အုန်းနို့သာကူဆန်ပြုတ်
ဒီဆန်ပြုတ်လေးက အိသက်ရဲ့ အကြိုက်ဆုံးအစားအစာပါ၊ ဘယ်အချိန် သောက်ရသောက်ရ အလွန်ကိုခုံခုံမင်မင် သောက်ပါတယ်။ ဆန်ပြုတ်ဆိုရင် ပျစ်ပျစ်လေးပဲသောက်တတ်ပါတယ်၊ခဏ ခဏလဲလုပ်စားဖြစ်ပါတယ်။ ဒီ ဆန်ပြုတ်လေးဟာ အိသက်မမလေး အမြဲပြုတ်ပေးတတ်တဲ့ ပုံစံလေးဖြစ်ပါတယ်။ သူဆန်ပြုတ်ကျိုတိုင်း သာကူလေးများထဲ့ပြီး ကျိုလို့အရမ်းသဘောကျမိပါတယ်။ ဒီဆန်ပြုတ်လေးကျိုပြီ ဆိုရင် သူ့ကိုပဲသတိရနေတတ်ပါတယ်။ ရန်ကုန်အိမ်ကိုပြန်ပြီဆိုရင် မမလေး ကြော်တဲ့ ပုဇွန်ချဉ်ကြော်၊ ဒီအုန်းနို့ဆန်ပြုတ်ကို သောက်ဖြစ်အောင်သောက်ပါတယ်။ အရင်က နှစ်တိုင်းပြန်ဖြစ်လို့ ၁နှစ်နေရင် ၁ကြိမ်အနဲဆုံးသူ့လက်ရာစားခွင့်ရပေမဲ့ခုမပြန်ဖြစ်တာ ၁နှစ်နဲ့ ၄လရှိပြီဆိုတော့ အပူကပ်ပြီးမစားရတာကြာပါပြီ။ ခုဒီလို အိမ်ကို သတိရနေခိုက်မှာ ဒီဆန်ပြုတ်လေးလုပ်စားဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ( ၆ယောက်စာ)
-ဆန်၁ခွက်ခွဲ
-သာကူစေ့ ၁ဇွန်း(စားပွဲတင်)
-အုန်းနို့ဗူး၁ဗူး
-ဆား၁ဇွန်း(အချိုဇွန်း)
-သကြား ဟင်းချက်ဇွန်း ၂ဇွန်း
-နွားနို့ လီတာဝက်
ဆန်ကိုရေစင်စင်ဆေးပြီး ရေကို လက်၃လုံးအထက်ထားကာ ထမင်းတည်သလိုတည်ပါ။ ၁၅မိနစ်အကြာပွက်ပြီဆိုရင် စပြီး မွှေနေလိုက်ပါတယ်။
ဒီအချိန်မှာ စပြီး သာကူလေးများစထဲ့ပြီးဖြေးဖြေးမွှေပေးပါ။ သကြားနဲ့ ဆားကို ထဲ့ပါ။ အုန်းနို့နဲ့ နွားနို့ကို ထဲ့ပါ။
သာကူမျက်စိပျောက်ပြီဆိုရင် ဆန်ပြုတ်လေး ပျစ်လာပြီဆိုရင် ပူပူနွေးနွေး အုန်းနို့ဆန်ပြုတ်လေးကို မိုးအေးအေးမှာသောက်နိုင်ပါပြီ.
ညျီမရေ..ဘုန်းဘုန်းအာရုံဆွမ်းအတွက်..ခုဘဲချက်လိုက်တယ်သိလား..
အိုးတည်ရင်းနဲ့..ညီမကိုသတိရနေမိတယ်..သာဓုခေါ်နော်..ကျေးကျေးပါကွယ်
အိသက်တို့တအိမ်လုံးရဲ့အသဲစွဲပါ အိသက်မမလေးရဲ့နည်းလေးပါ သူကပိုပြီးတော်တယ် ဘုန်းဘုန်းတွေဆွမ်းကပ်မယ်ဆိုလို့အတိုင်းမသိပီတိဖြစ်ရပါတယ် တကယ်ပါ 🙂
အုန်းနို့ဆန်ပြုတ်ကို အရမ်းကြိုက်တယ် အိသက်ရေ သာကူစေ့တော့ထည့်မသောက်ဖူးဘူး နောက်တခါကျမှထည့်ချက်မယ်
လုပ်စားကြည့်ပါမရေ တအိမ်လုံးရဲ့အသဲစွဲပါ 🙂
အုန်းနို့ရော နို့ရော မတည့်ပေမဲ့ အရမ်းကြိုက်၏ 🙂
မမလို ဟင်းချက်တတ်ချင်လိုက်တာ
cooking is not difficult nyi ma lay, just try 🙂