ပုဇွန်ဆီထမင်းကြော်
ခါတိုင်းကိုထက်မေမေက ဝါးခယ်မကပုဇွန်ဆီပို့ပေးတတ်တယ် ဒီရက်ပိုင်းတော့ အိမ်မှာပဲ ပုဇွန်လတ်လတ်တွေ ဝယ်ပြီး ပုဇွန်ဆီထုတ်လိုက်တယ်။ ဝါးခယ်မ မှာပုဇွန်ဆီကို ငှက်ပျောသီးမှည့်နဲ့ တို့စားတယ်ပြောတယ်။ ကိုထက်ကတော့ ပဲသီးတောင့် အရှည်နဲ့ကြော် စားတာပိုကြိုက်ပါတယ်။ ဒီတခါတော့ထိုင်းသွားတုန်းက စားခဲ့တဲ့ ပုဇွန်ဆီနဲ့ကြော်ထားတဲ့ ထမင်းကြော် အတိုင်း ကြော်စားဖြစ်ပါတယ်။ သူတို့က ဆားကြက်ဥကိုပြုတ်ပြီးပြင်ပေးတယ်။ အိသက်က တော့ပုဇွန်အစပ် နဲ့ ပဲစားလိုက်ပါတယ်။ ပုဇွန်အဆီထုတ်တာလေးပါ ရေးပေးလိုက်ပါတယ်။ သပ်သပ်အလုပ်ရှုပ်မခံချင်လဲ ပုဇွန်လတ်လတ်လေးတွေကို သန့်စင်ပြီး ဆီပူထဲမှာကြော်ရင် အနှစ်လေးများကျလာပါတယ်။ ရိုးရိုးထုတ်သလောက်တော့မရဘူးပေါ့နော်။
ပါဝင်ပစ္စည်းများ
-ပုဇွန်လတ်လတ်လေးများ ၇-၈ ကောင်
-ပဲတောင့်ရှည်နဲနဲ( လှီးပြီးသား)
-ready madeသီးစုံ (လိုသလောက်)
-ကြက်ဥ ၂လုံး
-ဂျင်းနဲနဲ၊ ကြက်သွန်ဖြူ ၂မွှာ
-ဆား၊ ကြက်သားမှုန့်၂ဇွန်း
-ပုဇွန်အဆီ ၄ဇွန်းစာ( စားပွဲတင်)
-ထမင်း၂ပွဲစာ
ပုဇွန်ခေါင်းကိုခွါကာ ချီးထုတ်ပြီး ပုဇွန်းဆီနီရဲရဲလေးများကိုဓားနဲ့ခြစ်ထုတ်လိုက်ပါ။ တော်တော်များများရလာရင် သိမ်းထားပြီးခဲထားလိုက်လို့ရပါတယ်။ (စိတ်ရှည်ရင်ပေါ့)
ခုအိသက်က အလွယ်နည်းနဲ့ ပဲ ပုဇွန်လေးများကိုကြော်လိုက်ပါတယ်။ ပုဇွန်ခေါင်းက အနှစ်လေးများကျလာပါမယ်။ ကြော်ပြီးဆီများကို စစ်လိုက်ရင် ပုဇွန်ဆီအနှစ်လေးများရနိုင်ပါတယ်။
ကြော်ထားတဲ့ပုဇွန်လေးများကို ဒီ link မှာကြည့်ပြီး ကြော်ပါ။
အဲဒီဆီနဲ့ကြက်ဥမွှေကြော်ကာ ဖယ်ထားပါ။
ပုဇွန်ကြော်ဆီများများနဲ့ ပဲ ထောင်းထားတဲ့ဂျင်းနဲနဲ၊ ကြက်သွန်ဖြူ ၂မွှာ တို့ကိုကြော်လိုက်ပါ။
ပြီးရင်လှီးပြီးသားပဲတောင့်ရှည်နဲနဲ၊ ready madeသီးစုံ တို့ရောကြော်လိုက်ပါ။
ပြီးမှ ထမင်းထဲ့ရောကြော်ပါ။ဖယ်ထားသောကြက်ဥကြော်များ၊ဆား၊ ကြက်သားမှုန့်၂ဇွန်း ထဲ့ပြီးသမအောင် မွှေကြော်ပါ။
နှံ့ပြီဆိုရင်ပုဇွန်အစပ်ကြော်၊ သခွါးသီး၊ မုန်လာဥ၊ တို့ဖြင့်တွဲဖတ်စားသုံးနိုင်ပါပြီ။
ဒီpost လေးကိုဖတ်ကြသော အိသက်ကိုချစ်သူ၊ မုန်းသူ မည်သူမဆိုပြုံးပျော်ရွှင်စွာ ဟင်းချက်နိုင်ကြပါစေ
We love you sister coz we can learn your cooking and you are generous :).
thank you sis 🙂
မြင်တာနဲ့တင် စားခြင်တာ ပါ
တကယ်ကို ကျေးဇူးတင်တယ် မအိသက်ရေ
လုပ်စားကြည့်နော် 😛
Tks par.. Ma yae…
welcome 🙂
အမ ချက်တာလေးတွေ လာလာကြည့်ရတာအမောပဲ.. လာလိုက်ရင်လဲ အမောပြေပြီး စားချင်စရာလေးတွေချည်းပဲ… အမဟင်းချက်နည်းတွေ ကြည့်ပြီး စမ်းကြည့်တာ အောင်မြင်တာများတယ် အမရေ… ကျေးဇူးပါ.. ဟင်းချက်နည်းတွေ ကို စိတ်ရှည်ရှည် ဝေမျှပေးတာ… ညီမ blog အသစ်လေးကိုလည်း လာလည်ပါနော်…
hote kae 🙂
I already cooked before you cooking but not good like you.Thank for learn me ma.
thank you par naw 🙂
aunty can learn many many kinds of cooking from u.thanks
We always love you and your food. Always appreciate your time and say ta nar for sharing. Wonder who would hate such an adorable stylish lady 🙂
အားလုံးစားချင်တရ်:)
Thanks for the recipe ! Really Cant wait to try this one. Wish Me luck 😀
good luck nyi ma 🙂
ကျေးဇူးပါညီမေ၇….စားလို့ ကောင်းတယ်…..
လုပ်စားကြည့်လို့ကျေးဇူးပါမရေ
လုပ်စားတော့အရမ်းကောင်းပါတယ် ကျေးဇူးပါ ပီဆာလုပ်နည်းလေးတင်ပေးပါ