ဒါလေးက နောက်တမျိုးပါ။ အင်္ဂလန်မှာ ဒီဇင်ဘာလဟာ နှစ်တနှစ်ရဲ့ အအေးဆုံးလဖြစ်သလို နှင်းကျတတ်လို့ အလွန်လဲလှပါတယ်။ ဒီလိုနှင်းကျပြီဆိုရင်ဖြင့် ကလေးလူကြီး မရွေးလမ်းလမ်းတွေပေါ်က နှင်းတွေကို ပုံလေးများ လုပ်ပြီးကစားကြ နှင်းခဲတွေနဲ့ တယောက်ကို တယောက်ပေါက် တိုင်းဆော့ကြနဲ့ အလွန်ပျော်ဖို့ကောင်းပါတယ်။ နှင်းတွေကို စနိုးမန်းပုံလုပ်ပြီး မာဖလာပတ်ပေး မုန်လာဥ နှာခေါင်းတပ်ပေးနဲ့ ပြုလုပ်ကြပါတယ်။ အမှတ်တရအနေနဲ့ဒီလမှာစနိုးမန်းကိတ်ပေါ့ လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ ကိတ်ပေါ့အတွင်း ဖက်ကိတ်သား အသုံးပြုလုပ်နည်း ကိုတော့ -ကိတ်မုန့်လုပ်ပြီးသား( ဒီpost မှာ ready chocolate Brownie သုံးထားပါတယ်) အကယ်၍ လုပ်နည်းသိချင်ရင်တော့ မအိရဲ့Evy Food Lover blog မှာကြည့်ပါနော်.့ မုန့်ပုံသဏ္ဍာန်လုပ်နည်းလေးသာဖော်ပြပါမယ်နော်။
မုန့်အပေါ်ယံမွမ်းမံရန်
– white chocolate ၁၅၀ ဂရမ်
– food colour pen အနက်ရောင်
– ချောကလက်အတုံးလေးများ
– ချောကလက်ဒဂါင်္းပြား
-jelly ဂျယ်လီဖတ်လေး
white chocolate ကို microwave တွင် ၃မိနစ်အပူပေးပြီးပျော်ပါစေ၊
နယ်ပြီးသား chocalate brownie များကို အလုံးအကြီး၂လုံး ၊အသေး၂လုံး စီလုံးပေးထားပါ။ ပုံပါအတိုင်း အရည်ပျော်နေသော ချောကလက်တွင် တုတ်ချောင်းထိပ်ကိုအနဲငယ်နှစ်ပြီး ကိက်လုံးအကြီးထဲကို ထိုးနှစ်ထားကာ ချောကလက်ခြောက်သည်အထိ ထား ထားပါ။
၁၅မိနစ်အကြာ ကိက်အခြေခိုင်ပြီဆိုရင် ချောကလက်အဖြူရည်ထဲကိုနှစ်လိုက်ပြီး ဖော့တွင်ထိုးပြီးအခြောက်ခံပါ၊တချိန်တည်းမှာပဲ အသေးလုံးလေးများကို သွားကြားထိုးတန်လေးနဲ့ထိုးပြီး အဖြူရည်ထဲနှစ်ပြီး အခြောက်ခံပါ။ နှစ်ကြိမ်ခန့်ပြန် အရည်နှစ်ပေးပြီးအခြောက်ခံပါ။
ခြောက်ပြီဆိုရင် အသေးလုံးက သွားကြားထိုးတံလေးကို ဖြုတ်ပြီး ချောကလက်အရည် သုတ်ကာ အကြီးလုံးလေးပေါ်တင်ပါ။ ဂျယ်လီဖတ်လေးကို နှစ်ခြမ်းခွဲပြီး ကိက်အလုံးလေးများကြားမာဖလာလေးအနေနဲ့ ပတ်လိုက်ပါတယ်။ မာဖလာလေးနှစ်ခု ဆုံတဲ့ကြားမှာ ချောကလက်လေးသုတ်ပြီးကပ်လိုက်ပါ။အခု ဦးထုပ်လေးအနေနဲ့ ချောကလက် လေးများကို ခေါင်းပေါ်မှာ အခုလို ချောကလက်အရည်နဲ့ ကပ်ပြီးတင်လိုက်ပါတယ်။ စနိုးမန်းနှာခေါင်းလေးကို သကြားခဲ လိမ္မော်ရောင်လေးကို လှီးဖြတ်ပြီး တပ်လိုက်ပါတယ်။
အားလုံးပြီးရင် အစားအသောက်အရောင်ချယ်တဲ့ ဘောပင်လေးနဲ့ မျက်လုံး၊ နှာခေါင်းလေးများဆွဲပြီးရင် စနိုးမန်းကိက်ပေါ့လေးရပါပြီ။
ချစ်ဖို့ ကောင်းလိုက်တာကလေးလေးတွေ အရမ်းသဘောကျမယ် အိသက်ရေ
so lovely kids will love it Ei Thet yay
ohh ma yay , that is my kids fav 🙂
မစားရက်ဘူး ၊အရမ်းချစ်ဖို့ကောင်းလို့
🙂