ရနံ့သင်းပုဇွန်ကင်၊ အစာသွပ်ငါးကင်နဲ့ ကျောက်စိမ်းချဉ်
လန်ဒန်မြို့၂၀၁၂အတွက် နောက်ဆုံးသောနွေရာသီရဲ့နေ့လေးမှာ Summer ကိုနုတ်ဆက်တဲ့အနေနဲ့ မိသားစုအကင်လုပ်စားဖြစ်ခဲ့ပါတယ်၊ သူငယ်ချင်းတွေဖိတ်ပြီး အကင်လုပ်စားတိုင်း အမေးခံရပါတယ်။ အချဉ်လုပ်နည်းလေးပြောပြပါတဲ့ ။ အဓိကအရေးကြီးပြီး စားကောင်းတာလဲ အဲဒါကြောင့်ပါနော်။ ကျောက်စိမ်းရောင်နဲ့တူလို့ အိသက်က အဲလိုလေးနံမည်ပေးထားတာပါ။ များသောအားဖြင့် အိသက်က တလားပီးယားငါးကင် မှာ အစာသွပ်ရန်သုံးလေ့ရှိပါတယ်။ ကြည့်ရအောင်
အချဉ်အတွက်ပါဝင်ပစ္စည်းများ
-နံနံပင် ၅၀ ဂရမ် (ခြွေပြီး)
-ဂျင်းလက်တဆစ်
-ငရုတ်သီးစိမ်း ၁၀တောင့်
-ကြက်သွန်ဖြူ ၅ဥ
-ကြက်သားမှုန့်၁ဇွန်း(အချိုဇွန်း)
-ဆား ဇွန်းဝက်(အချိုဇွန်း)
-ငံပြာရည် ၂ဇွန်း(စားပွဲတင်)
-သံပုရာ၁ဇွန်း(စားပွဲတင်)
အထက်ပါများကို blender ထဲရောမွှေထားပါ။ ခပ်ပျစ်ပျစ်အနေ ကို သန့်စင်ပြီးဆားနယ်ပြီးသားငါးဝမ်းဗိုက်ထဲ သွပ်ထဲ့ပေးပါ။(၁ကောင်စာရေးပါသည်) ကျန်အနှစ်များကို အချဉ်ရည်အဖြစ်သုံးရန် ရေနွေးနဲနဲရောထားလိုက်ပါ။
ပုဇွန်ထုပ် (လိုသလောက်)ကိုသန့်စင်ထားပါ။
ပုဇွန်ရော ငါးရောအဆင်သင့်ဖြစ်ပြီဆိုရင် စကင်ပါမယ်။
ကင်တဲ့အခါ အကင်ပေါ်သုတ်ပေးရန် စုတ်တံ၊ ထောပတ်၊ သံလွင်ဆီအနဲငယ်ထဲ ငရုတ်ကောင်းထဲ့ထားတာများလိုပါမယ်။
ကင်တဲ့အခါ ပုဇွန်ဆို ထောပတ်လေးသုတ်ပေးပြီး ဟိုဖတ်ဒီဖတ်အကျက်ညီညီကင်ပေးပါ။ ကျက်လာရင် ရနံ့မွှေးပုဇွန်ကင်ရပါပြီ။
ငါးကင်ကို ငရုတ်ကောင်းထဲ့ထားသော သံလွင်ဆီသုတ်ပေးပြီး ကင်ပါ။
ပုဇွန်အကွေး ငါးအနွေးမို့အကြာကြီးကင်စရာ မလိုပါ။ အကင်၂မျိုးလုံးဟာ ကျောက်စိမ်းချဉ်နဲ့အလွန် လိုက်ဖက်ပါတယ်။
post တင်ရန် ရည်ရွယ်ချက်မရှိပဲမေးတဲ့သူရှိလို့အမြန်တင်ရတာဖြစ်လို့ပုံလေးများမပြည့်စုံတာ ခွင့်လွှတ်ပါရန် နောက်ပိုင်းမှာပုံပြန် ဖြည့်ပေးပါမယ်
အားလုံးပဲပြုံးပျော်နိုင်ပါစေ။
ပုဇွန်ကင်စားချင်တယ်
စု ဟင်းလေးတွေနဲ့လဲစားမယ်နော် 🙂
အစာသွပ်ငါးကင်လေးကိုပိုကြိုက်တယ်ညီမလေးရေ..
ငါးဗိုက်ထဲကိုထည့်တဲ့အချဉ်ရည်အနှစ် လုပ်နည်းလေးကိုသိချင်နေတာ..အတော်ပဲညီမလေးရေ
ကျေးဇူးနော်…မနက်ဖန်လုပ်စားမယ်..
🙂
ဟုတ်လား လုပ်စားပြီးပြန်ပြောအုန်းနော် 🙂
ညီမလေးရေ..ငါးကင်ကိုပိုကြိုက်ပေမယ့် ငါးကမဝယ်ရသေးဘူး..
ပုစွန်တွေရှိနေတာနဲ့ ပုစွန်ကိုပဲအရင်လုပ်စားဖြစ်တယ်..
ကျောက်စိမ်းချဉ်လေးကကွယ် ကောင်းလိုက်တာ..ညီမလေးကိုကျေးဇူးတင်ပါတယ်..
အစ်မလုပ်တတ်သွားပြီ..ကျေးဇူးအထူး 😀
အစ်မအမျိုးသားကချီးမွမ်းနေတယ်..ဖွားစောမြေးလေးကတော်လိုက်တာတဲ့..
အနားနီးရင် အိမ်လည်ခဏခဏသွားပြီးစားမယ်တဲ့ ညီမလေးရေ..
မမရေ အဲဒီ အချဉ်က အိသက် အကြိုက်ဆုံးပဲ အိမ်လာလည်တဲ့ သူငယ်ချင်းတွေ မေးလွန်းလို့ တင်ပေးလိုက်တာ မမရော မမအမျိုးသားရော ကျေးဇူးနော် 🙂
ဒီတစ်ခါလုပ်စားရင် အမနည်းနဲ့ လုပ်ကြည့်မယ်။