ဗီယက်နန်ဖက်ထုပ်
ဒါလေးကို တင်မယ်တင်မယ်နဲ့တော်တော်ကြာနေပါပြီ။ ဒီနေ့တော့ အလုပ်ရှုပ်နဲနေတာမို့ တင်ဖြစ်သွားပါပြီ။ ဒီဖက်ထုပ်လေးရဲ့ထူးခြားချက်က ကြည်ပြီးအတွင်းအစာတွေကို မြင်ရတာရယ်၊ ကြက်သွန်မြိတ် ဆီသတ်အနံ့လေးမွှေးတာရယ်၊အိသက်အကြိုက် စပ်တဲ့အရသာလေးရယ်ကြောင့်ပါ။ လုပ်ရတာလဲမခက်ပါဘူးနော်။
ပါဝင်ပစ္စည်းများ( ၃၀ ခုစာ)
– Tapioca Flour ၃၀၀ ဂရမ်
-ဆား၁ဇွန်း( စားပွဲတင်)
ဌာပနာအတွက်
-ရေနွေးဆူဆူ ( အကြမ်းပန်းကန်လုံး၁လုံးစာ)
-ဝက်ခေါက်သား ၅၀ ဂရမ်(အတုံးလေးများလှီးထား)
-ပုဇွန်ကျား ၅ကောင်( အခွံချွတ်လှီးထား)
-ငရုတ်သီးမှုန့်၂ဇွန်း(အချိုဇွန်း)
-ကြက်သားမှုန့်ဇွန်းဝက်(အချိုဇွန်း)
-ကြက်သွန်ဖြူ၂မွှာထောင်းပြီးသား
-ဂျင်းထောင်းပြီးသားလက်တစစ်
ပထမဆုံး ဒယ်ပူထဲ ဆီနဲနဲထဲ့ပြီး ဂျင်း၊ကြက်သွန်ဖြူ ရောမွှေပါ။ ပြီးရင်ဝက်သားထဲ့ကြော်ပါ၊ ငရုတ်သီးမှုန့်ရောပါ။အသားနူးလာအောင် ရေအနဲငယ်နဲ့ အဖုံးအုပ်ထားပါ။ ဝက်ခေါက်နူးရင် ပုဇွန်ထဲ့ပါ။ ကြက်သားမှုန့်ထဲ့ပါ။ အသား ရပါပြီ။
ဖက်ထုပ်ဂျုံးလုပ်ရအောင်
Tapioca Flour ကို ရေနွေဆူဆူထဲ့ပြီး ဇွန်းဖြင့်မွှေပေးပါ။ ရေနွေးပူတာရောထားတော့ အပူသက်သားအောင်ဇွန်းနဲ့ကြာကြာမွှေပေးပါ။ သစ်သားယောင်းမဆိုရင် မွှေရတာပိုကောင်းပါတယ်။ ဆိုစကားတောင်ရှိပါတယ် ယောင်းမဆိုတာ မွှေတဲ့အမျိုးတဲ့ နော် စတာပါ ကျမယောင်းမလေးများ ဖတ်နေရင် ရီရအောင်လို့ပါ။ အပူနဲနဲရော့သွားရင် လက်နဲ့နယ်ပေးရပါမယ်။ ဒီ dough က ပျော့ပြီးနေရပါမယ်နော်။ ဆွဲလိုက်ရင်ပါလာတာမျိုးပါ။
၁၀ မိနစ်ခန့်နယ်ပြီးရင် ဂျုံးလုံးလေးများ ၁၀ ဂရမ်ခန့်အလုံးလေးများယူပြီး လက်မ နှစ်ဖက်ဖြင့်ပုံပါအတိုင်းလိုက်ပြားပေးပါ။ အချင်း၂လက်မ ပတ်လယ်ရှိတဲ့အပြားလေးရပါမယ် (အတိအကျဖြစ်ရန်မလို) အဲဒီ ပေါ်မှာ ချက်ပြီးသား အသား( သို့ ) ပုဇွန် တတုံးစီထုတ်ပြီး ကွတ်ကီးဖြတ်တဲ့အဝိုင်းလေးနဲ့ ဖြတ်ရင်ပုံဖော်ပြီးသားဖြစ်ပါမယ်နော်။
ရေနွေးဆူဆူ အိုးတည်ထားပါ။ ရေခဲရေ၂လီတာတခွက် ထားထားပါ။
ဖတ်ထုတ်များရေနွေးတွင်ပြုတ်ပြီး ရေပေါ်ပေါ်လာရင်ဆယ်ကာ ရေခဲရေထဲထဲ့ပေးပါ။ အဲဒီအခါမှ ဖတ်ထုတ်ကြည်လာပါမယ်။
ဖတ်ထုတ်လေးများရပြီဆိုရင် ဒယ်ပေါ်ဆီပူထဲ့ ကြက်သွန်မြိတ်များ၊ ငရုတ်နီများဆီသတ်ပြီးမီးပိတ်ကာ ဖတ်ထုတ်အကြည်လေးများရောမွှေလိုက်ရင်ရပါပြီ။
တွဲစားရန်အချဉ်
-ကြက်သွန်ဖြူ၃စိတ် (စိတ်စိတ်လှီးထား)
-ငရုတ်နီ ၁တောင့် (စိတ်စိတ်လှီးထား)
-ငံပြာရေ၂ဇွန်း(စားပွဲတင်)
-သံပုရာရည်၂ဇွန်း(စားပွဲတင်)
-သကြား၁ဇွန်း(စားပွဲတင်)
-ရေ ၂ဇွန်း(စားပွဲတင်)
အထက်ပါများရောလိုက်ရင်အချဉ်ရည်ရပါပြီ။ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။
ဒါမျိုးလေး လုပ်စားကြည့်အုံးမယ် မ ရေ ။။။
thank you cho chit 🙂
အဲလိုကြည်ကြည်လေးစားချင်နေတာ ဖက်ထုပ်ရွက်လုပ်နည်းလေးခုမှသိတော့တယ် ကျေးဇူးတင်ပါတယ် အိသက်ရေ
Look so good ! Thanks for sharing,sis !
welcome sis yay 🙂
ဒီဟာလေးကိုfood magazine မှာဖတ်ပြီးပြီ…လုပ်စားကြည့်မယ်..:)