ပဲခေါက်ဆွဲက ကျမတို့တအိမ်လုံးအသဲစွဲပါပဲ။ အထူးသဖြင့်ကျမ မမလေးကအလွန်ကြိုက်ပါတယ်။ Moon Bakery korea restaurant ကိုရောက်ရင်သူကဒါပဲမှာစားလေ့ရှိပါတယ်။ ကျမသမီးလေးသူငယ်ချင်းမေမေ က ကိုရီးယား မလေးပါ။ ဂျီးနာ လို့ခေါ်ပါတယ်။ သူကကျမရဲ့ မာလာဟင်းကိုကြိုက်သလို ကျမကသူ့ရဲ့ပဲခေါက်ဆွဲကို ကြိုက်ပါတယ်။ သူအိမ်မှာလုပ်ကျွေးဖူးသလိုခုလိုက်ချက်ကြည့်တာပါ။ နောက်ပြီး ဒီနည်းလေးက ကိုရီးယားမှာနေပြီး ကိုရီးယားအစားအစာ များကို ကျမထက်ပို ကျွမ်းကျင်မယ်လို့ ယုံကြည်ရပါသော ဒေါ်ကျူတီလေးဆီက မှီငြမ်းကိုးကားထားပါတယ်နော်။ သူတို့ကိုရီးယားမှာတော့ ခေါက်ဆွဲနဲ့ စားရင် ကျားကျန်မြောင် ထမင်းလေး နဲ့စားရင် ကျားကျန်ဘတ် လို့ခေါ်ပါတယ်။ ဘာနဲ့ပဲဖြစ်ဖြစ်ပူပူလေး စားမှစားလို့ကောင်းပါတယ်။ တကယ်တန်းက ပဲခေါက်ဆွဲဟာ မူလကတရုတ်အစားအစာတမျိုးဖြစ်ပြီး နောက်ပိုင်းကိုရီးယားနိုင်ငံရဲ့ရေပန်းစားတဲ့ ရိုးရာအစားအစာ ဖြစ်လာတာပါတဲ့။
ပါဝင်ပစ္စည်းများ(၂ပွဲစာ)
-ဝက်ဗိုက်ခေါက်သား(pork belly) ၂၀ဝ ဂရမ်(အတုံးလေးများ တုံးပေးပါ)
-သခွါးဖရုံသီး (courgette =Zucchini)၁လုံး(အတုံးလေးများ)
-အာလူးကြီးကြီး ၁လုံး(အတုံးလေးများ)
-ကြက်သွန်နီ ၁လုံး(အတုံးလေးများ)
-ကိုရီးယား ပဲအနှစ် ၃ဇွန်း(စားပွဲတင်)
-နှမ်းဆီ၃ဇွန်း(စားပွဲတင်)
-ပြောင်းကော်မှုန့်၂ဇွန်းရေဖျော်ပြီး(စားပွဲတင်)
-ဂျုံခေါက်ဆွဲ ၂ပွဲစာ
စစချင်း ဒယ်ထဲတွင် ကြက်သွန်နီ် ၊ ဖြူ နှင့် ဝက်ဗိုက်ခေါက်သားအတုံးလေးများကို ထဲ့ပြီးကြော်ပါ။
ဝက်သားကျက်ရင် အာလူး, သခွါးဖရုံသီးအတုံးလေးများထဲ့ကာ ၂မိနစ်ခန့်ဆက် ကြော်ပါ။
အိုးထဲမှာပဲ အစာများကို ဘေးကပ်ပြီး BLACK BEAN အနှစ်ထဲ့၁မိနစ်ခန့်ကြော်ပေးပါ။ပြီးမှအကုန်ရောကြော်ပါ။
ရေအနဲငယ် ထဲ့ပြီးအသားများ၊ အသီးများနူးပါစေ။ နောက်ဆုံး ပြောင်းကော်ရည်ထဲ့ပြီး အရည်ပျစ်စေကာ နှမ်းဆီရောပြီး ခေါက်ဆွဲ ပေါ်တွင်၎င်း ထမင်းပေါ်တွင်၎င်းဆမ်းကာ ပူပူလေးစားသုံးပါ။ နှင့် လတ်လတ်ဆက်ဆက်သခွါးသီးလေးများ ဖြင့်စားရင်အလွန်ကောင်းပါတယ်။
Thank you so……so much Ei Thet cos I like it so much and I wanted to try it.
It seems really delicious.
.
Really appreciate for your sharing ei thet, i love this one.