ပုဇွန်ပေါင်မုန့်ကပ်ကြော်
တရုတ်ဆိုင်တွေမှာပထမဆုံးအဆာပြေ အနေနဲ့စားကြတဲ့ပုဇွန်ပေါင်မုန့်ကပ်ကြော်ပါ။ အိသက်သားလေးကတော့ အလွန်ကြိုက်ပါတယ်၊ သူကိုယ်တိုင်လဲ အမြဲတောင်းဆိုတတ်လို့မနက်စာအဖြစ်လုပ်ပေးရပါတယ်။ အရမ်းလွယ်ပါတယ်။
ပါဝင်ပစ္စည်းများ
-ပေါင်မုန့်၅ချပ်
-ပုဇွန်ကျားလတ်လတ် ၇-၈ကောင်
-ကြက်သွန်မြိတ်၁ချောင်း
-ကြက်သွန်ဖြူ၂မွှာ
-ဂျင်း၁ဇွန်း(စားပွဲတင်)
-ဆားနဲနဲ၊ ကြက်သားမှုန့်၁ဇွန်း(အချိုဇွန်း)
-ငရုတ်ကောင်းအနဲငယ်
-နှမ်းအနဲငယ်
ပေါင်မုန့်ဘေးသားများကိုလှီးလိုက်ပါတယ်
ပုဇွန်ကျားလတ်လတ် ၇-၈ကောင် ကိုကြက်သွန်မြိတ်၁ချောင်းနုတ်နုတ်စင်း ကြက်သွန်ဖြူ၊ ဂျင်း တို့ဖြင့်ရောကာ ဓားနုတ်ပေါက်၍သော၎င်း ဖြင့်ကြိတ်၍သော၎င်း ညက်စေကာ ဆားနဲနဲ၊ ကြက်သားမှုန့်၁ဇွန်း(အချိုဇွန်း)၊ငရုတ်ကောင်းအနဲငယ် တို့ဖြင့်နယ်ပါ။
ပြီးမှ ပေါင်မုန့်ပေါ်သုတ်ကာ နှမ်းအနယ်ငယ်ကပ်လိုက်ပါ။
ဆီပူတွင် ၁မိနစ်-၂ မိနစ်ခန့်ဟိုဖတ်ဒီဖတ် လှန်ကြော်ပါ။ ပုဇွန်ဖက်ကိုပိုကြာကြာကြော်ပါ။ ကြော်ပြီးပေါင်မုန့်ပူပူလေးများကိုဆီခဏစစ်ထားကာ soy sauce ဖြင့်တွဲဖတ်စားနိုင်ပါပြီ။
မအိသက် ရေ .. တစ်ခါမှမစားဘူးဘူး လုပ်စားကြည့်အုံးမေယ် .. ကျေးဇူးပါ မ ရေ ။။
အရမ်းကောင်းပဲ လုပ်စားကြည့်နော်
ကလေးတွေကို လုပ်ကျွေးစရာရပြီ ..ကျေးဇူးအများကြီးတင်ပါတယ် ညီမ အိသက်ရေ ..
hote Ma Chawsu 🙂
မမရဲ့ Blog လေးကို အမြဲတမ်းဝင်ကြည့်ဖြစ်တယ်
ကိုယ့်မိသားစုနဲ့ ချစ်ရတဲ့သူကို အမြဲတမ်းအစားအသောက်ကောင်းလေးတွေချက်ကျွေးချင်လို့လေ 🙂
မမကိုလည်း အရမ်းအားကျတယ်….
ကျေးဇူးပါညီမရေ 🙂
Thanks a lot.
welcome par:)
မနက်စာအတွက် တစ်မျိုးတိုးပြန်ပြီ … ကျေးဇူးပါ အိသက်ရေ …
welcome par ma yay 🙂
မရေ အချိန်ရရင် ဒေါ်စောရီဆိုင်မှာ ချပေးတဲ့ ငရုတ်သီးစိမ်းနဲ့ ငါးပိထောင်းနည်းလေး ပြောပြပေးပါလား တခြား ငါးပိထောင်းနဲ့ကို မတူဘူး စားလို့ကောင်းလို့
Sorry sis yay , I am not allowed to post family’s secret recipes 🙂
အိသက်ရေအန်တီလဲခလေးတွေငယ်ငယ်ကမုန့် တွေလုပ်စားဖြစ်ပါတယ်။ဒါပေမဲ့ ဒါလေးကိုတော့ အခုမှသိတယ်။ကျေးဇူးနော်သမီးရေ။
ဒီလိုတစ်ခါမှ မလုပ်ဘူးလို့ လုပ်ကြည့်လိုက်အုံးမယ်