ပုဇွန်Udonခေါက်ဆွဲကြော်
ဒီခေါက်ဆွဲလေးက များသောအားဖြင့် ဒီကကိုရီးယားဆိုင်၊ ဂျပန်ဆိုင်တွေမှာအသုံးများတာတွေ့ရတတ်ပါတယ်။ နန်းကြီးတို့ နန်းလတ်တို့ နဲ့တူပါတယ်။ ဒါလေးကတော့ အိသက်ဆီက မင်္ဂလာဆောင် အတွက်အော်ဒါမှာ တဲ့အတွက်ကြော်ပေးထားတဲ့ပုံစံလေးပါ။ နဲနဲလေးတော့အစပ်အရသာလေးကို ထဲ့ပေးထားပါတယ်။
ကြည့်ရအောင်
ပါဝင်ပစ္စည်းများ(၂ပွဲစာ)
-Udon noodle၃၀၀ ဂရမ်( ၁၅ကျပ်သား)
– chest nut မှို ၃ခု
– needleမှို ၅၀ ဂရမ် (၃ကျပ်သား)
-ငရုတ်ပွသီး ၅၀ ဂရမ်(၃ကျပ်သား)
– Spinach ဒေါက်ခွလက်တဆုပ်(or) အရွက်တမျိုးမျိုး
-ပဲပင်ပေါက် လက်တဆုပ်စာ
-ငရုတ်ချိုနီ၁တောင့်(အစပ်ပေါ့ပါတယ်)
-မုန်လာဥနီ၁ဥ
-ကြက်သွန်မြိတ်၁ချောင်း
-ကြက်သွန်နီ၁လုံး၊ အဖြူ ၂မွှာ
-ဂျင်းလက်၁စစ်
-ကြက်သားမှုန့်၂ဇွန်း၊ ဆားနဲနဲ
-ပဲငံပြာရည်အကြည် ၃ဇွန်း(စားပွဲတင်)
ကြက်သွန်နီ၊ ငရုတ်နီတောင့်, chestnut မှို ကိုပါးပါးလှီးထားပါ။ ကြက်သွန်ဖြူဓားပြားရိုက်ထားပါ။ မုန်လာဥနီ၊ ဂျင်းကိုအချောင်းလေးများလှီးထားပါ။ ငရုတ်ပွကိုပါးပါးလှီးထားပါ။
Fresh noodle ဖြစ်လို့ ရေနွေးဖျောစရာမလိုပါ။
ဒယ်ပေါ်တွင်ဆီ၁ဇွန်းခန့်ထဲ့ကာ ဂျင်းချောင်းအနဲငယ် ကိုပုဇွန်နဲ့ရောလှိမ့်ကာဖယ်ထားပါ။
ပြီ:မှ ကြက်သွန်နီ၊ ဖြူကို ဂျင်းထဲ့ပြီး ဆီပါးပါးနဲ့ကြော်ပါ။ အနံ့မွှေးလာပြီး ကြက်သွန်ကျက်ပြီဆိုရင် ကြက်သွန်မြိတ်၊ ပဲပင်ပေါက်မှ လွဲ၍ ကျန်သော အသီးအနှံများထဲ့ကြော်ပါ။
၅ မိနစ်ခန့်ကြော်ပြီးရင် ခေါက်ဆွဲထဲ့လုံးပါ။ ခေါက်ဆွဲနူးဖို့လိုရင် ရေအနဲငယ်တောက်ပြီးကြော်ပါ။ ကြက်သားမှုန့်၂ဇွန်း၊ ဆားနဲနဲ ၊ ပဲငံပြာရည်တို့ထဲ့ပါ။ ပြီးမှ ပဲပင်ပေါက်၊ ကြက်သွန်မြိတ်, ကြော်ပြီးသားပုဇွန်လေးများထဲ့ပါ။ ခရူဆီတဇွန်း နောက်ဆုံးမှထဲ့ မွှေကြော်ပြီရင် ခေါက်ဆွဲကြော်မွှေးမွှေး အရသာရှိရှိလေးရပါပြီ။
ကြိုက်တယ် မ ရေ …
Thank you cho yay 🙂
ကျေးဇူးတင်ပါတယ်။အဆင်ပြေယင်dim sum လုပ်ပုံတင်ပေးပါအုံး။
bro , i already post the dim sum. i mean one of them 🙂
ma eithet cook tat every dishes ko like tal 🙂
i am so happy of your comment. thank you so so much 🙂
အိသက်ေ၇ခေါက်ဆွဲဆိုတအားကြိုက်တာ။လုပ်စားအုံးမယ်
ကျေးဇူးအရမ်းတင်ပါတယ်နော် 🙂
Thank you Nyima
welcome ma 🙂
ကြော်စားမယ်ညီမလေးရေ..ခေါက်ဆွဲကြော်ဆိုဘယ်လိုပဲကြော်ကြော် ကောင်းတယ်နော်..
🙂
hote 🙂