ဂဏန်းသားထမင်းကြော်


ဂဏန်းသားထမင်းကြော်
ဂဏန်းသားထမင်းကြော်ကို အိသက်တို့တအိမ်လုံးခံတွင်းတွေ့ပါတယ်။ အထူးသဖြင့် သားကြီးနဲ့ကျမ အကြိုက်ဆုံးပါ။ သားကြီးက ကျမနဲ့အကြိုက်ချင်းတော်တော်တူပါတယ်။ အသားများစားပြီး ဟင်းသီးဟင်းရွက်အစားနဲတာရောပေါ့။ ဒါလေးက သူ့ရဲ့ Lunch Box လေးအတွက် ပူဆာနေကျ လေးပါ။ သူဒီနေ့ကျောင်းပိတ်တော့ဒါလေးကို သူနဲ့အတူချက်ဖြစ်ပါတယ်။ လွယ်လဲလွယ်တော့ သူ့လာကူချင်တာကို လက်ခံလိုက်ပါတယ်။ ကြက်ဥမွှေ ၊ ဂဏန်းအသားခြေပေး နဲ့ သူတော်တော်ပျော်နေပါတယ်။ စားရတာကအရမ်းကောင်းလွန်းပြီး လွယ်လွန်းလို့ ဒါလေးကိုဖြင့် လုပ်စားကြည့်စေချင်ပါတယ်နော်။

 

ပါဝင်ပစ္စည်းများ(၂ပွဲစာ)
-ဂဏန်းအသား ၂၀ ဂရမ်
-ထမင်း ၂ပွဲစာ
-ကြက်ဥ ၂လုံး
-ကြက်သွန်တလုံး
-ကြက်သွန်ဖြူ ၃ဥ, ဂျင်းလက်တစစ်
-ပဲငံပြာရည်အကြည် ၂ဇွန်း(စားပွဲတင်)
-သကြား ဇွန်းဝက်(အချိုဇွန်း)
-ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)
-ငရုတ်ကောင်း ဇွန်းဝက်(အချိုဇွန်း)

ပထမဆုံး ကြက်သွန်နီ ကိုအစိတ်လေးများလှီးထားပါ။ အဖြူကိုဓားပြားရိုက်ပြီးပါးပါးလှီးထားပါ။ဂျင်းလက်တစစ် အချောင်းလေးများလှီးထားပါ။

ထမင်းကို ပဲငံပြာရည်၊ သကြားနယ်ထားပါ။

ပထမဆုံးကြက်ဥကိုဒယ်ထဲမှာမွှေကြော်လိုက်ပါ။ တော်တော်ကျွတ်လာတဲ့အထိကြော်ပါတယ်။ ကြက်ဥကြော်များကိုဒယ်ဘေးဖက်များစီကပ်ပြီး ဂျင်း၊ ကြက်သွန်နီ၊ ဖြူများ မီးကိုပြင်းပြင်းထားပြီး ဆက်ကြော်ပါ။  ကြက်သွန်ကျက်ရင်ဂဏန်းသားများရောကြော်ပါ။အကယ်၍ ဒီလိုကြော်တာ အားမရရင်ကြက်ဥကြော်များသတ်သတ်ဖယ်ပြီးကြော်နိုင်ပါတယ်။  ကြက်သားမှုန့်ထဲ့ပါ။

ပဲငံပြာရည်ရောပြီးသားထမင်းများထဲ့ကြော်ပါ။ အားလုံးနှံ့အောင်၃မိနစ်ခန့် ရောကြော်ပြီးရင် ငရုတ်ကောင်းဖြူးပြီးရင်စားရန်အဆင်သင့်ဖြစ်ပါပြီ။

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s