ဂုံးကြက်ဥနှစ်ကြော်


ဒီဟာလေးက အိသက်အကြိုက်လေးပါ။ Sea Food ကိုအလွန်ကြိုက်ပါတယ်။Minor Sea Food Allergy  ရှိပေမဲ့ကြိုက်လွန်းလို့ခဏခဏစားဖြစ်ပါတယ်။ ဂုံးကိုသိပ်ကြီးလွန်းရင်တော့စားရမှာမရဲလို့အသေးလောက်ပဲချက်စားဖြစ်ပါတယ်။ ဒီဂုံးကြော်နည်းလေးက အစပ်အရသာလေးနဲ့တွဲထားပြီး ကြက်သွန်မြိတ်လေးပါလို့မွှေးလဲမွှေးပါတယ်။ လွယ်ကူပြီး အရသာရှိတဲ့ ဒီဂုံးကြော်လေးကို တင်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ(၁၀ခုစာ)
-ဂုံးအသား၂၀၀ ဂရမ်
-ဂျင်း ၁ဇွန်း(စားပွဲတင်)
-ကြက်ဥ၂လုံး
-ကြက်သွန်မြိတ် ၁ချောင်း(ပါးပါးလှီး)
-ငရုတ်နီ ၁တောင့်(ပါးပါးလှီး)
-ကြက်သားမှုန့်၁ဇွန်း(အချိုဇွန်း)
-ဆား ဇွန်းဝက်(အချိုဇွန်း)
-Self raising flour (or) corn flour ၃ဇွန်း(စားပွဲတင်)
ပထမဆုံး ဂုံးကိုရေစင်စင်ဆေးပြီး ဂျင်း၊ဆား၊တို့နယ်ထားပါ။

ကြက်သွန်မြိတ်၊ ငရုတ်နီ ကို ကြက်ဥနဲ့ရောခလောက်ထားပါ။ အရောထဲကို ကြက်သားမှုန့်ထဲ့ပါ။

 

Self raising flour ကို ပန်ကန်တခုထဲထဲ့ပါ။ နယ်ထားသော ဂုံးများကို အမှုန့်များဖြင့်ကပ်ပါ။

ကပ်ပြီးသား ဂုံး ၃-၄ ခုစီကို ကြက်ဥအရောများထဲ နှစ်ပါ။

ဆီအနဲငယ်ဖြင့် အပူပေးထားသောဒယ်ပေါ်တွင် အပြားလိုက်လေးများချပြီး တဖတ်ကို၁၀မိနစ် စီ မီးအနေတော်ဖြင့်ကြော်ပါ။

 

ကြော်ပြီးသောအခါ အရသာရှိသောဂုံးကြက်ဥနှစ်ကြော်ပူပူလေးများကို sweet chilli sauce  ဖြင့်၎င်း ကြိုက်နှစ်သက်ရာ sauce များဖြင့်သော၎င်းတွဲဖက်စားနိုင်ပါပြီ.

Advertisements

9 comments on “ဂုံးကြက်ဥနှစ်ကြော်

  1. ဂုံးမစားဖူးဘူး စားကြည့်ချင်တယ် အိသက်ချက်ထားတာ စားချင်စရာလေး

  2. ဂုံး ကိုစားရဲဘူးညီမလေးရေ..
    အူတွေယားလို့..
    တစ်ခါလောက်တော့ စမ်းစားကြည့်အုံးမယ်..
    ညီမလေး လုပ်ထားတာလေးကစားချင်စရာ..
    🙂

  3. Self raising flour (or) corn flour ကလေ မြန်မာလိုဆိုရင် ဘယ်လိုမေးပီး ၀ယ်ရမယ်လဲ ဟင်…..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s