ကတ်ကြေးကိုက်
ကျမ ၆တန်းလောက်က လမ်းမတော်၁၀လမ်း က သူငယ်ချင်း တယောက်အိမ်မှာ ကျူရှင် နေ့တိုင်းနီးပါသွားတတ်ရပါတယ်။ သူတို့အိမ်ရှေ့က ကတ်ကြေးကိုက်ဆိုင်မှာ ကျူရှင်ပြီးရင် သူငယ်ချင်းတွေ အမြဲ ကတ်ကြေးကိုက် ဝယ်စားနေကြ၊ ကျမက ကြက်ဥများများ ပဲပြုတ်များများ လို့မှာလေ့ရှိပါတယ်။ ပဲပြုတ်လုပ်နည်းက ဒီမှာကြည့်ပါ အကြိုက်ဆုံးအစားအစာ မဟုတ်သည့်တိုင် အစားအစာ တိုင်းကိုကြိုက်လို့ ဒီကတ်ကြေးကိုက်ကိုလဲ ကျမရော မိသားစု တစုလုံးရော ကြိုက်ပါတယ်။ ဟိုတနေ့က ရန်ကုန်က မိသားစုတွေ ကတ်ကြေးကိုက်စားတာFacebook မှာ မြင်လို့စားချင်လာပြန်တာကြောင့် ဒါလေးလုပ်စားရင်း post တင်ဖြစ်ပါတယ်။ ဒီpost မှာပါတဲ့ ပအုန်းရည်ဆိုတာ ရှာလကာရည် လိုမျိုးကိုခေါ်တာပါ။ သူကို palm vineger ဆိုပြီး ဖိလစ်ပိုင်ဆိုင်တွေ မှာတွေ့ရတတ်ပါတယ်။ ပအုန်းရည်က ကတ်ကြေးကိုက်ကို အရသာရော အနံ့ရော ရှာလကာရည်ထက်ပိုကောင်းစေပါတယ်။လုပ်နည်းလေး ကြည့်ရအောင်နော်။
ပါဝင်ပစ္စည်းများ(၇ယောက်စာ)
– ကတ်ကြေးကိုက် မုန့်ဖတ် ညပ်ခေါက်ဆွဲ– ၂ထုတ်(ရေစိမ်ထားပါ)
– သန့်စင်ပြီးပုဇွန်စပ်ထုပ် – ၇၀၀ဂရမ(်၄၀ကျပ်သားခန့်)
– ပြည်ကြီးငါး – ၅၀၀ဂရမ(်၃၅ကျပ်သားခန့်)
သန့်စင်ပြီး ပုံဖော်ကာလှီးဖြတ်ထားပါ။ ဆနွမ်းမကင်းလှီးသလို ဖြတ်လှီးပါ။ ပုံထွက်လှပါတယ်
-ဝက်အူချောင်း ၄လက်မအရွယ် ၃ချောင်း(ပါးပါးလှီး)
-ဝက်သားအသား- ၃၀၀ ဂရမ်(၂၅ကျပ်သား)(ပါးပါးလှီး)
-ကြက်အသဲ – ၂၀၀ ဂရမ် ( ၁၃ကျပ်သားခန့်)
-ပဲပင်ပေါက် – ၂၅၀ဂရမ် ( ၁၅ကျပ်သားခန့်)
– ကြက်သွန်ဖြူ – ၆မွှာ
– ကြက်ဥ – ၈လုံး
– ပဲပြုတ် – ၄၀၀ ဂရမ် (၃၀ကျပ်သားခန့်) ပဲပြုတ်လုပ်နည်းက ဒီမှာကြည့်ပါ
-ပအုန်းရည် ၊ ဓနိရည,် palm vineger– စားပွဲတင်ဇွန်း ၆ဇွန်း (ပအုန်းရည်အစား ရှာလကာရည်ထည့်လို့ ရပါတယ်)
-ပဲငံပြာရည် (အကြည်) – ၃ဇွန်း(စားပွဲတင်ဇွန်း)
-ပဲငံပြာရည် (အနောက်) – ၁ဇွန်း(အချိုဇွန်း)
-ငရုတ်သီးမှုန့်- ၂ဇွန်း(အချိုဇွန်း)
-ဆား – ၁ဇွန်း(အချိုဇွန်း)
-ကြက်သားမှုန့် – ၂ဇွန်း(စားပွဲတင်)
ဝက်သားတုံးလေးများကိုဂျင်းနဲနဲ၊ဆားနဲနဲဖြင့်နယ်ပြီဲး ရေအနဲငယ်ဖြင့် ပြုတ်ထားလိုက်ပါတယ်။
ကြက်အသဲလေးများကို ကျက်အောင် ကြော်လိုက်ပါ။ ဝက်အူချောင်းလေးများကို ကြော်ထားပါ။
