ခရစ်စမတ်ပူတင်းဆိုတဲ့အတိုင်း ဒါလေးက ခရစ်စမတ်ညစာမှာ မပါမဖြစ်ပါရမဲ့ ရိုးရာအစားတခုပါ။ plum pudding လို့လဲခေါ်ပါတယ် ။ ခရစ်စမတ်ပူတင်းဟာ dried pulm ကိုအခြေခံတာမို့ပါကိုပါရပါမယ်။ ခပ်နွေးနွေးစားရပါတယ်။ ဘရန်ဒီလောင်းပြီး မီးပြပြီး စားရင်နွေးနွေးလေး နဲ့အနံ့ပိုသင်းပါတယ်။ ဒီလို ဒီဇင်ဘာ ခရစ်စမတ်လ အမှတ်တရအဖြစ် ပရိတ်သတ်ကို တင်ပြပေးပါရစေ။
– Dried mixed fruit (date,pear, plump, raisin)၃၀၀ ဂရမ်
-shredded suet ၁၀၀ ဂရမ်
-self-raising flour ၅၀ ဂရမ်
-white breadcrumbs ၁၁၀ ဂရမ်
-nutmeg ၁ဇွန်း(အချိုဇွန်း)
-cinnamon ၁ဇွန်း(အချိုဇွန်း)
-ပန်းသီးအသားခြစ်ပြီးသား
၎ဇွန်းခန့်(စားပွဲတင်)
-soft dark brown sugar ၂၂၅ ဂရမ်
-almonds (စိတ်ပိုင်းပြီးသား)၂၅ ဂရမ်
-လိမ္မော်သီးအခွံ ခြစ်ထားပြီးသား ၃ဇွန်းခန့် (စားပွဲတင်)
-ဘရန်ဒီ (သို့) အကြမ်းပန်းကန်လုံး ၁လုံးခွဲစာ
-ကြက်ဥ၂လုံး
ကြက်ဥ၂လုံးကို ခေါက်ထားပါ။ ကြက်ဥကလွဲပြီး ကျန်တာများကို ရောမွှေပါ။ ဒယ်တလုံးထဲကို အကုန်ထဲ့ပြီး အပူပေးပြီးမွှေပေးပါ။
သကြားများအရည်ပျော်ပြီးစီးလာပြီဆိုရင် ကြက်ဥခေါက်ထားတာများထဲ့မွှေပါ။ ၃မိနစ်ခန့်ဆက်မွှေ ပြီးရင် ရပါပြီ၊
ပန်းကန်လုံးတလုံးကိုထောပတ်သုတ်ပြီး အစာများသိပ်ထဲ့လိုက်ပါ။ Foil နဲ့ခပ်တင်းတင်းလေးပတ်လိုက်ပါ။
ပြီးရင် အိုးထဲရေထဲ့ကာ အဲဒီအိုးထဲကို ပူတင်းခွက်လေးထဲ့ပြီး တနာရီခန့်ပေါင်းပေးရင်ရပါပြီ။
ပန်းကန်ပြားထဲကို ပန်းကန်လုံးပေါ်မောက်ပြီး ထဲ့လိုက်ပါ။ စားခါနီးရင် ပူတင်းကို ဘရန်ဒီ အနဲငယ်လောင်းပြီ မီးခြစ်လိုက်ပါ။ မီးတောက်ပြီးတဲ့အခါအနံ့မွှေးပြီး ပူနွေးနွေး ခရစ်စမတ်ပူတင်းလေးရပါပြီ။
တစ်ခါမှမစားဖူးဘူး…အရမ်းကောင်းမယ့်ပုံပဲ……လုပ်နည်းလေးအတွက်ကျေးဇူးနော် မအိသက်… 🙂
hote 🙂
အဆန်းလေးနော် မစားဖူးသေးလို့ စားကြည့်ချင်လိုက်တာ..Thanks for sharing
that is very traditional english food for chrismas 🙂
အဆန်းလေးပါလားအိသက်ရေ စားပြီးမူးရီရီလေးနဲ့မိုက်တယ်တော့ မစု(chun lay)
ma ma yay , lote sarr pyii pa lar?