ရဲယိုငါးထုတ်နှပ်
ဒီနေ့မြို့ထဲ Central London ကိုသွားတယ်။ တရုတ်တန်းမှာဝင်စားရင်း ရဲယိုရွက်ဝယ်ဖို့သတိရသွားတယ်။ အသိတယောက် မသီတာက အဲဒီက ရတယ်ပြောထားဖူးလို့။ ဘုန်းဘုန်းတွေလဲဆွမ်းကပ်မယ်ဆိုတော့ အတော်ပဲဆိုပြီး ဝယ်ခဲ့ပါတယ်။ ရဲယိုရွက်ကခါးသက်သက်အရသာရှိပါတယ်။ ဆေးဘက်ဝင် အပင်တမျိုးပါ။ အပူပိုင်းဒေသတွေမှာတွေ့ရသလို ဟိုးအရင်နှစ်ပေါင်းများစွာကတည်းက ပြင်သစ်နိုင်ငံ ရှိကျွန်းစုများပေါ်မှာလဲစိုက်ပျိုးကြတာသိရပါတယ်။ ဟိုးအရင် ကအရွက်ကို သာဟင်းချက်စားစရာအဖြစ် အသုံးပြူကျပေမဲ့ ယခုအခါ ရဲယိုသီးရဲ့ထုတ်ဝင်ပုံကို သိရှိလာကြကာဆေးထုတ်လုပ်နေကြပါပြီ။ ဖျော်ရည်အနေနဲ့ လဲတွေ့ရပါမယ်။ အရွက်ကလေးများနုရင် ရေနွေးဖျောကာ အတို့အမြုပ်အနေဖြင့်စားသုံးနိုင်ပါတယ်။ အသီးကို ထန်းညက်ရည်နဲ့စိမ်ကာစားနိုင်ပါသေးတယ်။ လေးဘက်နာ၊ လေငန်း၊ သွေးတိုး၊ အဆုတ်၊ ဆီးချို၊ နှလုံး၊ သွေးကြောကျဉ်းရောဂါ၊ ခုခံ အားကျဆင်းသည့်ရောဂါများတွင် ခုခံ အားပြန်လည်တိုးမြှင့်စေခြင်းအကျိုးကျေးဇူးများကိုလည်း ရရှိနိုင်တယ်လို့သိရပါတယ်။ အိသက်အမေ အထည်ချုပ်လုပ်ငန်းလုပ်သော ခြံထဲမှာ ရဲယိုအမြင့်ပင်တပင်ရှိပါတယ်။ ထမင်းဆိုင်အတွက်တော့ရဲယိုရွက် ဝယ်စရာမလိုခဲ့တာ မှတ်မိပါတယ်။ အဲဒီတုန်းကအမေက စားခိုင်းတယ် ဆေးဘက်ဝင်တယ် စားတဲ့ လုံးဝမစားခဲ့ပါ။ ခုရှားပါးတယ်ဆိုတဲ့နေရာရောက်တော့မှ မစားချင်ခဲ့တာတွေ အကုန်အကြိုက်ဆုံးတွေ ဖြစ်ကုန်ရော။ လူစိတ်ဆိုတော့ ရတာမလို လိုတာမရဆိုတာမျိုးပေါ့။ ခုဒီရဲယိုရွက်လေးရတုန်းရဲယိုရွက်ငါးခူစင်းကော ရော ရဲယိုငါးထုတ်နှပ် လေးရော လုပ်စားဖြစ်ပါတယ်။
ပါဝင်ပစ္စည်း(ငါးထုပ်အတွက်လိုအပ်သည်များ)
-ရဲယိုရွက် အနု ကလေးများ
-ငါးရံ့(သို့) ငါးအသားလွှာ(ခုဒီpost ကငါးခူလတ်လတ်၂ကောင်စာအသား) ၃၀၀ ဂရမ်/ ၂၅ ကျပ်သားခန့်
-ကြက်သွန်ဖြူ၃မွှာ
-ဂျင်း paste ၁ဇွန်း(စားပွဲတင်)
-စပါးလင်၁ပင်
-ငရုတ်ကောင်းနဲနဲ
-ဆား၊ ကြက်သားမှုန့်၁ဇွန်း( စားပွဲတင်)
-ငရုတ်သီးစိမ်၁တောင့်
\
ကြက်သွန်ဖြူ၊ ဂျင်း၊ စပါးလင်၊ ငရုတ်သီးစိမ်း၊ ဆား၊ ကြက်သားမှုန့်၊ငရုတ်ကောင်းတို့ကို ညက်အောင် ထောင်းပါ။ ညက်သွားလျှင် ငါးအသားလွှာကလေးများ ကို နယ်ပြီး ရဲယိုရွက်နုနဲ့ ထုတ်ပြီးထားပါ။
ဒီအဆင့်မှာဟင်းလိုနှပ်မစားချင်ရင် ပေါင်းအိုးတွင် ပေါင်းစားလို့ရပါတယ်။ တချို့ကပေါင်းစားရင် အုန်းသီးဖတ်၊ သကြားတို့ထဲ့ကြပါတယ်။ (ကြိုက်နှစ်သက်ရင်ပေါ့)
အိသက်ကဟင်းလို ခပ်စပ်စပ်နှပ်စားပါတယ်။
ဟင်းနှပ်စားရန်-
-ကြက်သွန်နီ၁လုံး၊ အဖြူ၃မွာ
-စပါလင် လက်တစစ်ခန့်
-ငရုတ်သီးမှုန့်၁ဇွန်း(စားပွဲတင်)
-ဆား၊ ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)
