ပုဇွန်ခွက်ကြော်


ပုဇွန်ခွက်ကြော်
ကတ်ကြေးကိုက်လုပ်စားတဲ့နေ့က ကျန်တဲ့ ပဲပင်ပေါက်လေးတွေ ကို ဒီနေ့မှာ ပုဇွန်ခွက်ကြော်လုပ်စားဖို့ စိတ်ကူးပေါက်တာနဲ့  ကြော်စားဖြစ်တာလေးကိုတင်လိုက်တာပါ။ လွယ်ကူပြီး စားလို့ကောင်းပါတယ်နော်။ ကြည့်ရအောင်

IMG_0030
ပါဝင်ပစ္စည်းများ
-ပုဇွန်စပ်ထုပ် ၆-၇ကောင်
-ပဲပင်ပေါက် ၁၅၀ ဂရမ်
-ကြက်သွန်နီ  ၁လုံး
-အကြော်မှုန့် ၂ဇွန်း(အချိုဇွန်း)
-ပဲမှုန့်၁ဇွန်း(အချိုဇွန်း)
-ဆနွမ်း ဇွန်းဖျားစာ
-ရေနွေးနွေး ၅ဇွန်း( စားပွဲတင်)
-ကြက်သားမှုန့်၁ဇွန်း (အချိုဇွန်း)
ပုဇွန်ကို ခေါင်းချွတ် ကျောက ချီးချောင်းများထုတ်ကာ သန့်စင်လိုက်ပါ။ အကြော်မှုန့်နဲ့ပဲမှုန့်ကို ရေနွေးနွေးနဲ့ ရောပြီးဖျော်လိုက်ပါ။ ဆနွမ်းထဲ့မွှေပြီး ပဲပင်ပေါက်၊
ကြက်သွန်လှီးပြီးသားပါးပါးတို့ကို ရောလိုက်ပါ။

IMG_0001
ဆီကို မီးအနေတော်ဖြင့်ထားပြီး ပန်းကန်တချပ်ထဲတွင် ပဲပင်ပေါက်အရောအနဲငယ် ပုဇွန်၁ကောင်(သို့) ၂ကောင်ရောပြီး မီးထဲဖြေးဖြေး လျှောချပြီး တဖတ်
စီ ရွှေဝါရောင်သန်းပြီး ကျွတ်လာသည်အထိထားပြီး ကြော်ပေးပါ။

IMG_0005

IMG_0006

မကျည်းသီးချဉ်ဖြင့်တွဲစားလို့အလွန်ကောင်းပါတယ်။

IMG_0020

Advertisements

3 comments on “ပုဇွန်ခွက်ကြော်

  1. ဒီလိုမျိုး ချက်နည်းပြုတ်နည်းအမျိုးမျိုးကို ဆရာစားမချန်ပဲသေချာ စနစ်တကျ တဆင့်ချင်းရှင်းပြပြီး မျှဝေတဲ့အတွက် ညီမလေးကိုကျေးဇူးအများကြီးတင်ပါတယ်နော်။ အထူးသဖြင့် အကြိမ်ကြိမ်ကြိုးစားပြီး အမြဲအဆင်မပြေဖြစ်တဲ့ ပဲပြုတ်နဲ့မုန့်လက်ဆောင်းဖတ်နဲ့ကို ညီမလေးရဲ့နည်းတွေနဲ့လုပ်တော့ တခါတည်းနဲ့အဆင်ပြေသွားလို့ကျေးဇူးအထူးပါ။ သာကူပြင်လဲ ညီမလေးနည်းနဲ့လုပ်တာ အရမ်းစားကောင်းတာပဲ။ ဒီလိုဇွဲလဲရှိ စေတနာလဲကောင်းတဲ့ ညီမလေးဒီထက်မကအောင်မြင်တိုးတတ်ပျော်ရွင်ပါစေနော်။

    • ကျေးဇူးတင်ပါတယ် မရေ အဲဒီလို လာရေးပေးတာအရမ်းပျော်တာပဲ ပေးတဲ့ဆုနဲ့ပြည့်ပါစေရှင် 🙂

  2. အိသက်ေ၇ပုဇွန်ခွက်ကြော်တအားကြိုက်တာ။ဒါပေမဲ့ မလုပ်တတ်ဘူး။အခုသိပြီမို့ လုပ်စားကြည့် မယ်။ကျေးဇူးနော်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s