ဒီနည်းလေးကို လန်ဒန်မြို့ရဲ့ Fortnum & Mason လို့ခေါ်တဲ့ ဆိုင်မှာ ၁၇၃၈ မှာစပြီးရောင်းချခဲ့ပါတယ်တဲ့၊ ရိုးရာအစာအဖြစ် ခရစ်စမတ်ပွဲများ၊ ပွဲတော်ရက်များတွင်လုပ်စားလေ့ရှိပါတယ်။ သူရဲ့ သဘောကတော့ ကြက်ဥကိုပြုတ်ပြီး အသားကပ်ကြော်လိုက်တာပါပဲ။ ကြော်တဲ့နေရာမှာ အထဲကကြက်ဥအနှစ်လေး မကျက်တကျက်စားချင်ရင် အသား ရွေးခြယ်ရာမှာ ကြက်သား၊ ဝက်သား ထက်အမဲသားကပိုစိတ်ချရပါတယ်။ သူက အကြာကြီးကြော်ရန်မလို လို့ပါ။ အကယ်၍များအသားမကျက်ပဲစားရင်တောင် အမဲသားကကျန်းမာရေးအတွက် မထိခိုက်ပါဘူး။ ကြက်သား၊ ဝက်သား များကတော့အပူရှိန်မြင့်မြင့်နဲ့ ကျက်အောင်ကြာကြာထားပေးရလို့ အထဲကကြက်ဥနှစ်လေးအကျက်လွန်သွားနိုင်ပါတယ်။ အကယ်၍ အမဲသားမစားရင် ဝက်အူချောင်း၊ ကြက်အူချောင်း အဖြူလေးများကိုကြိတ်ပြီးအစားထိုးနိုင်ပါတယ်။ အဖြူဆိုတာ တရုတ်ဝက်အူချောင်းအချိုအနီလေးနဲ့မှား မှာစိုးလို့ပါနော်။
ပါဝင်ပစ္စည်းများ
-ကြက်ဥ ၅လုံး
-အမဲသားဓားနုတ်ပေါက် ၁၀၀ ဂရမ်
– self raising flour ၁ဇွန်း(စားပွဲတင်)
– bread crumbs ၄ဇွန်း(စားပွဲတင်)
-ငရုတ်ကောင်း ၁ဇွန်း(အချိုဇွန်း)
-ဂျင်း ၁ဇွန်း(အချိုဇွန်း)
-garlic powder ၁ဇွန်း(အချိုဇွန်း) (သို့ )ကြက်သွန်ဖြူထောင်းပြီးသား
-ဆား ၁ဇွန်း(အချိုဇွန်း)
အမဲသားဓားနုတ်ပေါက်ကို ငရုတ်ကောင်း၊ ဂျင်း ၊ garlic powder၊ ဆား တို့ဖြင့် တော်တော်စီးအောင်နယ်ထားပါ။
ကြက်ဥ ၁လုံးကိုဖောက်ပြီး ပန်းကန်တခုတွင်ခေါက်ထားပါ။
ကြက်ဥ၄လုံးကိုရေပွက်ချိန်ကစထဲ့ ၆မိနစ်ခန့်ပြုတ်ပြီး ရေအေးခဏစိမ်ကာ ခွါထားပါ။ အဲဒါဆိုအထဲက အထဲကအနှစ် မကျက်ပဲအပြင် အကာမာမာလေး ရပါမယ်နော်။
self raising flour ကိုပန်းကန်ထဲ ထဲ့ပြီး ပြုတ်ပြီးသားကြက်ဥလေးများကိုခပ်ဖွဖွလှိမ့်ပါ။ ကြက်ဥပေါ်ကအစိုဓာတ်ခြောက်သွားစေရန် နဲ့ အသားအုပ်တဲ့အခါ ကြက်ဥပေါ်ကပ်စေရန်ဖြစ်ပါတယ်။ နယ်ထားသော အမဲသားကို လက်ပေါ်တင်ပြားကာ ကြက်ဥလေးကို ပုံပါအတိုင်း တင်ပြီးအသားများကို ဖြေးဖြေးချင်းဆွဲအုပ်ပါ။
ပြီးရင် အသားအုပ်ပြီးသားအလုံးလေးများကို ကြက်ဥအရည်တွင်လှိမ့်ပြီး Bread crumbs နဲ့ကပ်ပါ။
ပြီးရင် ဆီပူပူတွင် မြုတ်အောင်၁၀မိနစ်ခန့်ကြော်ပြီး ဆယ်လိုက်ပါ။
ကြိုက်နှစ်သက်ရာSauce ၊ လတ်ဆတ်သောအရွက်စုံ Salads တို့ဖြင့်အရသာရှိရှိစားသုံးနိုင်ပါပြီ။
အမရေ… နည်းလေးယူသွားတယ်နော်.. ချက်စားအုံးမယ်…
ok nyi ma lay 🙂
အဆန်းလေးနော်ညီမလေး..
တစ်ခါမှ မမြင်ဘူးပါဘူး..
စားလို့ကောင်းမယ့်ပုံလေး..
တစ်ခါလောက် စမ်းပြီးလုပ်စားမယ်နော်..
ကျေးဇူးညီမလေး
ma this one is very traditional english food 🙂
yummy…….