ငါးမုတ်ပဲငပိအချိုနှပ်


ငါးမုတ်ပဲငပိအချိုနှပ်
ငါးအချိုနှပ်စားချင်နေတာကြာပြီ၊ ဟင်းကလဲဒီရက်ပိုင်း အိမ်စားကိုမချက်ဖြစ်ဘူး။ ဒီနေ့မှစားဖြစ်တယ်။ အဒေါ် လာလည်တုန်းက ကောင်းကောင်းချက်မကျွေးနိုင်ပဲအလုပ်တွေများလွန်းလို့ အဒေါ်ကတောင်ကိုယ့်ကိုကူသွားရသေးတယ်။ အဲဒီအဒေါ်က အဖွားဒေါ်စောရီ သမီးအလတ်(ဘယ်လိုပြောရမလဲတော့မသိဘူး တို့အဖွားက ရှင်မွေးလွန်း သားသမီး ၉ယောက်ရှိတယ်၊ အမေ့ကိုလဲ အလတ်လို့ပဲပြောကြတယ်)။ ဒီအဒေါ်က အဖွားဒေါ်စောရီနဲ့အတူဆုံး ၊ အပျိုဘဝကတည်းက မိဘကို ဒိုးတူဘောင်ဖက်အလုပ်ကူတဲ့ ပထမဆုံးသမီးတဲ့၊ သင်သွားလိုက်တာ စုံနေတာပဲ၊ အိမ်ထဲအမေ ရောက်နေသလိုခံစားရတယ်၊ အလွမ်းကိုပြေသွားတာပဲ၊ လက်ကလေး နှစ်ဖက်အချင်းချင်း ပွတ်တာကအစ အဖွားရယ်၊ အမေရယ် အဲဒီအဒေါ်ရယ် အတူတူပဲ။ ဒီမနက်လဲပြန်ရောရင်ထဲဟာပြီး ကျန်ခဲ့တယ်၊ တနေ့လုံးဝမ်းနည်းနေရောပဲ။ ထားပါတော့လေ ၊ဒီလိုပဲပေါ့နော် တနေ့ခွဲခွါကြရပါတယ်။ ခုတော့ငါးအချိုနှပ် လုပ်နည်း လေးတင်ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

-ငါးမုတ်၃ကောင်
-Ginger paste နဲနဲ
-ဆနွမ်းနဲနဲ
-မုန်လာဥနီ ၁တောင့်
– water chestnut နဲနဲ
– soy bean၂ဇွန်း(စားပွဲတင်)
-ကြက်သွန်နီ၁ဥ
-ကြက်သွန်ဖြူ ၃မွာ၊ ဂျင်းနဲနဲ
-ပဲငံပြာရေအကြည်၂ဇွန်း( စားပွဲတင်)
-ဆား၊ ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)
-သကြား၁ဇွန်း(အချိုဇွန်း)
-ငရုတ်ချိုအနီ၁တောင့်(ပါးပါးလှီး)
ကြက်သွန်နီ အကွင်းလိုက်လှီးထားပါ။ ကြက်သွန်ဖြူ ဓားပြားရိုက်ထားပါ။


ငါးမုတ်ကိုသန့်စင်ကာ ဂျင်း၊ ဆနွမ်း၊ ဆား နယ်ထားပြီး ကြော်ကာ ဆီစစ်ထားပါ။

 
ဆီပူတွင် ကြက်သွန်နီကွင်း ၊ဖြူ များ ထဲ့ကြော်ပါ။ မုန်လာဥနီများထဲ့ပါ။

ကြက်သွန်နွမ်းပြီ ဆိုရင် water chestnut များထဲ့ပါ။ ပဲငပိ ၊ ပဲငံပြာရေအကြည်၂ဇွန်း( စားပွဲတင်)၊ ဆား၊ ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)၊ သကြား၁ဇွန်း(အချိုဇွန်း) ထဲ့ရေ နဲနဲထဲ့ကာပွက်လာကာ ရေပျစ်ပျစ်ဖြစ်လာရင်ငရုတ်ချိုအနီ၁တောင့်(ပါးပါးလှီး) များနောက်ဆုံးအုပ်ပြီး ကြော်ထားသောငါးကြော်လေးများပေါ်ဆမ်းကာ ပူပူလေးစားလို့ရပါပြီ။

 

 

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s