ခရစ်စမတ် မှာလုပ်စားဖြစ်တဲ့ Turkey လေးအကြောင်းရေးချင်ပါတယ်။ တကယ်တန်းတော့ Turkey ကိုအိသက်စားလေ့မရှိပါဘူး။ သူကမလုပ်တတ်ရင် ဖွယ်ပါတယ်။ အသားကလဲ ခြောက်သွားတတ်ပါတယ်။ တော်တော်ရင်းနှီးတဲ့ သူငယ်ချင်းတယောက်ကစားချင်တယ်ဆိုလို့ လုပ်ဖြစ်သွားပါတယ်။ အားလုံးပဲကြိုက်ကြလို့ ကိုယ့်ကိုကိုယ်တော်တော်ကျေနပ်သွားပါတယ်။ မဖြစ်အောင်ဘယ်လိုလုပ်မလဲကြည့်ရအောင်
ပါဝင်ပစ္စည်းများ
-၅ကီလို တကောင်( ၈ယောက်လောက်စားလို့ရပါတယ်)
-ထောပတ် ၂၀၀ ဂရမ်
– rosemary, thyme, sage ၁ပင်စီ
-ဆား ၃ဇွန်း( စားပွဲတင်)
-သံလွင်ဆီ ၅ဇွန်း(စားပွဲတင်)
-ဘေကွန် ဝက်ပေါင်ခြောက်ချောင်း ၃၀၀ ဂရမ်
– Parsnip ၁၀ချောင်း ၊ မုန်လာဥနီ ၁၀ချောင်း
ပထမဆုံး Turkey ကိုသန့်စင်ထားပါ။ အရေပြားနဲ့အသားကြားလက်ထဲ့ပြီး အရေပြားမပေါက်အောင်ခွါထားပါ။
Herbs များကို နုတ်နုတ်စင်းလိုက်ပါ။ ထောပတ် ထဲ ထဲ့နယ်ပါ။ ဆားထဲ့ပါ။ ရော ထားသောအရောများကို အရေပြားနဲ့ အသားများကြား ထဲ့ပြီး သိတ်ထားပါ။ Turkey ရဲ့အတွင်းပိုင်းတွင် လှီးဖြတ်ထားသော အသီးအနှံများထဲ့ပြီး ပိတ်လိုက်ပါ။
ကျန်အသီးအနှံများကို ဗန်းထဲ ထဲ့လိုက်ပါ။ Turkey ကို ဗန်းထဲ ထဲ့ပြီး အသီးအနှံများပေါ်ကို သံလွင်ဆီဖြူးလိုက်ပါ။ Oven ကို ၂၅၀ ဒီဂရီထားပြီး မိနစ်၄၀ခန့်အပေါ်မီးအောက်မီးထားပါ။
ပြီးရင်ပြန်ထုတ်ပြီး ဘေကွန်လေးများကပ်လိုက်ပါ။ အဲဒီအချိန်ကစပြီး Kitchen Foil အုပ်ထားပြီး ၂နာရီခန့် Oven ထဲဆက်ပြီး ထား ထားပါ။ Foil အုပ်မှ ဘေကွန်များကျွမ်းမသွားတဲ့အပြင် အသားလဲ နူးညံ့နေပါတယ်။
တခါပြန်ထုတ်ပြီး ဗန်းထဲတွင်ရှိနေသောအသီးအနှံများကထွက်သောအရည်များကို ဇွန်းဖြင့်ခပ်ကာ ဘေကွန်ပေါ်လောင်းပေးပြီး ၂၀မိနစ်ဖြင့် တွင်ဆက်ထားပါ။ ဒီအချိန်မှာ sausage အသေးလေးများကို ဘေကွန်ပတ်ထား တာလေးများဘေးပတ်ပတ်လည်ကတင်လိုက်ပါတယ်။ ဘေကွန်ကျွတ်လာပြီး နူးညံ့ပြီး စားလို့ကောင်းသော ခရစ်စမတ် ရပါပြီ။ ဗန်းထဲကရသောအရည်များကို မသွန်ပဲ Gravy လုပ်နိုင်ပါတယ်။ Cranberry sauce ဖြင့်တွဲစားရင်လဲအလွန်ကောင်းပါတယ်။
ei thet taw lite tar.
thanks u ma sandar
I like your blog. You are great!
thank you par Ma Hnin yay 🙂
သက်ရေ ….
Happy New Year နော် .. သက် 🙂
★•.¸
¸☆´.•´
.•´✶`*.
*.*★
. 。•´ 。´,•*´。 Ձ๏13
¸✶.•´¸.•*´✶
☆´¸.•★´ ¸.✶* ☆★
☻/ღ˚ •。* ♥♥ ˚ .˚✰˚ ˛★.* 。. ღ˛° 。* °♥ ˚ • ★ *˚ .ღ 。
/▌*˛˚ ░ٌٌٌӇ░ٌٌٌƛ░ٌٌٌƤ░ٌٌٌƤ░ٌٌٌƳ ░ٌٌٌ░ٌٌٌƝ░ٌٌٌЄ░ٌٌٌƜ░ٌٌٌ░ٌٌٌ Ƴ░ٌٌٌЄ░ٌٌٌƛ░ٌٌٌƦ░ٌٌٌ!░˚
/ \ ˚. ★ *˛ ˚♥♥* ✰。˚ ˚ღ。* ˛˚ ♥♥ 。✰˚* ˚ ★ღ ˚ 。✰ •* ˚ ♥♥
Wishing you and your loved ones peace, health, happiness and prosperity.
happy new year ma yayyyyy 🙂
Happy New Year..Ma Eithet, Sorry for my late greeting 😛
Btw …မ ပဲသွေးလုပ်နည်းလေး တင်ပီးပီလားဟင် ရှာလို့မတွေ့လို့