ဒီရက်ပိုင်းဘာမှကိုမတင်နိုင်ဘူးဖြစ်နေတယ်။ မအားလို့ပါ။Blog လေးကိုပစ်ထားတာလဲတော်တော်ကိုကြာပါပြီ။ ဒီနေ့တော့အိမ်မှာ ထမင်းမချက်ပဲ Crispy Aromatic Duck လုပ်စားဖြစ်ပါတယ်။ အိသက် blog မှာ ပီကင်းဘဲကင် နည်းလဲတင်ပြီးသွားပါပြီ။ အဲဒီပီကင်းဘဲကင်နည်းလေးကတော့ ဒီတိုင်းထမင်းနဲ့ စားတဲ့ ဘဲကင်နည်းလေး ပေါ့နော်။ ခုလုပ်တာကတော့ပိုလွယ်ပြီး rice paper ( chinese pan cake ) နဲ့စားတဲ့နည်းလေးပါ။ တခါတလေတော့ ထမင်းလွတ်စားလို့အလွန်ကောင်းပါတယ်။ ကြည့်ရအောင်နော် လုပ်နည်းလေးကို
ပါဝင်ပစ္စည်းများ
-ဘဲအသားဆူဆူတကောင်
-five spice powder ၁ဇွန်း(စားပွဲတင်)
-သကြား၂ဇွန်း(စားပွဲတင်)
-ကြက်သားမှုန့်၂ဇွန်း(စားပွဲတင်)
-ဆား၁ဇွန်း(စားပွဲတင်)
-ပျားရည် ၃ဇွန်း(စားပွဲတင်)
ရေ၂လီတာခန့်ဆူအောင်တည်ပါ။ ပျားရည် ထဲ့ပါ။ five spice powder ထဲ့ပါ။ ပွက်ပွက်ဆူလာရင် ရေဆူထဲကို ဘဲကိုထဲ့ပြီး ရေပူကို ယောက်ချိုဇွန်းဖြင့် လောင်းပေးပါ။
၇မိနစ်ခန့်ကြာရင် ဆယ်ပြီး ခြောက်အောင် အဝတ်စဖြင့် ဖြစ်စေ ဖြင့်ဖြစ်စေသုတ်ပေးပါ။ ဆားလိုက် ပွတ်ပေးပြီး ၄နာရီ ဒီတိုင်းအခြောက်ခံထားပါ။
ပြီးမှ oven ထဲတွင် သံစင်ပါသော tray ပေါ်တွင်၂၀၀ ဒီဂရီဖြင့် အပေါ်မီး အောက်မီးဖြင့် ကင်ပါ။ မိနစ်၃ကြာစီ တဖက်စီကင်ပေးပါ။ ဘဲသားများနီရဲပြီးကျွတ်လာရင် အဆင်သင့်ရပါပြီ။
သခွါးသီးများအချောင်းလေးများလှီးထားပါ။
ဘဲကင်အဆင်သင့်ဖြစ်ရင် rice paper (chinese pan cake )၇မိနစ်ခန့်ပေါင်းပေးပါ။
ဘဲသားကို ဇွန်းခရင်း၂ချောင်းဖြင့် အသားမွှပေးပါ။ ပြီးမှ ပေါ်တွင် ကိုသုတ်လိမ်းပေးပြီး သခွါးသီးအချောင်းလေးများတင် အသားများတင်ကာ လိပ်ပြီးစားလို့ရပါပြီ။
မ ရေ .. သရေ ယိုသွားတယ်နော် ..
ဟင်းအဆန်းလေးတွေပို့ ပေးလို့ ကျေးဇူးနော်။
အမရေ အပေါ်မီးကိုဘယ်လိုပေးရမလဲဟင် ၊ အပေါ်မီးအောက်မီးကိုတပြိုင်ထဲပေးလို့ရလားဟင် oven မီးကိုမသုံးတက်သေးလို့ပါနော် cooking wine နဲ့ဗွီနီကာကို ဘယ်လိုအမျိုးအစားဝယ်လျှင် ကောင်းမလဲမသိဘူးဖြစ်နေတယ် အမျိုးအစားတွေကများနေလို့ပါ အမ
ကျေးဇူးတင်လျှက်
ညီမလေး အပေါ်မီး အောက်မီးဆိုတာoven ခလုတ်လေးတွေမှာပြထားတယ်။ ovenတခုလုံးအညီအမျှပူစေတာကို ပြောတာ၊ အကျက်ညီတာပေါ့။ ဗီနီဂါက အဖြူရောင် ဘယ်တံဆိပ်ဖြစ်ဖြစ်ရပါတယ်။ ဟင်းချက်တဲ့ cooking wine မရှိရင် ရိုးရိုး wine ကိုသုံးနော် cooking wine ကတရုတ်ဆိုင်မှာဝယ်လို့ရတယ်လေ ဘယ်တံဆိပ်ဖြစ်ဖြစ်ရပါတယ်။ 🙂 no pressure get easy cooking naw
a ma what is the dark gravy on chinese pan cake? is it dark soy sauce? Where can I buy chinese pan cake ma.. could you please add the photo of pan cake package when you can? This is my favourite, i will definitely try this one, thank you so much par ma yay..
this is just hoi sin sauce , u can buy it from chinese shop 🙂 i am in bbc food show at birmingham for 5 days . will be bc in town soon i will post the pic of package 🙂
မမ chinese pan cake ဆိုတာက ကော်ပြန့်မုန့်ဖတ်ကိုပြောတာလား…တခြားဟာလား
rice paper nyi ma lay 🙂