ှကြက်သွန်မြိတ်၊အာလူး ဟင်းရည် ကျမသမီးငယ်ကို မွေးတုံးကဆေးရုံပေါ်မှာ မွေးခါနီး လျက်ဆားအလွန်အကျွံစားမှုနဲ့ သွေးထဲအငံဓာတ်များတယ် ဆိုပြီး ၅ရက်လောက် ပေးမဆင်းပဲထားလို့ မျက်ရည်နဲ့ မျက်ခွက်နေရပါတယ်။ ဆေးရုံ ဆိုအလွန်ကြောက်တဲ့ အပြင်ကိုယ်သိပ်မှအိပ်သော သားကြီးကလဲ၃နှစ်သာရှိသေးလို့ကျမ တော်တော်လွမ်းရပါတယ်။ နောက်ဆုံးတော့ ကိုယ်ဖြစ်ကိုယ်ခံပါ့မယ်ဆိုပြီး လက်မှတ်ထိုးဆင်းခဲ့ပါတယ်။ သူတို့က သိပ်မကျေနပ်ပါ။ အဲဒါက အမှတ်တရ။ ဒီဟင်းချိုလေးကို အမျိုးသားကဆေးရုံ ကိုကျမအတွက်ကိုယ်တိုင်လုပ်လာပေးတာပါ။ အိမ်ထောင်သက် ၈ နှစ်အတွင်းသူချက်ကျွေးတာ ၂ခါမြောက် ဟင်းချိုလေးပေါ့။ ကျမ အလွန်နှစ်သက်ပြီး လွယ်လဲလွယ်ပါတယ်။ လွယ်လို့လဲသူလုပ်ပေးတာပေါ့။ ကြည့်ရအောင်
ပါဝင်ပစ္စည်းများ
-ကြက်သွန်မြိတ်အကြီးစား(leeks ) ၄၀၀ ဂရမ်
-အာလူး ၃၀၀ ဂရမ် -ထောပတ် ၅၀ ဂရမ်
-ကြက်သွန်နီအသေးတလုံး
-ကြက်ပြုတ်ရေ ၁လီတာခွဲ ( chicken stockဆိုပြီးဝယ်လို့ရပါတယ်)
– double cream၁၅၀ မီလီလီတာ
-ငရုတ်ကောင်းနဲနဲ -ဆား ၁ဇွန်း (အချိုဇွန်း)
-ကြက်သားမှုန့် ၂ဇွန်း(အချိုဇွန်း)
leeksကို အဖြူပိုင်းပဲသုံးပါတယ်။ အာလူးကို အတုံးလေးများလှီးထားပါ။
အိုးထဲမှာ ထောပတ်ကို အပူပေးပြီး အရည်ပျော်စေကာ ကြက်သွန်နီ ကိုထဲ့ကြော်ပါ။
၂မိနစ်အကြာ အာလူး၊ leeksကိုထဲ့လှိမ့်ပါ။ ၅မိနစ်အကြာတွင် ရေလီတာဝက်ခန့်ထဲ့ပြီးအဖုံးအုပ်ထားပါ။
အာလူးနူးပြီဆိုရင်တော့ blender လေးနဲ့ အကုန်ကြေအောင် မွှေလိုက်ပါ။ ဆား၊ ကြက်သားမှုန့် ထဲ့ပါ။ Double Cream ကိုပါရောမွှေပါ.
၅မိနစ်ခန့်ဆိုရင် ငရုတ်ကောင်းဖြူးပြီး ပေါင်မုန့်ခြောက်လေးနဲ့တွဲ ပူပူလေးသုံးဆောင်ခြင်းဖြင့် ရာသီအေးအေးကို ကာကွယ်နိုင်ကြပါစေရှင်
If we don’t have Double Cream, What can we use? And where can we get it ? i usually read this blog. This is this is the first time i comment. i really like this blog 🙂
double cream is the best for this one but if u can not get easily use evourporated milk(no sein) 🙂 thanks for visiting naw