ဒီ ဟင်းလေးက Slow Cooker နဲ့ချက်လို့အကောင်းဆုံး ဟင်းလေးပါ။ သူက မော်ရကိုနိုင်ငံရဲ့ ဟင်းလျာတမျိုးပါ။ မြေအိုးလေးထဲမှာဖြေးဖြေးချင်းနှပ်ပြီးပေါင်းထားရတဲ့ဟင်းလေးပါ။ အကယ်၍မြေအိုးအဆင်မပြေရင် slow cooker, pressure cooker နဲ့ပေါင်းလို့ရပါတယ်နော်၊ Pilau Rice လို့ခေါ်တဲ့ ရနံ့မွှေး ထမင်းအဝါတမျိုးနဲ့တွဲစားကြပါတယ်။ အသားလေးများနူးအိပြီး မွှေးလဲအလွန်မွှေးပါတယ်။ ဒီနေ့တော့ အိသက်တို့အိမ်မှာ ဒီဟင်းလေးကိုချက်စားဖြစ်ပါတယ်။ အိမ်ရှင်မများအကြိုက်တွေ့မဲ့ဟင်းလေးတမျိုးမို့တင်ပြလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ ( ၂ယောက်စာ)
-အမဲသား ၅၀၀ ဂရမ်( ၄၀ကျပ်သားခန့်)
-ကြက်သွန်နီ ၁လုံး၊ ကြက်သွန့်ဖြူ ၃ မွှာ
-ထောင်းပြီးသားဂျင်း၂ဇွန်း( စားပွဲတင်)
-အာလူးကြီးကြီး၁လုံး(အတုံးလေးများတုံးထား)
-ခရမ်းချဉ်သီး ၁လုံး(စိတ်စိတ်လှီးထား)
-သစ်ဂျပိုးမှုန့်၁ဇွန်း(အချိုဇွန်း) {မလွယ်ရင်သစ်ဂျပိုးခေါက်၁ခေါက်ထဲ့ပါ}
-ဂုံဂမန်မှုန့်၁ဇွန်း(အချိုဇွန်း)
-ဆနွမ်းမှုန့်၁ဇွန်း(အချိုဇွန်း)
-အရောင်တင်၂ဇွန်း(အချိုဇွန်း)
-ဆားနဲနဲ၊ ကြက်သားမှုန့်၂ဇွန်း(စားပွဲတင်)
-နံနံပင် လက်တဆုပ်စာ
-သံလွင်ဆီ ၂ဇွန်း(စားပွဲတင်)
-သံလွင်သီးလေးများ ၆လုံးခန့်
အမဲသားများကို သန့်စင်ကာ ဂျင်း၊ ဆား၊ ကြက်သားမှုန့်၁ဇွန်းဖြင့်နာနာဆုပ်နယ်ထားပါ။
ပထမဆုံး ချက်မဲ့မြေအိုးထဲကို သံလွင်ဆီထဲ့အပူပေးပါ။
ဆီပူရင် ကြက်သွန်နီ၊ ဖြူများထဲ့ပါ။ ကြက်သွန်နွမ်းမှ ခရမ်းချဉ်သီးထဲ့ပါ။
ပြီးမှအမဲသားကို ထဲ့ကာ သစ်ဂျပိုးမှုန့်၁ဇွန်း၊ ဂုံဂမန်မှုန့်၁ဇွန်း၊ ဆားနဲနဲ၊ ကြက်သားမှုန့်၁ဇွန်း၊ ဆနွမ်းမှုန့်၁ဇွန်း၊ အရောင်တင်၂ဇွန်း ထဲ့ကာ ၁၀မိနစ်ခန့်လုံးပါ။
ပြီးမှ အမဲသားနူးသည်အထိ ရေထဲ့ကာအဖုံးအုပ်တည်ပေးပါ။ အမဲသားနူးအိကာနီးရင် အာလူး၊ နံနံပင်အုပ်၊ သံလွင်သီးလေးများထဲ့ကာ ခဏနေ၁၅ မိနစ်အကြာ ပူပူနွေးနွေးရနံ့သင်း အမဲသားTagine ဟင်းလေးကိုစားလို့ရပါပြီ။
မအိ
ကျွန်မမုန်လက်ဆောင်းဖတ်လုပ်တာအောင်မြင်တယ်
ဒါပင်မဲ့စားကြည်တော့ချဉ်စုပ်စုပ်ဖြစ်နေတယ်
ဘာဖြစ်လို့လဲပြောပေးပါနော်
ကျောက်ချဉ်များသွားလို့လား ဒါမှမဟုတ် လက်နဲ့နိုက်မိလို့များ ချဉ်သွားလား တခါမှမဖြစ်ဖူး ဘူး 🙂
ကျောက်ချဉ်ရေစိမ်တာအချိန်ကြာသွား
လိုများလားချက်ချင်းစားကြည်တာ မအိထပ်လုပ်လိုက်
မယ်ရန်ကုန်ကဆန်မှုန်ကြောင့်လား
ရန်ကုန်ကဆန်မှုန့်တော့ တခါမှမသုံးဖူးဘူး 🙂
မအိသက်ရေ…. Pilau Rice ချက်နည်းလေးပါ ရေးပြပါလားနော်။ ဒီဟင်းနဲ့ တခါထဲတွဲချက်ကြည့်ချင်လို့ ပါရှင်..တခါမှမရေးဖြစ်ပေမဲ့ နေ့ တိုင်းဖတ်ဖြစ် ချက်ကြည့်ဖြစ်ပါတယ်။ အဆင်ပြေတာတွေ့ ရလို့ ကျေးဇူးတင်ပါတယ်ရှင်
thank you naw , i will post it naw 🙂
မအိကျောက်ချဉ်လျော့လိုက်တာမချဉ်တော့
ဘူးGoodသွားပြီ
Thank
hoo rayyyyyyyy!! 😀
Can you tell me what is the ingredient “goan ka mun” in English ? Thanks
SAFFRON 🙂
ညီမလေးရေ..
အစ်မအမျိုးသားက အမဲသားကြိုက်တော့အတော်ပဲ..ချက်မယ်..
ဂုံဂမန်ဆိုတာကိုအစ်မလည်းသိချင်နေတာ..
Saffron တဲ့လား..ရှာဝယ်ကြည့်အုံးမယ်နော်..
ကျေးဇူးညီမ
hote
Its yummy.thanks for sharing.