ယုန်ပုံလေးနဲ့နိုင်လွန်ပုဇွန်လုပ်နည်း
ဒီနိုင်လွန်ပုဇွန်ကို မနေ့က သားကြီးနေမကောင်းတဲ့အတွက် သူကြိုက်တဲ့ အိမ်နားကတရုတ်ဆိုင်မှာရောင်းသလိုယုန်ပုံလေး လုပ်ပေးလိုက်တာပါ။ Har Gau Dim Sum လို့ခေါ်ပါတယ်။ အိသက်ရန်ကုန် ပြန်တုန်းက စိန်ဂေဟာမှာ ဂျုံနဲ့လုပ်တဲ့အရုပ်တွေရောင်းသော အဖိုးကြီးကိုအိမ်မှာခေါ်ပြီး သင်ဖူးပါတယ်။ ၂လလောက်ပေါ့။ အရမ်းမကျွမ်းကျင်ပေမဲ့ တတ်သလောက်ပြန်လုပ်ပြီး လုပ်ပုံအဆင့်ဆင့်ကို ပုံနှင့် တကွ ပြပေးထားပါတယ်။
အပြင်အခွံပါဝင်သောပစ္စည်းများ( ၈ခုစာ)
Wheat Starch – ၃ဇွန်း( ဟင်းချက်ဇွန်း)
Topioca Flour – ၁ဇွန်း(ဟင်းချက်ဇွန်း)
ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
ရေနွေး – အကြမ်းပန်းကန်၁လုံးစာ
ဆား- ဇွန်းဝက်(အချိုဇွန်း)
ဌာပနာအစာ ပါဝင်သောပစ္စည်းများ
ပုဇွန်အသေး – ၁၀ကောင်ခန့်(ဓားနုတ်ပေါက်ထား)
ဆား- ဇွန်းဝက်(အချိုဇွန်း)
ကြက်သားမှုန့် – ၁ဇွန်း(အချိုဇွန်း)
သကြား – ဇွန်းဝက်(အချိုဇွန်း)
ဟင်းချက်ဝိုင်(သို့)ရှယ်ရီဝိုင်- ၁ဇွန်း(စားပွဲတင်)
နှမ်းဆီ – ဇွန်းဝက်(အချိုဇွန်း)
ကော်မှုန့် – ၁ဇွန်း(အချိုဇွန်း)
ကြက်သွန်မြိတ်- လက်တစစ်ခန့်(ဓားနုတ်ပေါက်ထား)
ခွက်၁ခုထဲတွင်အထက်ပါဌာပနာအစာ ပါဝင်သောပစ္စည်းများရောမွှေထားပါ။
ပထမဆုံးဇလုံတစ်ခုထဲတွင်ဆားနဲ့ ဂျုံးများသမအောင် ရောမွှေလိုက်ပါ။ ပြီးမှ ရေနွေး နှင့် ဆီထည့်ကာ တူ(သို့) သစ်သားဇွန်းဖြင့် နှံ့အောင်မွှေပေးပါ။ ဂျုံးသားများချောမွတ်လာရင် ၁၅မိနစ်ခန့်ဖုံးထားပါ။
ပြီးမှ ဂျုံးကို လုံးပတ် အချင်း၈ စင်တီ အနေခန့် အလျား ၆လက်မ အရှည် ပုံပါအတိုင်း လှိမ့်ပါ။ အလယ်ကတဝက် ဝက်ပါ။ တပိုင်းစီက တဝက်စီ ဝက်သော နည်းဖြင့် လေးပိုင်း စုစုပေါင်း၈ခု အပိုင်းလေးများပိုင်းပါ။
ပြီးရင်လက်ကို ဆီဆွတ်ကာ အပြားလေးများ အဝိုင်းသဏ္ဍန်ပြားပါ။ ဒလှိမ့်တုန်းဖြင့် အ၀ိုင်းသဏန် လိမ့်ပေးရင်လဲရပါတယ်။ ပြီးမှ အစာကိုအလယ်မှာထားပါ။
ပုံပါအတိုင်း အပေါ်ကို စုပြီး ဂျုံးသားကို ယုန်နားရွက်ပြုလုပ်ရန်အနောက်ကိုထုတ်ပါ။ ပြီးမှ အလယ်က ကက်ကြေးဖြင့် ညှပ်လိုက်ပါ။
ကိုယ်ထည်ကို အနယ်ငယ် ပုံ့ပုံ့လေး ဖြစ်စေရန်ဖော်ပေးပါ။မျက်လုံးအတွက် မုန်လာဥ သေးသေးလေးများ ကပ်လိုက်ပါ။ ပေါင်းရန်အဆင်သင့်ပါပြီ။
ပေါင်းအိုးဖြင့် ၁၅ မိနစ်ခန့်ပေါင်းလိုက်ပြီး ပူပူနွေးနွေး စား နိုင်ပါပြီ။
ချစ်စရာလေးတွေ ကြိုးစားလုပ်ကြည့်ဦးမယ်
စုရေ လုပ်စားကြည့်နော် ရှယ်ကောင်း ကိုယ် ကို ကိုယ်မို့ပြောတာ ဟုတ်ဘူးနော် 😛
How cute is that ! Let me tell you I’m not well too ! 😛
then i need to send you with special service 😛
wheat starch ne wheat flour tu tu be lar hin?
wheat starch is thicker 🙂
taw lite tar ei thet..
kyayy zuu ma 🙂
awesome sis 🙂
you are so smart and good housewife Ma ei.I will try it next time.Thanks for sharing ma ei.
thanks for interesting sis 🙂
AWESOME CREATION NYIMA ❤ I'M GONNA TRY IT ON MY DAYS OFF. LOOKS REALLY APPETIZING AND NICE 🙂 WELL DONE, YOU ARE REALLY A GOOD CHEF, WISH WE COULD BE NEIGHBOURS 🙂
thanks for your comment ma 🙂
Thanks I’ll try it.
THANKS 🙂
အမရေ ..ချစ်စရာလေးနဲ့ စားကောင်းမဲ့ပုံပဲနော်…ကြိုးစားလိုက်အုံးမယ်.. နည်းလေးယူသွားပါတယ်နော်..
hote 🙂
ချစ်စရာကောင်းလိုက်တာ…မအိသက်ရေ…တော်မှတော်
kham yay! they r cute just like their maker 😛
Wanna eat! look so good
မအိသက်ရေ နည်းလေးယူသွားတယ်။စိတ်ချမ်းမြေ့ ပါစေနော်။မနက်ကျလုပ်ကြည့် အုံးမယ်။
ok nyi ma lay 🙂
ချစ်စရာကောင်းလိုက်တဲ့ ယုန်လေးတွေ..မစားရက်စရာ
ဒါပေမယ့် လုပ်စားကြည့်မယ်ညီမလေး
ကျေးဇူး
🙂
hote ma 🙂
လုပ်နည်း၇ကျေးဇူးတင်တယ်ညီမေ၇….လုပ်စားကြည့်မယ်နော်…..
hote ma thank you naw 🙂
မအိသက်ရိုး၂ဂျုံနဲ့လုပ်ရင်ကောရလား။ အဲဒီလိုအကြည်ရောင်လေးဖြစ်မှာမဟုတ်ဘူးပေါ့နော်။
topioca make this clear colour nyi ma lay 🙂
မမအိသက်ရေ မုန့်တော့ဖြစ်တယ် ဒါပေမယ့် စားတော့ မာနေတယ် အဲဒါ အဆင်ပြေအောင်ဘယ်လိုလုပ်ရမလဲ ပြောပြပါရှင့်.
ညီမရေ ရေများနဲလို့လား 🙂