ကြက်အသဲချဉ်စပ်(ပေါ်တူဂီ)


 

 

 

လန်ဒန်မြို့ကအလွန်ကို လူမျိုးစုံရှိတတ်ပါတယ်။ အစားအသောက်လဲမျိုးစုံရနိုင်ပါတယ်။ ကလေးတွေကျောင်းအားရက် ၁ပတ်မှာ အနည်းဆုံး တခါတော့အပြင်ထွက်လည်ဖြစ်ပါတယ်။ အိသက်တို့ မိသားစုကအစားအသောက်ဆို အသစ်အဆန်းရော မသစ်မဆန်းရော အကုန် စိတ်ဝင်စားတတ်တဲ့ အလျောက် အဲလိုအပြင်သွားတိုင်း အပြင်မှာစားဖြစ်တဲ့အခါ စားတဲ့ဆိုင်ရဲ့ ကိုယ်အကြိုက်ဆုံးဟင်းတွေ စားစရာတွေကို မှတ်သားပြီးပြန်ချက်ပြုတ်ကြည့်တတ်တဲ့ အကျင့်ဖြစ်လို့နေပါပြီ။   အိသက်ကချဉ်ချဉ်ငံငံစပ်စပ်တွေဆို အကုန်ကြိုက်ပါတယ်။ ဘယ်နေရာ ဘယ်ဆိုင်မှာစားစား အစပ်လေးမှ မပါရင် ခံတွင်းတွေ့လှတယ်လို့မထင်တတ်ပါ၊ စားလို့ကောင်းတယ်ဆိုရင်တောင် အကြိုက်ဆုံးစာရင်းထဲမဝင်ချင်ဘူးပေါ့။ ဒီကြက်အသဲဟင်းလေးက အိသက် လန်ဒန်စရောက်ခါစ ကျောင်းသားဘဝ 2005 မှာ အချိန်ပိုင်းအလုပ်ဝင်လုပ်ခဲ့တဲ့ Nando’s ဆိုတဲ့ ဆိုင်လေးက အရသာအတိုင်းချက်ထားတာပါ။   အရမ်းကြိုက်လို့ပါ။  မှတ်မှတ်ရရ အဲဒီဆိုင်မှာ အလုပ် လုပ်တုန်းကရီစရာလေးပါ။ အိသက်အမျိုးသားက(ရည်းစားဘဝ) လဲ အဲဒီမှာ အချိန်ပိုင်း အလုပ် လုပ်ပါတယ်။ ဒါပေမဲ့ သမီးရည်းစားဆိုတာ အဲဒီက ဗမာ Staff တွေကလွဲလို့ဘယ်သူမှ မသိကြပါဘူး။ သူတို့ကရည်းစားဆိုအလုပ်အတူပေး မလုပ်ပါ။ အဲဒီတော့ သူကအကိုပေါ့လေ။ အဲဒီမှာအလုပ်အတူ လုပ်တဲ့ နိုင်ငံခြားသား ၂ယောက်က ကိုယ့်ကို ကြိုက်ကြလေတော့ ကိုထက်ကို နှမပေးယောက်ဖကြီးများ ဖြစ်လာမလားရယ်လို့ သူလုပ်ရမဲ့အလုပ်တွေ ရှေ့က ကူကူလုပ်ပေးကြပါတယ်။ သူကလဲ အရှုံးထဲကအမြတ်ဆိုပြီး နာနာလေးဖိခိုင်းပလိုက်ပါတယ်တဲ့။ အိမ်အပြန် Bus ပေါ်ရောက်မှ ၂ ယောက်သား လက်ကလေးကိုင်ပြီး  ရီရတဲ့အဖြစ်လေးတွေပါ။ ခုအဲဒီ ကြက်အသဲဟင်းလေးချက်ပါမယ်။
ပါဝင်ပစ္စည်းများ(လူ၅ယောက်စာ)

-ကြက်အသဲ ၅၀၀ ဂရမ်( ၃၀ ကျပ်သား)
-သံလွင်ဆီ ၂ဇွန်းခွဲ (ဟင်းချက်ဇွန်း)
– Malt Vinegar၂ဇွန်း (စားပွဲတင်)
-ငရုတ်သီးအချဉ်ဖောက်ပြီးသား ၃တောင့် ( ရိုးရိုးလဲသုံးလို့ရပါတယ်)
– အရောင်တင်မှုန့်၂ဇွန်း(အချိုဇွန်း)
-ဆနွမ်း ဇွန်းဝက်( အချိုဇွန်း)
-ငရုတ်သီးမှုန့်၁ဇွန်း(အချိုဇွန်း)
-ဆားနဲနဲ ၊ ကြက်သားမှုန့်၁ဇွန်း( စားပွဲတင်)
-ကြက်သွန်နီ၁လုံး
-ကြက်သွန်ဖြူ ၅မွာ