ကြက်ဥများကိုအဖတ်လေးများရအောင်မွှေကြော်ထားလိုက်ပါ။
စစချင်း ကြက်သွန်ဖြူကိုဆီပူတွင် ထဲ့ကြော်ပြီး ပြည်ကြီးငါး ကြော်လိုက်ပါ။
၅မိနစ်အကြာ မှ ပုဇွန်ထဲ့ပြီးအကျက်မလွန်ခင် ကျက်ပြီးသား ဝက်သား၊ အသဲ၊ တို့ကို ငရုတ်သီးမှုန့်ထဲရောမွှေပါ။ ဆား၊
ကြက်သားမှုန့်ထဲ့ပါ။
ရေစိမ်ထားသော ခေါက်ဆွဲကို ထဲ့ရောပါ။ ပြီးရင် ပအုန်းရည်၊ ပဲငံပြာရည် အကြည်၊ အနောက်တို့ထဲ့ပြီး ရောမွှေပါ။ အနံ့မွှေးလာတာတွေ့ရပါမယ်. ၃ မိနစ်ခန့်မွှေပြီးရင် ပဲပင်ပေါက်၊ ပဲပြုတ်၊ ဝက်အူချောင်းကြော် တို့နောက်ဆုံးထဲ့ ၂မိနစ်ခန့်ဆက်ကြော်ကာ နှံ့ပြီဆိုရင် ကြက်သွန်မြိတ်ဖြူးကာ ပူပူလေး ကြက်သွန်ချဉ်နဲ့တွဲစားရင်ဖြင့် အလွန်အရသာရှိသော ကတ်ကြေးကိုက်လေး ဖြစ်နေပါမယ်နော်။
hello Ei Thet
Thanks for sending me emails with your new recipe Unfortunately I cannot read it now as it is showing only square blocks It’s OK last month But its playing up recently I’m wondering if you have any suggestions ?
Thanks again for the previous recipes that you put on yr website
I have success with Doshay, Tofu, Pae byoke Wishing you and your fly a very happy new Year
Thu
I HV NO IDEA AT ALL MA YAY, I JUST USING MY BLOG AS NORMAL AND OPEN FOR PUBLIC NORMAL TOO. PLS TRY USING WITH OTHER WEB BROWSER 🙂
morning ma ei, I like to know which brand use for noodle? pls show the picture and thanks for sharing.Happy new year!
i just use flat rice stick sis 🙂
Happy new year! ma ei, what kind of brand rice noodle? If you have picture please show me.I want to eat KAT KHYAE KIKE .i don’t know which brand is like kat khyae kike. Thanks alot for sharing and always watching your nice blog.
ANY BRAND SAY FLAT ‘RICE STICK’ , I WILL POST PIC SOON 🙂
Nice!
အိသက် လေးရေ….ဟင်းသစ်ချက်တိုင်းဖတ်ရလို့ ကျေးဇူးတင်တယ်နော်…..
အစစ အရာရာ ကြီးပွားတိုးတက် အောင်မြင်ပါစေလို့…
သတိရလျှက် ..အံတီသန်း
ဟုတ်တယ် အန်တီသန်းရေ သမီးလဲသတိရပါတယ်။ နေကောင်းရဲ့လား ပေးတဲ့ဆုနဲ့ပြည့်ပါစေနော် 🙂