ပုဇွန်ပန်းငရုတ်ချက်
ဒီပုဇွန်လေးက မလေးဆိုင်တဆိုင်မှာစားခဲ့ဖူးတာလေးကို ပြန်ချက်ထားတာပါ။ မွှေးလဲမွှေးစားလို့လဲအရမ်းကောင်းပါတယ်။ မနေ့ကတော့သားကြီးသူငယ်ချင်းမလေး မိသားစုနဲ့ အပြင်သွားလည်ဖြစ်ပါတယ်။ ဒါကြောင့် ဒီဟာလေးကိုချက်ဖြစ်သွားတာပါ။ ကိုယ်က မနေနိုင်မထိုင်နိုင်အစားအသောက်တာဝန် ယူမယ်ပြောမိထားလို့။ ဘာပဲဖြစ်ဖြစ်ကလေးတွေပျော်ကြ သူတို့မိဘတွေကလဲမနက်စာ ညစာ ကိုပျော်ရွှင်စွာအားပေးကြပါတယ်။ ပင်ပန်းရကြိုးနပ်သွားတာပေါ့။
ပါဝင်ပစ္စည်းများ
-ပုဇွန်စပ်ထုပ် ၂၅၀ ဂရမ်( ၁၅ကျပ်သားခန့်)
-ပန်းငရုတ်ပွ ၅၀ ဂရမ် ( ၅ကျပ်သားခန့်)
– water chestnut ၁၀၀ ဂရမ် (၁၀သား)
-ကြက်သွန်မြိတ်၂ပင်
– spicy black bean sauce ၂ဇွန်း
-ကြက်သွန်တလုံး( အစိတ်လေးများစိတ်ထား)
-ကြက်သွန်ဖြူ ၃ဥ(ဓားပြားရိုက်ထား)
-ဂျင်း လက်တစစ်(အချောင်းလေးများလှီးထား)
-ငရုတ်ကောင်း ၁ဇွန်း(အချိုဇွန်း)
-ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)
ပထမဆုံး ကြက်သွန့်များနဲ့ဂျင်းကို ဆီနဲနဲ နဲ့ကြော်ပါ။ မွှေးလာပြီး ကြက်သွန်နွမ်းလာရင် ပန်းငရုတ်များထဲ့ပြီးကြော်ပါ။ မီးများများနဲ့ကြော်ပါ။
၂မိနစ်ကြာကြော်ပြီးရင် ပုဇွန်ထဲ့ကြော်ပါ။ ပုဇွန်ပန်းရောင်ဖြစ်လာရင် black bean sauce , ကြက်သားမှုန့်ကိုထဲ့ရောပါ။
ပုဇွန်ကျက်ပြီဆိုရင် မီးပိတ်ပြီး water chestnut ၊ ကြက်သွန်မြိတ် တို့ရောပြီး ငရုတ်ကောင်းဖြူးလိုက်ပါ။
မွှေးလဲမွှေးစားလို့လဲကောင်းမဲ့ ပုဇွန်ပန်းငရုတ်ပွချက်လေး ရပါပြီ။water chestnut လေးများက ခပ်ကျွတ်ကျွတ်လေးစားလို့ကောင်းပါတယ်
ပုစွန်နဲ့ ပန်းငရုတ်ချက်ဖူးတယ် .. စားကောင်းတယ်နော်။ water chestnut တော့ထည့်မချက်ဖူးဘူးရယ်။ နောက်တစ်ခါထည့်ကြည့်ဦးမယ်း)
ပုဇွန်ဆိုတအားကြိုက်တာ။အိသက်ချက်တဲ့ ပုဇွန်ပင်စိမ်းအုပ်ခဏခဏချက်ဖြစ်တယ်။ food friends မှာတင်ထားသေးတယ်။ဒါလည်းချက်စားအုံးမယ်
ပုစွန်နဲ့ ပန်းငရုပ် တစ်ခါမှမစားဖူးဘူး။ ချက်ကြည့်လိုက်ဦးမယ်နော် မမ
yes pls do nyi ma lay, that is so good 🙂
sarr kyi nyi ma lay yay kg tae 🙂
water chestnut ကဘာလဲဟင် အစ်မ…
Hi sis, thanks for your post. May I know pls what is spicy black bean sauce? I cannot find in singapore. Your curry color is very nice. Is it because of this sauce? Pls help me how to look for this sauce or is there any other substitute for this. Thanks again!!! Have a nice days ahead.