ညက်အောင်ထောင်းထားပြီးသား ကြက်သွန်များကိုအရောင်တင်မှုန့်၂ဇွန်း၊ ဆနွမ်းဇွန်းဝက် တို့ရောပြီးသံလွင်ဆီဖြင့် ရွှေဝါရောင်သန်းသည်အထိအပူပေးပါ။ ပြီး မှ ငရုတ်သီးမှုန့်များထဲ့ပါ။

  

 

ငရုတ်သီးလဲကျက်ပြီဆိုရင်သန့်စင်ပြီးသားကြက်အသဲများကိုထဲ့လုံးပါ။ တချိန်တည်းမှာပဲ Malt Vinegar ၊ ဆားနဲနဲ ၊ ကြက်သားမှုန့်တို့ထဲ့ပါ။

အသဲလေးများအရောင်ပြောင်းပြီဆိုရင် ရေအနဲငယ်ထဲ့ပြီးအုပ်ထားပါ။ ဆီပြန်ပြီဆိုရင် အဆင်သင့်ဖြစ်ပါပြီ။

Nann Bread ၊ သံလွင်သီးလေးများဖြင့်တွဲဖက်စားနိုင်သလို မြန်မာပီပီ ထမင်းပူပူဖြင့်တွဲစားချင်ရင်လဲ ဟင်းကောင်းတခွက်ဖြစ်နိုင်ပါတယ်။

Advertisements

7 comments on “ကြက်အသဲချဉ်စပ်(ပေါ်တူဂီ)

  1. အမအိသက်ရေ Nandoမှာ အဒိဟင်းကို နာမည်ဘလိုပေးထားလဲသိချင်ပါတယ်
    လောလောဆယ်ချက်စားဖို့အဆင်မပြေသေးလို့ အိမ်နားကမောမှာလဲ Nando ဆိုင်ရှိလို့ပါ

  2. အမတို့ မိသားစုNando ဆို အ၇မ်းကြိုက်တာ..ခနခနလဲ စားဖြစ်တယ်..ဒါလေးရှိမှန်းမသိဘူး အိသက်ေ၇..ခုတော့ ကိုယ်တိုင်လုပ်စားလို့၇ပြီ..ကျေးဇူးနော်…

    • အမကြိုက်မှန်းသိလို့ Tag လုပ်လိုက်တာပြန်ဖြုတ်လိုက်နော် 🙂

  3. အမ အိသက်..ဒီနေ့လည်း ပုဇွန်ငါးဆုပ်လုံးလေး လုပ်စားဖြစ်တယ်၊ အရမ်းကြိုက်ပြီး လုပ်လို့မဖြစ်ပဲ ပျက်ပျက်သွားလို ဆက်မကြိုးစားဖြစ်တော့တာ..ခုမှပဲ အမအိသက်ကျေးဇူးနဲ့ စားရတော့တယ်၊ ပြီးတော့လေ အသိတာလေးမေးချင်သေးတယ်…ဟို..ဗလချောင်ကြော် နဲ့ ငပိကြော် နဲ့ ပုဇွန်ခြောက်ကြော် ဆိုတာ အတူတူပဲလားအမ…အဲ့ဒါလေးလဲ ကွဲကွဲပြားပြားလေး သိချင်လို့..ကျေးဇူပါ အမရယ်…(အမေအိမ်မှာနေတုံးက ဘာမှမစား၊မကြိုက်ခဲ့တာတွေ ခုမှ အကုန်ကြိုက်ပြီလေ..ဟိဟိ…)

    • ဘာလချောင်ကြော်နဲ့ ပုဇွန်ခြောက်ကြော်က ခပ်ဆင်ဆင်ပဲ၊ ငပိကြော်က တော့မတူဘူး။ လုပ်စားကြည့်တာအဆင်ပြေတယ်ဆိုလို့ဝမ်းသာတယ်နော်ညီမလေး 🙂

  4. အစ်မ Nando’s side dish ထဲက macho peas လုပ်နည်းလေးသိရင် share ပေးပါအုန်း။ အရမ်းကြိုက်လို့ သွားတိုင်း မှာစားနေကြ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s