ဆားငံသီးငါးပေါင်း
ဒီမှာတော့ ရန်ကုန် မှာလို ဆားငံသီးလေးတွေကအရမ်းမငံဘူး၊ ရှိတဲ့ ဆားငံသီးလေးတွေနဲ့ပဲ ပေါင်းဆားရတယ်။ အရသာကတော့ အရမ်းကောင်းပါတယ်။ ဒီမှာက ကကတစ်ငါးကဝယ်လို့လွယ်ပါတယ်။ Sea Bass လို့ခေါ်တယ်။
ပါဝင်ပစ္စည်းများ
-ကကတစ်ငါးတကောင်
-ဆားငံသီးနဲနဲ၅ခု ၆ခု
-သံပုရာရည်၂ဇွန်း(စားပွဲတင်)၊ ငံပြာရည်ဇွန်းဝက်(အချိုဇွန်း)
-ဂျင်း အနဲငယ်
-ကြက်သွန်ဖြူ ၂ဥ
-ငရုတ်သီး၂တောင့်
-ရှောက်ရွက်၎ရွက်
-ဆား၊ ကြက်သားမှုန့်၂ဇွန်း(အချိုဇွန်း)
ငါးကိုသန့်စင်အောင်ဆေးပြီး ကိုယ်ထယ်ကို ကြက်ခြေခတ်သဏ္ဍန် ဓားလေးများဖြင့်မွှမ်းထားပါ။
ဆားအနဲငယ်၊ ကြက်သားမှုန့်၁ဇွန်းတို့ဖြင့်နယ်ထားပါ။ ဂျင်းကိုအချောင်းလေးများလှီးထားပါ။
ကြက်သွန်ဖြူ၊ ငရုတ်သီး၂တောင့်တို့ကို ဓားဖြင့် နုတ်နုတ်စဉ်းထားပါ။ သံပုရာရည်၊ ငံပြာရည်၊ ကြက်သားမှုန့်၁ဇွန်း တို့ဖြင့်ရောထားပါ။
ထဲ့ပေါင်းမဲ့ Kitchen Foilမှာဖြစ်စေ၊ ပန်းကန်ပေါ်ဖြစ်စေ ဂျင်း၊ ရှောက်ရွက်၂ရွက်၊ ဆားငံသီးတို့ဖြန့်ခင်းထားပါ။
ငါးကိုအပေါ်ကခင်းကာ ဂျင်း၊ ရှောက်ရွက်၂ရွက်၊ ဆားငံသီးတို့ထပ်တင်ပါ။
ရောထားသော Sauceရည်ကိုအပေါ်ကဖြန့်တင်ပါ။
ပြီးမှ ပေါင်းအိုးထဲကို မိနစ်၃၀ခန့်ရေနွေးခံ ပေါင်းပါ။
အနံအရသာ အထူးကောင်းသော ဆားငံသီးငါးပေါင်းရပါပြီ။
ဆားငံသီး မရှိရင် သံပုရာသီးပါးပါးလှီးများထဲ့ပေါင်းလို့ရပါတယ်။
အိသက်ရေအရမ်းကောင်းမှာနော်။ချက်ကြည့် အုံးမယ်။
Hi, ei. I want to make toe shie. If you have any method, kindly sharing. Thanks
it is already in india recipe အိန္ဒိယတိုရှည်လုပ်နည်း https://htetfamily.com/2012/03/17/%E1%80%A1%E1%80%AD%E1%82%8F%E1%81%B5%E1%80%AD%E1%80%9A%E1%80%90%E1%80%AD%E1%80%AF%E1%80%9B%E1%80%BD%E1%80%8A%E1%80%B9%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%94%E1%80%8A%E1%80%B9%E1%80%B8/