မကျည်းသီးနုနုတွေ တွေ့တော့ ခပ်စပ်စပ်လေး ထောင်းစားချင်လာပါတယ်။ စားလို့ကုန်တာကြာနေပေမဲ့ မအားလို့ဒီရက်ပိုင်း blog လေးကိုပစ်ထားတာကြာပြီမို့ ဒီနေ့ ဒါလေးကို သတိတရတင်ဖြစ်ပါတယ်။ ထမင်းမြိန်စေမဲ့ ဒီမကျည်းသီးထောင်လေးက အညာထောင်လေးပါနော်။ ကြည့်ရအောင်
ပါဝင်ပစ္စည်းများ
-မကျည်းသီးနုများ ၄-၅တောင့်ခန့်
-ငရုတ်သီးစိမ်း ၃တောင့်
-ဆားဇွန်း၃ပုံ၁ပုံ(အချိုဇွန်း)
-ငပိ၁ဇွန်း (အချိုဇွန်း)
-ကြက်သွန်ဖြူ ၃မွှာ
မကျည်းသီးလေးများကိုရေစင်စင် ဆေးပြီးထောင်းပါ။ ထောင်းနေရင် မညက်တညက်အချိန်မှာ ငရုတ်သီးစိမ်းလေးများ အညှာခြွေထဲ့၊ ကြက်သွန်ဖြူ လေးများထဲ့ထောင်းပါ။ ဆားကို ထောင်းနေရင် နဲနဲထဲ့သွားပါ။
တော်တော်လေး ညက်ပြီဆိုရင် ငပိမီးသင်းထားတာလေးထဲ့ရောထောင်းပါ။ အားလုံး ညက်ပြီဆိုရင်ထမင်းမြိန်စေမဲ့ မကျည်းသီးထောင်းလေးရပါပြီ။
Omg sar chin lite tar …Ma Ei yay မကျည်းသီးနု ka bae mar wae lo ya lae 😛
near from my house, from sri lan kha shop 🙂
သွားရည်တွေ အသားကုန်ကျသွားပါတယ်အမ… အမေ့လက်ရာအတိုင်းပဲ.. နည်းနည်းစားသွားတယ်နော်အမ…
harrr, too hungry, want to eat these food, remember to mm, tks a lot per
ညီမလေးရေ..
ဒီတစ်ခါဈေးသွားရင် မန်ကျည်းသီးတွေ့လို့ကတော့လား…………
ညီမလေးပြောသလို ချက်ချင်းကိုထောင်းစားပစ်လိုက်မယ်..
ကျေးဇူးညီမလေး
ဖတ်ရင်း သွားရည်တွေ ကျကုန်ပီ 😛
အရမ်းကြိုက်လို့  လာအားပေးသွားတယ်…မရေ
thank you par kham yay 🙂