ထမင်းပေါင်း ကို မကြာခဏ လုပ်စားဖြစ်ပါတယ်။ လွယ်လဲလွယ်ပါတယ်။ စားလို့လဲအလွန်ကောင်းပြီး လုပ်ရလွယ်လွန်လို့ အိမ်မှာကခဏ ခဏ လုပ်စားဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်တွေအများကြီးပါလို့ ကျန်းမာရေးအတွက်လဲ အလွန်သင့်တော်ပါတယ်။ ကြည့်ရအောင်
ပါဝင်ပစ္စည်းများ( ၅ပွဲစာ)
-ကြက်သား ၂၀၀ ဂရမ် (၁၃ကျပ်သားခန့်)
-ပုဇွန်ကျား၁၅ကောင်
-ကြက်အသဲ ၁၀၀ ဂရမ် (၆ကျပ်သား)
-ငါးဖယ်လုံး ၅၀ ဂရမ် (၃ကျပ်သားခန့်)
-ပဲပြား ၅၀ ဂရမ် (၃ကျပ်သားခန့်)
ဟင်းသီးဟင်းရွက်များ(ကြိုက်နှစ်သက်ရာ)
-မုန်လာဥနီ – ၁၀ကျပ်သား
-ပြောင်းဖူး အသေး – ၁၀ကျပ်သား
-ဘိုစားပဲ – ၁၀ကျပ်သား
– မှို- ၅ကျပ်သား
-ပန်းဂေါ်ဖီ- ၁၀ကျပ်သား
-ဘရိုကိုလီ- ၁၀ကျပ်သား
-ငုံးဥ – ၁၂လုံး ( ပြုတ်ထား)
-မျှစ် – ၁၀ကျပ်သား(ပါးပါးလှီး)
-ခရမ်းချဉ်သီး – ၂လုံး (အစိတ်လေးများစိတ်ထား)
-ကြက်သွန်ဖြူ – ၂မွှာ(ဒါးပြားရိုက်)
– ကြက်သွန်နီ – ၁လုံး(ပါးပါး)
– ဆား – ၂ ဇွန်း(အချိုဇွန်း)
– ကြက်သားမှုန့် – ၃ဇွန်း(စားပွဲတင်)
-ခရုဆီ – စားပွဲတင်ဇွန်း ၂ဇွန်း(စာပွဲတင်)
-ပဲငံပြာရည်အကြည် ၁ဇွန်း(စားပွဲတင်)
-ဟင်းချက်ဝိုင် ၂ဇွန်း(စားပွဲတင်)
-တရုတ်မဆလာ ၁ဇွန်း(အချိုဇွန်း)
-သကြား – ၂ဇွန်း(စားပွဲတင်)
-ကော်မှုန့်-၃ဇွန်း(စားပွဲတင်)
စစချင်း ကြက်သား၊ ကြက်သဲတို့ကိုဆားအနဲငယ် ဖြင့်နယ်ပြီး ရေစပ်စပ်ထဲ့ပြီး(ရေနဲနဲ) ပြုတ်ကာ ကျက်ရင် ဆီပူထိုးပေးပါ။ ကျွတ်သွားအောင်မကြော်ပဲအပေါ်ရံ ရဲရုံသာ ၁မိနစ်ခန့်ဆီပူထိုးတာကိုဆိုလိုပါတယ်။ ပုဇွန်ကိုလဲ အဲလိုပဲ ရဲရုံလေးကြော်ထားပါတယ်။ ငါးဖယ်လုံးများကတော့ reday made မို့ပါးပါးလှီးပေးထားပါ.
အရည်ပြုလုပ်ရန်အတွက်ပါဝင်ပစ္စည်းများကို ရေနွေးနွေး ၁လီတာဖြင့်ဖျော်ထားလိုက်ပါတယ်။
ဆီကို ဒယ်ထဲတွင် ပါလေကာ ထဲ့ကာ ကြက်သွန်နီ၊ ဖြူ တို့ထဲ့ ကြော်ကာ ရွှေဝါရောင်သန်းလာရင် မီးပြင်းပြင်းဖြင့် အသီးအရွက်များထဲ့ကြော်ပါ။
အသားများ၊ ငုံးဥများရောပါ။ ဖျော်ထားသော အရည်များကိုထဲ့ရောပြီး ဟင်းသီးဟင်းရွက်လေးများနူးကာ အရည်ပျစ်လာရင် တရုတ်မဆလာဖြူးလိုက်ပါ။
ထမင်းပူပူပေါ်တွင် အရည်များများဆမ်းကာ အသီးအရွက်ကြော်များ အသားများဖြူးကာ ကာပူပူလေးစားသုံးနိုင်ပါပြီ။
ူမမရေ
ဟင်းချက်ဝိုင်ဆိုတာ Rice wine လားဟင် ငါးပေါင်းရင်တော့ ထည့်သုံးမိပါတယ်
အဲဒါသုံးရင်ကော အဆင်ပြေနိုင်မလား မမသုံးတဲ့ ဟင်းချက်ဝိုင် နံမည် လေး ပြောပြပေးပါလား
ကျေးဇူး ထူးထူးပါ
actually , u can use any wine (white wine) 🙂
ထမငိးပေါင်းကိုအရမ်းကြိုက် ခုလိုခုပ်နည်းလေးမျှပေးတာကျေးဇူးနော် ။
အမရေ. ဟင်းချက်ဝိုင်ဆိုတာ ဘာကိုပြောတာလဲ။ ပြီးတော့ ကော်မှုန့် အစား ပြောင်းဖူးကော်မှုန့် သုံးလို့ရလား
su yay
you can buy in any chinese shop cooking wine or u can buy normal sherry wine 🙂
အမေ၇
အရမ်းကြိုက်။ sweet & saulty popcorn လုပ်နည်း သိချင်ပါသည်
ကျေးဇူးအများ
Ma Thet, How about one white and brown layer of Mont Sein Paung,If you know please post on web. Thanks, Ko Tun
တရုတ်မဆလာ ဆိုတာ five spice နဲ့တူတူပဲလား။
တရုတ်မဆလာနဲ့ five spice က တူတူပဲလားဟင်။
hote tu tu pae shint 🙂