နံပြားလုပ်နည်း
ဒီရက်ပိုင်းတင်ရမဲ့ post တွေအကုန်လုံးပျက်သွားတဲ့ computer လေးထဲကိုပါကုန်ပါတယ်။ အဲဒါတွေအကုန်ပြန်ရဖို့ကိုတော်တော်ကိုကြာအောင်စောင့်လိုက်ရပါတယ်။ ပြီးတော့စိတ်လဲတော်တော်ညစ်သွားပါတယ်။ ဒီနံပြားလုပ်နည်းလေးဆို တင်မယ် တင်မယ်နဲ့ လနဲ့ချည်ပြီးကြာနေပါပြီ။ ကြက်အသဲချဉ်စပ်(ပေါ်တူဂီ) , လဘနွန်ခရမ်းသီးအနှစ်(Baba Ghanoush) များနဲ့အတူစားနိုင်ဖို့ အဲဒီတည်းကလုပ်ထားတာကို ဘယ်လိုပဲရေးမယ် ကြံလိုက်တိုင်း ဘယ်လို အလုပ်ရှုပ်ပြီးမေ့မေ့ သွားမှန်းမသိပါ။ ခုတော့ အိမ်စာအကြွေးတွေအကုန်ရှင်းပါမယ်နော်။ နံပြားကို အာရှနိုင်ငံ များမှာ တင်မကပဲ ဥရောပအနောက်နိုင်ငံများမှာ တွင်တွင် ကျယ်ကျယ်စားသုံးကြပါတယ်။ အိသက်ကတော့ နံပြားထောပတ်သုတ်၊ မလိုင်နဲ့နံပြား စတာတွေ ကို အလွန်ကြိုက်ပါတယ်။တဆက်တည်း အကယ်၍များမလိုင် ရှားပါးတဲ့နေရာဒေသက သူများအတွက်အလွယ်နည်းလေးပေးချင်ပါတယ်။ နို့စိမ်းတဘူး ကိုကျိုလိုက်ပျစ်လာရင် မီးပိတ်၊ အပေါ်မလိုင်ဖတ်လေးများတတ်လာပါမယ်။ ခပ်ထားပြန်ကျို အဲလိုနည်းနဲ့နို့စိမ်းတဗူးကို မလိုင်တခွက်စာ ရပါမယ်နော်။ ခုအိသက်လုပ်မဲ့နံပြားက ဒီမှာဟင်းအနှစ်တွေနဲ့တွဲစားဖို့ဆိုတော့ plain မဟုတ်ဘူးပေါ့။ အကယ်၍ plain နံပြားဝိုင်းဝိုင်းလေးလိုချင်ရင်တော့ အောက်ပါနည်းအတိုင်း နံနံပင်မထဲ့ပဲ အဝိုင်းသဏ္ဍာန်မီးဖုတ်နိုင်ပါတယ်နော်။
ပါဝင်ပစ္စည်းများ( ၆ခုစာ)
-နွားနို့နွေးနွေး၁၅၀မီလီ
-သကြား၂ဇွန်း(အချိုဇွန်း)
-တဆေး(dried Yeast)၂ဇွန်း(အချိုဇွန်း)
-All Purpose Flour ၅၀၀ ဂရမ်
-ဆားဇွန်းဝက်(အချိုဇွန်း)
-ထောပတ်ဆီ၂ဇွန်း(အချိုဇွန်း)
(သတ်သတ်လွတ်မဟုတ်ရင် ကြက်ဥတလုံးခေါက်ထဲ့နိုင်ပါတယ် ပိုနူးညံ့ပါတယ်)
ပထမဆုံးခွက်တခွက်ထဲတွင် နွားနို့နွေးကိုသကြား၊ ဆား၊ yeast ထဲ့ပြီး ရောနယ်ပါ။ yeast ပျော်ဝင်သွားအောင်ခနထားထားပါ။ ပြီးမှ flour ခွက်ထဲကိုရောထဲ့ ထောပတ်ဆီရောကာ ၁၀မိနစ်ခန့်နယ်ပြီး နူးညံ့သော dough ကိုရပါမယ်။ oven ကိုကြိုပြီး ၁၈၀ ဒီဂရီဖြင့်ဖွင့်ထားပါ။ dough အလုံးကို ရေစိုအဝတ်ပါးပါးအုပ်ကာ ၁၅ မိနစ်ခန့် ထားပါ။
ဒီနေရာမှာ အိသက်က နံနံပင် ပါးပါးလှီးလေးများထဲ့ရောပါတယ်။ ရိုးရိုးစားချင်သူများ ဒီတိုင်းထားပါနော်။ ပြီးရင် dough ကို၆လုံးရအောင်အညီခွဲပါ။
ကြိုက်တဲ့ နံပြားပုံ ကို ဒလိမ့်တုံးဖြင့်လှိမ့်ပါ။ ပါးပါးကြိုက်ရင် ပါးပါးလှိမ့်ပြီးပြားပါ။ ဒါကတော့ ဟင်းအနှစ်နဲ့စားမဲ့နံပြားမို့ ထူပါတယ်။ အကယ်၍ နံပြားဝိုင်းဝိုင်းလေးလိုချင်ရင်တော့ ဒီနည်းအတိုင်း နံနံပင်မထဲ့ပဲ အဝိုင်းသဏ္ဍာန် ခပ်ပါးပါ်းမီးဖုတ်နိုင်ပါတယ်နော်။
oven tray ပေါ် ကို ပြောင်းပြန်လုပ်ပြီး တင်လိုက်ပါတယ်။ oven ကပူပြီးသားမို့မီးနဲ့အနီးဆုံးအပေါ်အဆင့်မှာထားပါမယ်။ ၃မိနစ်ခန့်ထားပါမယ်။ ပြီးရင် တဖတ်လှန်ပြီး ၁မိနစ် ထားပြီးရင်ရပါပြီ။
အားလုံးပဲအဆင်ပြေပြေ နဲ့ပြုလုပ်နိုင်ကြပါစေ ။
Thanks sis really luv it ❤
နံပြားလုပ်ကြည်.မယ်နော်။
Merry Christmas to you
hote 🙂