ရွှေထမင်း


 

 

ရွှေထမင်း
အိသက်က ကောက်ညှင်းခဏ ခဏမစားပေမဲ့ကညီမတယောက်က မေးထားတဲ့အတွက်ဒီရွှေထမင်းလုပ်နည်းလေးကိုတင်ပေးလိုက်ပါတယ်။ လုပ်ရတာအလွန်လွယ်ပြီး အရသာရှိတဲ့ ဗမာ့စားစရာလေးပါနော်။042
ပါဝင်ပစ္စည်းများ( ၇”-၄”-အနက်၃” ဗန်း)
-ကောက်ညှင်းဆန် ၁ခွက်(ထမင်းပေါင်းအိုးခွက်)
– ထန်းညက်ခဲ ၇လုံး
-ဆားဇွန်းဖျားအနဲငယ်(အချိုဇွန်း)
-ထောပတ်၂ဇွန်း(အချိုဇွန်း)
ကောက်ညှင်းကိုရေတညစိမ်ထားပါတယ်နော်။ နောက်တနေ့မနက်မှာ ကောက်ညင်းကိုပေါင်းချောင်လေးနဲ့ရေခံပြီးပေါင်းလိုက်ပါတယ်။ 016 015

ထန်းညက်လေးများကို ပျစ်လာ ညောင်စေးကျလာတဲ့အထိကျိုလိုက်ပါ။

017

ပြီးရင် ပေါင်းပြီးသား ကောက်ညှင်းပူပူလေးကို ထန်းညက်ရေနဲ့ ရောမွှေလိုက်ပါ။ ထောပတ်၊ ဆားထဲ့မွှေပြီး ဆီသုတ်ထားတဲ့ ဗန်းထဲ ထဲ့ကာ ဖြန့်ခင်းပေးပါ။

020 022

အအေးခံထားပြီး အေးသွားရင်ဓားကိုဆီသုတ်လှီးစိတ်ကာ အုန်းသီးကြိုက်ရင် ဖြူးစားနိုင်ပါပြီ။

025 033

Advertisements

9 comments on “ရွှေထမင်း

  1. မ ရေ .. အရမ်းကြိုက်လို့ ..လုပ်စားအုံးမယ်. လုပ်ရတာလွယတ်နော် မ .. ကျေးဇူးပါ။။

  2. အရမ်းလွယ်တယ်နော် လုပ်ရတာ…ကျေးဇူးပါ လုပ်စားကြည့်မယ်နော်..။

  3. ထောပတ်က ဘယ်လိုထောပတ်မျိုး သုံးတာပါလည်း GEE ဆိုရင်ကော သုံးလို့ရလားဟင် မမ

  4. မအိသက်ရေ ပေါင်းချောင်မရှိရင် ဘယ်လိုမျိုးပေါင်းလို့ရသေးလဲဆိုတာသိချင်လို့ပါရှင် 🙂

    • မစန်းစန်းကြည်ရေ လွယ်လွယ်လေးပါ ထမင်းရေခမ်းချက်သလိုချက်လိုက်ပါနော် 🙂

      • ဟုတ် မအိသက်ရေလုပ်စားကြည့်မယ် ကျေးဇူးပါနော် 🙂

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s