အော်ပွန်ထမင်းပေါင်း
ဒီထမင်းပေါင်းလေးကို စားချင်နေတာကြာပါပြီ။ ငယ်ငယ်တုန်းက အကိုတဝမ်းကွဲတွေ တရုတ်တန်းသွားရင် ကိုယ်တွေက ကလေးလေးပဲ ရှိသေးတော့ သူတို့ကသိပ်မခေါ်ချင်ကြဘူး။ အဖွားဒေါ်စောရီဆီက ကားကို သူတို့ယူမောင်းချင်မှ ကလေးတွေပါ ပါမှာဆိုပြောပြီး ကိုယ်တွေက ကန့်လန့် ကန့်လန့် ပါသွားရောပေါ့။ တရုတ်တန်းကရှိသမျှမုန့် ဗိုက်ဝအောင်စားရတယ်။ သူတို့ ဆေးလိပ်သောက်တာ တို့ ကောင်မလေးတွေ အိမ်အောက် သွားတာတို့အဖွားကိုပြန်ပြောရင် နောက်တခါခေါ်ခံရတဲ့အထဲ ကိုယ်မပါမှာ သေချာသမို့ လုံးဝပြန်မပြောခဲ့ပါဘူး။ အဲဒီလိုအခါမျိုးဆို သူတို့ ဒီထမင်းပေါင်းလေးကို ဝယ်ကျွေးပါတယ်။ ဒီဆိုင်လေးကတရုတ်တန်းမှာညဘက်မှဖွင့်တဲ့ဆိုင်တဆိုင်ပေါ့။ အော်ပွန်ထမင်း ဆိုတာထမင်းအညို ကိုခေါ်တာလို့ပြောပါတယ်။ သူတို့ကတော့ ကန်ဇွန်းဥ, ပိန်းဥ, ပုဇွန်ခြောက်လေးတွေနဲ့ကြော်ပါတယ်။ ဒီကကန်စွန်းဥ အသားက ရန်ကုန်ကလိုရွှေရောင်မရပဲ အဖြူပဲရပါတယ်။အိသက်ကတော့ သားနဲ့ ကိုထက်အကြိုက် ကန်ဇွန်းဥ ၊ ပုဇွန်နဲ့ကြော်ပါတယ်။ တော်တော်မွှေးပြီး စားလို့အလွန်ကောင်းပါတယ်။
ပါဝင်ပစ္စည်းများ(၂ယောက်စာ)
-ထမင်း၁ခွက်ခွဲ
-ဆားဇွန်းဝက်(အချိုဇွန်း)
-ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)
-ပဲငံပြာရည်နောက်၂ဇွန်း(စားပွဲတင်)
-သကြား၁ဇွန်း(အချိုဇွန်း)
-ဂျင်း လက်တစစ်
-ဝက်သားဓားနုတ်ပေါက် ၂၀ ဂရမ်
-ကန်ဇွန်းနီဥ ၁ဥ အတုံးလေးများလှီးထားပါ
-ပုဇွန်စပ်ထုပ် ၅ကောင် လှီးထားပါ
ဂျင်းကိုပါးပါးလှီးပြီး ဝက်သား၊ ပုဇွန် တို့ကိုဆီပါးပါးဖြင့်လှိမ့်ကြော်ပါ။ ပြီးရင် ဖယ်ထားပေးပါ။
အဲဒီဒယ်မှာပဲ ပဲငံပြာရည်၊သကြားတို့ ဆက်အပူပေးပါ။ ၁မိနစ်အကြာ ဆန်ရေဆေးပြီးသားကို ထဲ့လှိမ့်ပါ။ ပြီးရင်ရေကို ဆန်မြုတ်အောင်ထဲ့ပြီးခဏအဖုံးအုပ်ထားပါ။
ဆန်နပ်ကာနီးရင် ကန်ဇွန်းဥလေးများနဲ့ ဖယ်ထားသော အစာများကိုထဲ့ ရောပါ။ ဆား၊ ကြက်သားမှုန့်တို့ရောပြီး ရေ အကြမ်းပန်ကန်လုံး ၁ဝက်ခန့်ထဲ့ပြီး ၁မိနစ်ခန့်ထပ်အဖုံးအုပ်လိုက်ရင် အော်ပွန်ထမင်းပေါင်းမွှေးမွှေးကိုအဆင်သင့်စားလို့ရပါပြီ။
အစ်မရေ။ အော်ပွန်က ကန်စွန်းဥနဲ့ လုပ်ရတာမဟုတ်ပါဘူး။ ပိန်းဥနဲ့ လုပ်ရတာပါ။ ၀င်ပြီး သွားရည်ယိုသွားပါတယ်။ 🙂
thank you nyi ma layy yay . i can get pain u here . i will try soon naw .:)
ရက်စက်ပါပေ့ အစ်မရာ။ အစ်မလုပ်မှ လုံးရာက ပြားရတော့တာပဲ။ lol 😀
sorry par hae mg lay yae 😛
တစ်ခါမှ မစားဘူးဖူးညီမလေးရေ..
ချိုစိမ့်လေးနေမှာပဲ..
ဒီတစ်ခါဈေးသွားရင် ကန်စွန်းဥဝယ်လာပြီးချက်စားမယ်..
ခုတော့ညီမလေးချက်ထားတာတွေ စားပစ်လိုက်ပြီ..
ကျေးဇူးညီမလေး
🙂
hote 🙂
တခါမှမစားဘူးလို့ လုပ်စားကြည့် မယ်။ကှေးဇူးပါနော်