ဝက်သားသုံးထပ်ပေါင်း(တရုတ်နည်း)
Braising လုပ်တယ်လို့ခေါ်ပါတယ်။ ချက်နည်း၂မျိုးပေါင်းပြီး ချက်ထားတာမျိုးပေါ့။ ကင်ပြီးဖြစ်စေ ကြော်ပြီးဖြစ်အသားအပြင်ဖက်ကိုကျက်စေပြီးမှ နူးအိနေအောင်ပေါင်းထားတာကိုပြောတာပါ။ ဒီပေါင်းနည်းက အရည်များများပါ ပါတယ်။ ပေါင်းမဲ့အသားက အရည်များများ လုံလောက်အောင် ထုတ်မပေးနိုင်မှာမို့ ဟင်းသီးဟင်းရွက်များနဲ့ပေါင်းကြပါတယ်။ ဥပမာ- ဘီယာ၊ ဝိုင်၊ ခရမ်းချဉ်သီး အစရှိသည်ဖြင့်ထဲ့ပါတယ်။ အမဲသား၊ သိုးသားတို့ကိုလဲဒီလိုပဲပေါင်းကြပါတယ်။ ဒီနေ့တော့အိသက်က တရုတ်နည်းနဲ့ ဝက်သား Braise လုပ်ပါမယ်နော်။
ပါဝင်ပစ္စည်းများ
-ဝက်သား၃ထပ်သား ၅၀၀ ဂရမ်(၃၀သားခန့်)
-ရှယ်ရီဝိုင် ၃ဇွန်း(စားပွဲတင်)
-ပဲငံပြာရည် ၁ဇွန်း(အချိုဇွန်း)
-ဆားနဲနဲ၊ ကြက်သားမုန့်၂ဇွန်း(အချိုဇွန်း)
-ဂျင်း၁ဇွန်း(စားပွဲတင်)
-တရုတ်မဆလာ၁ဇွန်း(အချိုဇွန်း)
-သကြား၂ဇွန်း(အချိုဇွန်း)
-နာနတ်ပွင့် ၃ပွင့်
-ကြက်သွန်မြိတ်၃ချောင်း
-ကိုက်လန် (သို့) မုန်ညင်း
သန့်စင်ပြီးဝက်သားသုံးထပ်သားကို ဂျင်း၊ ဆားနယ်ကာ အခေါက်ဘက်အောက်ထားပြီး ဆီမြုတ်ရုံကြော်ပါ။ ၁၀မိနစ်ခန့်မွှေးပြီးရဲလာပြီဆိုရင် ဖယ်လိုက်ပါ။
pressure cooker ထဲတွင်ကြက်သွန်မြိတ်များခင်းပါ။
အဲဒီအပေါ်ကမှ ဝက်ခါက်သားတင်ပါ။ ပြီးရင်ရှယ်ရီဝိုင်၊ ပဲငံပြာရည်၊ ဆားနဲနဲ၊ ကြက်သားမုန့်၊ တရုတ်မဆလာ၊ သကြား၊ နာနတ်ပွင့် တို့ထဲ့ကာ ရေနွေးနွေးအသားမြုတ်ရုံထဲ့ပြီး မီးမျှင်းမျှင်းဖြင့်တည်ပါ။
၄၅မိနစ်- မိနစ်၅၀ လောက်တည်ပြီးအသားနူးအိပြီဆိုရင် အရွက်ထဲ့ပါ။ မီးပိတ်ပြီး အဖုံးပြန်အုပ်လိုက်ပါ။ အရွက်တွေက နူးလွယ်လို့ ၅မိနစ်ဆိုရပါပြီ။
ပြီးရင် ထမင်းပူပူ နဲ့တွဲဖက်စားသုံးနိုင်ရန် ဝက်သားပေါင်းမွှေးမွှေးအိအိလေးအဆင်သင့်ရပါပြီ။
your all dishes are very excellent.u are very smart and perfect.i like all dishes very much
so sweet of you, thanks 🙂
အမ blog ထဲကိုခဏခဏဝင်ကြည့်ပီးသရေကျတယ်အမရေ 🙂 အမဟင်းချက်ဒါအရမ်းတော်ဒါပဲ အားကျလိုက်ဒါအမကို 😀 Have a nice day naw ama ^^
thanks alot for your sweet comment 🙂
လုပ်နည်းအသစ်လေးရလိုက်ပါပြီ။ကျေးဇူးအိသက်ရေ
ညီမရေ..
အကြောင်းကြောင်းကြောင့် အင်တာနက်နဲ့ဝေးသွားရလို့ ညီမလေးရဲ့ဟင်းချက်နည်းလေးတွေနဲ့ပါ ဝေးသွားတယ်..
အရမ်းကြိုက်တယ်..ချက်စားမယ်ညီမလေး
ဟင်းတိုင်းကိုပိုပြီးစားချင်လာအောင် အရသာရှိအောင်ချက်ပြတဲ့ညီမလေးကို ကျေးဇူး….. …….
welcome back ma ma yay 🙂
A ma… Can you please tell me the brand of ထုံး to buy, we do have indian grocery store around here and I need to know the brand.. Have you tried မုန့်ကျွဲသည်း before, if so please share the recipe if you have time…Thanks… You are a great cook and I learn alot from the blog.. Thanks…
sis , any brand u can buy, i already made မုန့်ကျွဲသည်း in myanmar dessert , pls find naw :)https://htetfamily.com/2012/05/18/%E1%80%99%E1%80%AF%E1%80%94%E1%80%B9%E1%82%94%E1%82%8F%E1%80%BD%E1%80%95%E1%80%B9%E1%80%81%E1%80%99%E1%80%AF%E1%80%94%E1%80%B9%E1%82%94%E1%80%80%E1%80%BC%E1%81%BD%E1%80%B2%E1%80%9E%E1%80%8A%E1%80%B9/
ဟင်းချက်နည်းအသစ်လေးပို့ပေးပါခင်ဗျာ
လုပ်ပြီးပြီ။ အရမ်းစားကောင်းပါတယ်။
THANKS FOR TELLING ME BACK