( ပြင်သစ်အချိုမုန့်)
ပြင်သစ်နိုင်ငံရဲ့dessert လေးလို့ပြောကြပါတယ်။ ဘယ်ကစပေါ်လာသလဲလို့ အမျိုးမျိုးအငြင်းပွါးနေကြပေမဲ့တကယ်တန်းကတော့ဒီအချိုမုန့်လေးက အီတလီအမျိုးသမီးကပြင်သစ်လူမျိုးတဦးနဲ့ အိမ်ထောင်ပြုပြီး ပြင်သစ်ကိုပါလာရာက သူနဲ့အတူဒီလုပ်နည်းလေးက ပါလာတာလို့ဆိုကြပါတယ်။ ဒီမုန့်လေးက အဓိကအားဖြင့် ကြက်ဥအကာကိုအခြေခံထားတဲ့မုန့်လေးပါ။ အောက်မှာဖော်ပြထားတဲ့ပါဝင်ပစ္စည်းတွေမှာ caster sugar နဲ့ powder sugar ဘာကွာလဲဆိုရင် caster sugar က သကြားကို ကြေအောင်အောင်ခြေထားတာပါ၊ powder sugar ကတော့ လုံးဝပေါင်ဒါအမှုန့်ဖြစ်နေတဲ့ သကြားကို ဆိုလိုပါတယ်.
ကြည့်ရအောင်
ပါဝင်ပစ္စည်းများ(၂၅ ခုစာ)
-ကြက်ဥအကာ ၃လုံး
– caster sugar သကြား ၄ဇွန်း(စားပွဲတင်)
– Almond powder၂ခွက် (ဆန်ချိန်ခွက်) powder မရှိရင် စက်နဲ့ခြေပြီးအမှုန့်ပြုလုပ်နိုင်ပါတယ်
-ပေါင်ဒါသကြား ၁ခွက် (ဆန်ချိန်ခွက်)
-Food colour အရောင်, Flavour (နှစ်သက်ရာ)
ပထမဆုံး Almond Powder ကိုဇကာအစိတ်လေးနဲ့ ခွက်ထဲကိုစစ်ချပေးပါ။ မကြေရင် မုန့်သားကွဲထွက်သွားနိုင်ပါတယ်။ အဲလိုပဲ powder သကြားကိုလဲ စစ်ပါ။ တခွက်တည်းစစ်ချလို့ရပါတယ်။ ပြီးရင် ရောမွှေထားလိုက်ပါ။
ကြက်ဥအကာကိုမွှေစက်နဲ့၂မိနစ်ခန့်မွှေပေးပါ။ ပြီးမှ Caster သကြားထဲ့ပြီး ၄မိနစ်ခန့်ဆက်မွှေလိုက်ရင် ဒီလိုလေးFoam ဖြစ်သွားပါမယ်။ အတူရောမွှေရင်Foam ဖြစ်မလာပဲ အရည်ကျဲနေပါမယ်နော်။
အဲဒီကြက်ဥFoam လေးကို ခုဏကရောထားသောAlmond ပေါင်ဒါအရောထဲကို ထဲ့မွှေပေးပါ။
အားလုံးနှံ့သွားပြီး ခပ်ပျစ်ပျစ်လေးဖြစ်လာပြီဆိုရင် ကိုယ်လုပ်ချင်တဲ့အရောင် အရေအတွက်အလိုက် အညီအမျှခွက်လေးများနဲ့ ခွဲပြီးအရောင်ထဲ့ ရောလိုက်ပါ။
ကြိုက်နှစ်သက်ရာအရောင်စုံအသုံးပြုနိုင်ပါတယ်။ Flavour အရသာအနံ့ လေးများလဲထဲ့နိုင်ပါတယ်၊ mint flavour, strawberry flavour , orange flavourစသည်ဖြင့်ပေါ့ အိသက်ကတော့အပြာလေးဆို mint ၊ အဝါဆို orange စသည်ဖြင့် တစက်စီ ထဲ့ပါတယ်.