ကြက်သွန်နီ ၊ ဖြူ၊ စပါးလင်၊ ငရုတ်သီးမှုန့်တို့ကို ညက်အောင် ထောင်းကာဆီသတ်ပါ။ ဆား၊ ကြက်သားမှုန့်ထဲ့ပါ။ ကြက်သွန်ကျက်ပြီဆိုရင် ထုပ်ထားပြီးသား ငါးထုပ်လေးများစီထဲ့ကာ ရေ လီတာဝက်( ရေ၁ဖန်ခွက်) ခန့်ထဲ့ပြီး အဖုံးအုပ်ကာမီးမျှင်းမျှင်းဖြင့် နာရီဝက်-၄၅မိနစ် ခန့်အကြာတွင်
ပုံတွင်မြင်ရသလို ဖြစ်သွားပါလိမ့်မယ်။ အလွန်အရသာရှိပြီး ကျန်းမာရေအတွက်အထောက်အကူဖြစ်စေသော ရဲယိုငါးထုတ်နှပ် လေးရပါပြီ။
အရမ်းကြိုက်တဲ့ ငါးထုပ် .. နည်းလေးပါပေးတာ ကျေးဇူးပါ မ ရေ ။။
🙂
အန်တီသိတ်ကြိုက်တဲ့ ဟင်းလေးပါ။သူများလုပ်ကျွေးတာဘဲစားဘူးတာ။ကျေးဇူးနော်သမီး။
hote , aunty 🙂
အမ blog ထဲမှာ သနပ်လုပ်နည်းလေးတွေမတွေ့ မိဘူး။ကျွန်တော်ပဲမကြည့် တတ်လို့ လားမသိဘူး၊သရက်သီး၊သံပုရာသီး၊မရမ်းသီးသနပ်လုပ်နည်းနှင့် သရက်သီးကုလားတည် လုပ်နည်းတွေကျေးဇူးပြုပြီးတင်ပေးစေချင်တယ်။ဟင်းချက်နည်းမျိုးစုံ တင်ပေးတဲ့ အတွက်အရမ်းကျေးဇူးတင်တယ်။
Thanks for the post. I really love eating ရဲယိုရွက်ငါးခူစင်းကော.
How do they ရဲယိုရွက် call in English?
noni 🙂
I’m amazed that you can get fresh noni leaves in London nyima. I have never seen it here in Perth since we arrived. Can’t express how much i love that Ngar baun htote !
thank you ma:)
အရမ်းကြိုက်တယ်ညီမလေးရေ..
အနေနီးလို့ကတော့ ညီမလေးချက်ထားတာတွေအကုန် ကုန်ပြီသာမှတ်..
နေ့တိုင်းလာစားမှာ ကျွေးမှာလား ?
ညီမလေးကတော်လိုက်တာ..အိမ်ထောင့်တာဝန်..မိသားစုတာဝန်တွေကြားထဲက အချက်အပြုတ်ကို လည်းတစ်မျိုးပြီးတစ်မျိုးမရိုးရအောင် အဆန်းလေးတွေနဲ့ချက်နိုင်တယ်..
ညီမလေးရဲ့မိသားစုဘဝလေးကို အားကျလိုက်တာ..
ညီမလေတို့မိသားစုအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ ပြီးပြည့်စုံတဲ့ဘဝလေးကိုရယူပိုင်ဆိုင်နိုင်ပါစေ
🙂
ပေးတဲ့ဆုနဲ့ပြည့်ပါစေ . အဲလိုချီးကျူးတာကျေးဇူးပါမမရေ. always welcome naw
မသက်ရေ..ဒီနေ့ အာရှဆိုင်ဝင်ကြည့်တာ ရဲယိုရွက်တွေတွေ့တာနဲ့ဝမ်းသာပြီးဝယ်လာလိုက်တာ ချက်နည်းမသိလို့ အမဆီတစ်ခေါက်ထက်ဝင်ပြီး သေချာဖတ်နေရတယ်…ကျေးဇူးပါ မသက်ရယ်…တန်ဖိုးရှိလိုက်တာ အသက်ရဲ့ဘလော့လေးရှိတာ…အမတို့မိသားစုလေး ပိုမိုပြည့်စုံပြီးပျော်ရွှင်ပါစေနော်..
Your recipes look lovely. Is it possible to have all of them written in english pls. Thanks.
omg sis! this is my favorite food in the entire world! how would you call that leave in English?? (a cousin of mine told me to check out ur blog since mom is leaving to burma and me and my dad jst left alone ! and i dunno how to cook much~ now i that you have teach me almost everything! i think i should b ready !! 😉 )
it is call noni sis , thanks for your lovely comment naw 🙂