အမေချက် ပေးနေကျ ဂွေးသီးငပိချက်ကိုအရမ်းကြိုက်ပါတယ်။ လန်ဒန်မှာဂွေးသီးမြင်တာနဲ့ ချက်ချင်းချက်စားမယ်ဆိုပြီး ဖြစ်ရတဲ့ဟင်းပါ။ ဝမ်းသာစွာနဲ့ချက်လိုက်တာ မထောင်းခင် ဓာတ်ပုံရိုက်လိုက်ဖို့မေ့သွားပါတယ်။ အဲဒါနဲ့ Facebook ထဲကအမတယောက် မသီတာသွင် ဓာတ်ပုံ ဆီကဂွေးသီးအလုံးလိုက်ပုံလေးတွေရိုက်ထားတဲ့ပုံကိုခွင့်တောင်းပြီး တင်ထားပါတယ်။ ကြည်ကြည်ဖြူဖြူ သုံးခွင့်ပေးသောအမ မသီတာသွင် ကိုကျေးဇူးတင်ပါတယ်။
ပါဝင်ပစ္စည်းများ
-ဂွေးသီးနုနု (၇-၈လုံးခန့်) English name – hog plum or Ambarella
-ကြက်သွန်ဖြူ၂မြွာ၊ကြက်သွန်နီ ၁လုံး
-ငရုတ်သီးစိမ်း(၆တောင့်)
-ငရုတ်သီးခြမ်းခွဲ၂ဇွန်း(စားပွဲတင်)
-ပုစွန်ခြောက် (လက်တဆုပ်စာ)
-ငါးပိစိမ်းစား (စားပွဲတင်၂ဇွန်းခန့်)
-ဆား၊ကြက်သားမှုန့်၁ဇွန်း(အချိုဇွန်း)
-နနွင်းမှုန့်နဲနဲ
-အရောင်တင်မှုန့်၁ဇွန်း(အချိုဇွန်း)
ဂွေးသီးကို ရေဆေးပြီး လေးစိတ်စိတ်ပေးပါ။ နုတဲ့အတွက်အခွံမခွါပဲ ဂွေးသီးတွေကို ငရုတ်ဆုံတွင် ထောင်းပါ။
ပုစွန်ခြောက်ထောင်းပေးထားပါ။ ငါးပိကိုရေနွေးကြမ်းတလုံးစာရေထဲ့ ဖျော်ထားပေးပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ဆီပူလာရင် ပါးပါးလှီးကြက်သွန်နီများ၊ဖြူများကို နနွန်း၊ငရုတ်သီးအရောင်မှုန်ထည့်ပြီး ဆီသတ်ပါ။ကြက်သွန်ကျွတ်လာရင် ပုစွန်ခြောက်မှုန့်တွေကိုထည့်ပြီး ဆက်မွှေပါ။
ပုစွန်ခြောက်နံ့မွှေးလာပြီဆိုရင်ငရုတ်သီးခြမ်းခွဲထဲ့ ထောင်းထားတဲ့ ဂွေးသီးတွေကို ထည့်ပြီး အားလုံးမွှေပေးပါ။
နှံ့အောင်မွှေပြီးရင် ဖျော်ထားတဲ့ငါးပိအရည်ကို့ထည့်၊ ဆား၊ ကြက်သားမှုန့်ထည့်ပြီး ငရုတ်သီးစိမ်းတောင့်လေးတွေကိုညှပ်၍သော်၎င်း အတောင့်လိုက်သော်၎င်းထဲ့ကာအဖုံးအုပ်ပြီး ဆက်တည်ပေးထားပါ။
၂မိနစ်ခန့်အုပ်ပြီးရင် အရသာမြည်းပြီးဖိုပေါ်ကချလို့ရပါပြီ။
ဒီpost လေးကိုဖတ်ကြသော အိသက်ကိုချစ်သူ၊ မုန်းသူ မည်သူမဆိုပြုံးပျော်ရွှင်စွာ ဟင်းချက်နိုင်ကြပါစေ။
ညီမ အိသက်ကိုချစ်တဲ့သူအဖြစ် ချက်စားပါအုံးမယ် 🙂
thank you naw 🙂 love you too sis 🙂
ဒီလောက်သဘောကောင်းပြီး ဟင်းချက်နည်းတွေမျှဝေပေးနဲ့ အိသက်ကိုမုန်းတဲ့သူရောရှိသေးလို့လားဟင်
လူတိုင်းမှာရှိနိုင်ပါတယ်နွေရေ
🙂
ဟင်းတွေေ၇ာ လူေ၇ာ ချစ်စ၇ာ ကောင်းတယ်။ အမြဲအားပေးနေတယ်။
ကျေးဇူးအထူးတင်ပါတယ် 🙂
i like it very mush.yours cooking is always good. i knew it.
thank you so so much 🙂
hello.. Sis.. Could you please tell me where can i buy hog plum? Indian shops or Thai shops?
sri lankha shop 🙂
thank you sis..can u pls specify the address? i cant wait to cook..thts why..;) sorry to bother you.
tooting market 🙂
Thank you very much sis.. 🙂
အိမ်မှာတော့ ဂွေးသီးကို ထမင်းအိုးနှပ်တဲ့အချိန်ထည့်လိုက်တယ် ပျော့သွားတော့ မထောင်းဘဲ လုံးချက်ပါတယ်… နောက်တစ်မျိုးပေါ့နော်. ..
🙂
အမရေ.. ချက်ထားတာကြည့်ပြီး စားချင်စိတ်တွေထိန်းမရတော့ဖူး . အမ ချက်နည်းလေးကြည့်ပြီး ချက်စားကြည့်ဦးမယ်.. 🙂
de lout sate htar kaung tae ‘ei thet’ ko mone tae thu htat chit tae thu twe po myar hmar par ‘ei thet’ yae………
with love
Chaw
thank you ma chaw yay
🙂
i like it very much ‘ei thet’ yae, thank you naw, btw, de lout sate htar kaung tae ‘ei thet’ hmar mone thu htat chit tae thu twe po myar hmar par……….