ကူလ်ဖီးမလိုင်( စတော်ဘယ်ရီ၊ ချောကလက်၊ Pistachio ၊နို့ )


ကူလ်ဖီးမလိုင်( စတော်ဘယ်ရီ၊ ချောကလက်၊Pistachio ၊နို့ )
အိသက် အမေ့ဆိုင်ကိုရောက်ရင် ပထမဆုံးစားတဲ့အချိုပွဲက ကူလ်ဖီးမလိုင်ပေါ့။ သိပ်လဲမချို သိပ်လဲမပေါ့ပဲ စိမ့်စိမ့်လေးပေါ့။ အရမ်းကြိုက်လို့ ဆိုင်မှာလုပ်ရသလိုမခက်တဲ့အလွယ်နည်းနဲ့ အိမ်မှာလုပ်စားဖြစ်ပါတယ်။ ဒီဒီလေးက အလွန်ကြိုက်ပါတယ်။ လွယ်ပါတယ်နော်။ အိမ်မှာအခုရန်ကုန်က ပို့ထားတဲ့ ကူလ်ဖီးချောင်းအခွံလေးတွေရှိပါတယ်၊ ဆိုင်သုံးတွေပါ။ အိမ်မှာလုပ်စားမယ်ဆိုရင်တော့နှစ်သက်ရာ ပုံစံခွက်ကိုအသုံးပြူနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ( ၁၀ချောင်းစာ) (စတော်ဘယ်ရီ ၃ချောင်း၊ Pistachio ၃ချောင်း၊ ချောကလက်၂ချောင်း၊ မလိုင်၂ချောင်း)
-နို့စိမ်း၂ဘူး
-နို့ဆီ၁ဘူး
-နို့၁/၂ လီတာ
-ဆားနဲနဲ ( ဇွန်းဖျား)
-စတော်ဘယ်ရီ လက်တဆုပ်စာ
-ချောကလက်ပေါင်ဒါ ၂ဇွန်း(စားပွဲတင်)
– Pistachio ၅ခု ၆ခုခန့်
-နို့စိမ်း၂ဘူးနို၊့ ဆီ၁ဘူး ၊ နို့၁/၂ လီတာ၊ ဆားနဲနဲ ( ဇွန်းဖျား)အဲဒါတွေအားလုံးကို ရောကျိုပါ။ မီးမျှင်းမျှင်းနဲ့ဖြေးဖြေးကျိုရင်းပျစ်လာပါမယ်။ပျစ်လာရင် ကော်ဖီခွက်တခုချင်းစီခွဲထဲ့လိုက်ပါ။

 

 
တခွက်စီကို ခြေထားတဲ့စတော်ဘယ်ရီ ၊ ချောကလက်ကိုနွားနို့၁ဇွန်းလောက်နဲ့ဖျော်ပြီးရောပါ၊  Pistachio ကိုထောင်းပြီးရောပါ၊ နို့ကိုတော့ဒီအတိုင်းထားပါ။ ၄ခွက်ပေါ့နော်။ စတော်ဘယ်ရီ နဲ့ Pistachio က weight ပိုများလာလို့ ၃ချောင်းထွက်ပါတယ်။

 pistachio stawberry

  chocolate

အေးသွားရင် မလိုင်အပေါ်ကိုတတ်လာပါမယ်။ အဲဒီအခါကျမှဇွန်းလေးနဲ့ပြန်မွှေပြီး နှစ်သက်ရာပုံစံခွက်ထဲ ထဲ့ပြီး Freezer ထဲထဲ့ကာ အအေးခံလိုက်ပါ။ ခဲပြီဆိုရင်တော့ မလိုင်ဖတ်လေးများနဲ့ ကူလ်ဖီးချောင်းလေးများစားလို့ရပါပြီ။

  

Advertisements

30 comments on “ကူလ်ဖီးမလိုင်( စတော်ဘယ်ရီ၊ ချောကလက်၊ Pistachio ၊နို့ )

  1. thank u ei thet yay sar chin nay tar kyar pyi ,lote ni lay mhya pay tar ayan ayan kyay zu tin par tal 🙂

  2. Thank you naw, Ma. It seems pretty easy to make as per your recipe. I will copy yours very soon. 🙂

  3. ကူလ်ဖီးမလိုင်က ညီမကော၊ ညီမအမျိုးသားပါ နှစ်ယောက်လုံး favourite ပဲ.. အခုလုပ်စားနည်းလေးသိသွားလို့ ကျေးဇူးပါအမ… ဒါပေမဲ့ နောက်ဆုံးအဆင့်ခဲတဲ့ အဲဒီကန်တော့ခွန်သံခွက်လေးတွေရှိဘူးလေအမ.. ကော်ခွက်အလုံပိတ်တွေနဲ့ကော ရလားအမ…

  4. မရေ
    နို့က နွားနို့သုံးလို့ရလား
    ၁/၂လီတာကဘယ်လောက်ထဲရမလဲ
    ဒီမှက၁ဘူးကို1000mlရှိတယ်
    ပြောပေးပါအုံး

    • ဟုတ်မမတင်မာ အရမ်းကောင်းတယ် လုပ်စားကြည့်နော် 🙂

  5. ဆိုင်မှာ လုပ်တဲ့နည်းလေးလဲ အဆင်ပြေရင် ရှယ်ပါဦး အမရေ

  6. ဒါလဲကြ်ုက်တယ်လုပ်စားကြည့် အုံးမယ်

  7. Ma Eithet, i tried to do it, but it did not turn out the way you show on the blog.
    i am trying to figure it out where it went wrong. how long did I have to put the pot on the stove? also, cool down before putting into the mold? please, if you have time, i need the answer for another try. hopefully, it will work out next time.

  8. Pistachio ကိုမြန်မာလို ဘယ်လို ခေါ်ပါသလဲ။ သိချင်ပါတယ်။ ကျေးဇူး။ ငြမ်းမေတ္တာ။

  9. Hi there Ma Ethet

    Could you kindly explain what do you mean by your first ingredient please?
    I get …

    Milk 2 cups?
    Condense milk- 1 can
    Milk half L ? ( I don’t get this bit, considering first ingredient was 2 cups of milk ? )

    Thanks in advance 👍😊

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s