ငချိတ်ထမင်းကြော်
ဒီထမင်းကြော်က လန်ဒန်က ဆိုင်တဆိုင်မှာ တကယ်ရောင်းတဲ့ ထမင်းကြော်လေးပါ။ နည်းလေးကိုတော့ အသိအကိုကြီးတယောက်ကပြောပြပြီး လုပ်စားကြည့်ပါ ဆိုလို့လုပ်စားကြည့်တာပါ။ စားလို့တော့အတော်ကောင်းပါတယ်။ အထူးအဆန်းလေးပါ။
ပါဝင်ပစ္စည်းများ
-ဝက်သား ၅၀ ဂရမ်
-ပင်လယ်စာအစုံ (ကြိုက်ရာ)
-ပဲသီးစိမ်းအနဲငယ်
-ready madeငါးဖယ်
-ကြက်ဥ၂လုံး
-ကောက်ညှင်းငချိတ်ဆန်၁ခွက်
-ဆား၊ ကြက်သားမှုန့်၁ဇွန်း(အချိုဇွန်း)
-ကြက်သွန်ဖြူ ၊ ဂျင်း အနဲငယ်
-ခရူဆီ ၁ဇွန်း(အချိုဇွန်း)
ပထမဆုံး ကောက်ညှင်းကိုပေါင်းထားပါ။
ဒယ်ပေါ်တွင် ကြက်သွန်ဖြူ ၊ ဂျင်း အနဲငယ် ကိုဆီပူထိုးကာဝက်သား၊ ပုဇွန်၊ ကမာ၊ ငါးဖယ် စသည်တို့ကိုကြော်ကာဖယ်ထားပါ။
ဒယ်ထဲတွင်ကြက်ဥထဲ့ကြော် ပြီးဖယ်ထားကာ ပဲသီးစိမ်းအနဲငယ်ထဲ့ပါ။
ပြီးမှ ငချိတ်ပေါင်းထဲ့ပါ။
ဖယ်ထားသော အသားစုံအကြော်များ၊ ကြက်ဥကြော်ပြီးသားများပြန်ရောပါ။ဆား၊ ကြက်သားမှုန့်၁ဇွန်း(အချိုဇွန်း) ထဲ့ကာ သမအောင်မွှေပေးပါ။
၂မိနစ်ခန့်ကြာရင် ခရူဆီလေးရောမွှေပေးပါ။ အလွန်မွှေးပြီးအရသာရှိသော ငချိတ်ထမင်းကြော်လေးကို အိသက်ကKimchi လေးတွေနဲ့တွဲစားပါတယ်။
အထူးအဆန်းနော်…လုပ်စားကြည့်အုံးမယ်
hote 🙂
this recipe really awesome for me A Ma …seems so yum coz i like black sticky rice.
pls do try mg lay 🙂
It looks yummy… Thanks for sharing a ma..
welcome nyi ma lay 🙂
I never heard of it before. It looks so yummy.
thanks 🙂