Crayfishပုဇွန်လုံးလေးချဉ်စပ်ချက်
Crayfishလို့ခေါ်တဲ့ပုဇွန်လုံးလေးတွေကို ဒီနိုင်ငံမှာ အသီးအရွက်Salad တွေထဲ ထဲ့စားကြတယ် နောက်ပြီးပေါင်မုန့်နဲ့ Sandwich လိုစားကြပါတယ်။ အိသက်ကတော့ အဲဒီ၂မျိုးလုံးကို သိပ်အကြိုက်ကြီးမဟုတ်ပါ၊ ဒါပေမဲ့ Crayfish ကိုတော့အရမ်းကြိုက်ပါတယ်။ များသောအားဖြင့် Crayfish ကိုပြုတ်ပြီး အအေးစား လဲရပါတယ်။ မညှီပါဘူး၊ ချိုတယ်၊ ရေချိုမှာလဲတွေ့ရတတ်ပါတယ်၊ဆွီဒင်လူမျိုးတွေက Crayfish party ရယ်လို့လုပ်ပြီး Crayfish ချည်းပဲ တနေကုန်စားတဲ့နေ့ကျင်းပလေ့ရှိပါတယ်။ အိသက်က အဲဒါကို အစပ်ချက်စားပါတယ်။ အလွန်အရသာရှိတာတွေ့ရပါတယ်။ အရမ်းလဲကြိုက်ပါတယ်။
ချက်နည်းလေးကြည့်ရအောင်။
ပါဝင်ပစ္စည်းများ
– Crayfish ၅၀၀ ဂရမ် ( ၃၀သားခန့်)
-ကြက်သွန်နီကြီးကြီး၁လုံး
-ကြက်သွန်ဖြူ၃မွှာ
-ဂျင်းpaste ၁ဇွန်း(စားပွဲတင်)
-ငရုတ်သီးခွဲခြမ်း၃ဇွန်း(စားပွဲတင်)
– Korea chilli paste ၁ဇွန်း(စားပွဲတင်)
-သံပရာရည်၁ဇွန်း(အချိုဇွန်း)
-ဆား၊ ကြက်သားမှုန့် ၂ဇွန်း၊ အရောင်တင် ၁ဇွန်း(အချိုဇွန်း)
-နံနံပင်နဲနဲ
ကြက်သွန်များကို ဂျင်းနဲ့ရောထောင်းထားပါ။ ပထမဆုံး ကြက်သွန်များကို ဆား၊ ကြက်သားမှုန့် ၂ဇွန်း၊ အရောင်တင် ၁ဇွန်း တို့ထဲ့ကာ ဆီသတ်ပါ။ ကြက်သွန်နွမ်းရင်ငရုတ်သီးခြမ်း ထဲ့ကာ လုံးပါ။
ပြီးမှ Crayfish ရော Korea chilli paste ရောပြီး လုံးကာ ၁မိနစ်အကြာ ရေနွေး ရေနွေးခြမ်းပန်းကန် တလုံးခန့်ထဲ့ သံပရာရည်ထဲ့ကာ အဖုံးခဏအုပ်ပြီးထားပါ။
ဆီပြန်ရင်နံနံပင် အုပ်ပြီး ထမင်းပူပူနဲ့ သခွါးသီးအေးအေး ကျွတ်ကျွတ်လေးများ နဲ့တွဲစားရင်းအလွန်အရသာရှိသော ဟင်းတခွက်စားသုံးနိုင်ပါပြီ။
ဟင်းအစပ်ချက်ဆိုအားလုံးကြိုက်တယ်အမရေ…
Thank you Baby 🙂
Thank You .
welcome par 🙂
thank you ma