇွန်း (အချိုဇွန်း)၊ ကြက်သားမှုန့်၂ဇွန်း(အချိုဇွန်း) ၊ဆနွမ်း၊အရောင်တင်မှုန့်တို့ကိုထဲ့ပြီး မွှေးလာ ကြက်သွန်ကျွတ်လာပြီဆိုရင် ဝက်သားကို ၁၀မိနစ်ခန့်လုံးပေးပါ။

032

ပြီးရင်ရေထဲ့ အဖုံးအုပ်ပြီးအသားနူးပါစေ။ အသားနူးလို့ ဆီပြန်ပြီဆိုရင် ခရမ်းသီးထဲ့လုံး ပြီးရေအနဲငယ်တောက်ကာ ခရမ်းသီးနူးရင်ရပါပြီ။

033 035

Advertisements

4 comments on “ဝက်သားခရမ်းသီးနှပ်

  1. ညီမလေးအိသက်..
    အစ်မမှာ ပူပင်သောကတွေများစွာနဲ့မို့ အားလုံးနဲ့အဆက်အသွယ်ပြတ်သွားတယ်..
    အစားအသောက်တွေကိုမစားချင်တဲ့အပြင် လောကကြီးမှာတောင်ဆက်နေချင်စိတ်တွေကင်းမဲ့သွား တယ်..
    အခုတော့ကြိုးစားပြီးရပ်တည်နေနိုင်အောင် နေပါတယ်..
    ညီမလေးချက်ထားတာလေးတွေ စားသွားတယ်နော်..
    ကျေးဇူးညီမလေး

    • ဘာတွေများဖြစ်လို့ပါလိမ့်မရယ် အားတင်းထားပါနော် ဟိုတလောက ညီမလဲ နဲနဲစိတ်ဓာတ်ကျချင်သလိုဖြစ်သွားတယ် သူများနိုင်ငံမှာတော့ဒီလိုပဲ ကျလိုက်တတ်လိုက်ပဲ 🙂

      • ညီမလေးကို facebook ထဲမှာရင်ဖွင့်ထားတာတွေများသွားတယ်..။
        ဒါပေမယ့် ပြောပြလိုက်ရတော့ နဲနဲတော့သက်သာသွားတယ်ညီမလေးရယ်..။
        စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ အားလုံးပြည့်စုံပါစေညီမလေး..။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s