အရောင်လေးများရောပြီး အဆင်သင့်ဖြစ်ပြီဆိုရင်အရောင်တမျိုးစီရဲ့အနှစ်များကိုPiping Bag မုန့်လုပ်မဲ့တြိဂံ ကတော့အိတ်လေး တအိတ်ချင်းစီထဲကိုထဲ့ပါ။ (Piping Bag မရှိရင် ရိုးရိုးအိတ်ကိုခွက်တခုထဲ ထဲ့ပြီး အနှစ်များထဲ့ကာအိတ်ရဲ့ထိပ်အချွန်လေး)ကိုဖောက်ပြီး Baking paper ခင်းထားတဲ့ဘန်းပေါ်မှာ မုန့်သားလေးများကို ကျပ်စိအဝိုင်း တဝိုင်းစီခန့်အပုံလေးများတခုနဲ့တခုခွါကာ ပုံပေးပါ။ ပြီးရင် ၁၅မိနစ်ခန့်ထားထားပါ။
(Piping Bag မရှိရင် ရိုးရိုးအိတ်ကိုခွက်တခုထဲ ထဲ့ပြီး အနှစ်များထဲ့ကာအိတ်ရဲ့ထိပ်အချွန်လေးကိုဖောက်ပြီး သုံးပုံ)
Oven ကိုအပူပေးထားပါ။ပြီးရင် အပူချိန် ၁၂၀ ဒီဂရီနဲ့ မိနစ်၃၀လောက် တတိယအဆင့်မှာထားလိုက်ပါ။
အဲဒီလို စောင့်နေတဲ့အချိန်မှာ အဲဒီ ၂ချပ်ကြားထဲကိုဖြည့်ဖို့ Filling လုပ်ပါမယ်။ ဒီမှာက Ready-made Butter Cream ရှိပြီးသားမို့ အိသက်ကအဲဒါသုံးလိုက်ပါတယ်၊ စတော်ဘယ်ရီယို၂ဇွန်းနဲ့ Butter Cream ၃ဇွန်း ရောပါ( အလွယ်မရှိရင်ထောပတ် ၂ဇွန်း၊ နို့အပျစ် Double Cream ၃ဇွန်း၊ စတော်ဘယ်ရီယို၂ဇွန်း တို့ရောလိုက်ရင်ရပါတယ်) ချောကလက်လိုချင်ရင် စတော်ဘယ်ရီအစား ချောကလက်ကိုအပူပေးကာပျော်စေပြီးသုံးပါ။
မိနစ်၃၀ကြာရင်ခပ်ဖောင်းဖောင်းလေးဖြစ်နေပြီးသားမုန့်လေးများရပါမယ်။ အဲဒီမုန့်လေးတွေအေးရင် ခွါပြီးCream Filling ဖြည့်ကာ ၂ခုကပ်ပြီးကော်ဖီ လဘက်ရည် တို့နဲ့တွဲဖက် စားသုံးနိုင်ပါတယ်။ဒီမုန့်လေးဟာ အပေါ်ရံက မာတင်းနေပြီး အတွင်းကပျော့နေပါတယ်။Cream လေး များဖြည့်ထားတဲ့ အတွက် ပိုအရသာရှိပါတယ်။ အချိုမကြိုက်သူများ သကြားလျှော့ထဲ့နိုင်ပါတယ်နော်
T
Ei thet yay sorry I never write the comment in here ,I love your Macaroons so cute,taw tal Nyi Ma yay
it is ok ma ma , i am so glad you like it 🙂
I love it so much .thanks for sharing
welcome naw 🙂
Looks like choco pie???
actually it is cookie sandwich
မုန့်လေးကလည်းချစ်စရာလေး… ကော်ဖီခွက်နဲ့ ကရားလေးပါ သွားရည်ကျသွားပါတယ်အမ.. လုပ်နည်းလေးလည်း ယူသွားပါတယ်နော်..
ဟုတ်ပြီ ညီမလေး ကျေးဇူးနော် 🙂
Ma Ma Thet, I am so grateful to you for the lovely and delicious food.You’re so thoughtful and generous. I love all of yours.
thanks a lot 🙂
မအိသက်ရေ..တော်လိုက်တာနော်။ မ မိသားစုလေးက တော်တော်ပျော်မှာပဲ မနဲ့တူတူနေရတာ။ ဒါနဲ့ မ ထိုးမုန့်လုပ်တတ်လားဟင်။ နည်းလေးသိရင် တင်ပါဦးနော်။
ချစ်တဲ့
ဇာခြည်။။။။ 🙂
I will post it very soon naw 🙂
i like all of ur recepies.
Thank you so much par ma yay 🙂
တော်လိုက်တာ..
ညီမလေးလုပ်ထားတာတွေကို သရေကျသွားတယ်..
😀
ကျေးဇူးပါမရယ် 🙂
-ပေါင်ဒါသကြားဆိုသာဘာလ’?
caster sugar နဲ့ powder sugar ဘာကွာလဲဆိုရင် caster sugar က သကြားကို ကြေအောင်အောင်ခြေထားတာပါ၊ powder sugar ကတော့ လုံးဝပေါင်ဒါအမှုန့်ဖြစ်နေတဲ့ သကြားကို ဆိုလိုပါတယ်. 🙂
thank you very much per ama..really help me.. love ur site
thanks for interesting my site par 🙂
မမ ပေါင် ဒါသကြား ဝယ်လို့  မရလို့ ဘယ်လိုလုပ်လို့ ရမလဲရှင့်
before you make that grind the normal sugar nyi ma .ညီမရေ ရိုးရိုးသကြားကိုပဲ ကြိတ်စုံမှာ နဲနဲ ထောင်းလိုက်ပါ
Please post htoe hmont recipe, Nyi ma.
hote 🙂
Macaroons are my favorite 😀
🙂