ဝက်အူအစပ်ချက်


ဝက်အူအစပ်ချက်
ကျမအမေ အမြဲချက်နေကျ ဝက်အူဟင်းလေးပါ။ အမေများစပ်စပ်လေးချက်ပြီဆိုရင် မောင်နှမတွေအလွန်ကြိုက်ကြပါတယ်။ ခုတလော အော်ဒါ ခဏခဏ ချက်ရတဲ့ဟင်းလေးပါ။ ဟင်းလေးတွေလဲမတင်တာကြာပြီမို့ တင်ပေးလိုက် ပါတယ်နော်။


ပါဝင်ပစ္စည်းများ
-ဝက်အူ ၅၀၀ ဂရမ်
-ဂျင်းpaste ၂ဇွန်း(စားပွဲတင်)
-ရှာလကာရေ ၁ဇွန်း(စားပွဲတင်)
-ငရုတ်သီးအကြမ်း ၂ဇွန်း (စားပွဲတင်)
-အရောင်တင်မှုန့်၁ဇွန်း(အချိုဇွန်း)
-ဆနွမ်းမှုန့်၁ဇွန်း(အချိုဇွန်း)
-ကြက်သွန်နီ ၁လုံး၊ ဖြူ ၃မွှာ
-ကြက်သားမှုန့်၂ဇွန်း(စားပွဲတင်)၊ ဆားနဲနဲ
ဝက်အူ ကိုကြက်သားမှုန့်၁ဇွန်း၊ ဆား ၊ ဂျင်း ၊ ဆနွမ်းတို့ဖြင့်နယ်ထားပါ။


ကြက်သွန်များညှက်အောင်ထောင်းပြီး ဆီပူတွင်အရောင်တင်မှုန့်ထဲ့ကာဆီသတ်ပါ။ရှာလကာရေ ၁ဇွန်း(စားပွဲတင်),ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)၊ ဆားနဲနဲထဲ့ပါ။ ကြက်သွန်ရွှေရောင်သန်းရင် ငရုတ်သီးမှုန့်ထဲ့ပါ။

ဝက်အူထဲ့လုံးပါ။ ဝက်အူအရောင်ပြောင်းတဲ့အထိ လုံးပေးပါ။

ပြီးမှ ရေမြုတ်အောင်ထဲ့ပြီး နူးသည်အထိတည်ပေးပါ။ ဝက်အူလေးများနူးပြီး ဆီပြန်ပြီဆိုရင်စားရန်အဆင်သင့်ပါပြီ။

Advertisements

7 comments on “ဝက်အူအစပ်ချက်

  1. sis yay … is that pork fat end ? can find in wing yip ?pls let me know whats the name ..
    me craving so much ..lol
    thanks

  2. ဝက်အူကို တစ်ခါမှချက်မစားဘူးသေးဘူး..
    ညီမလေးပြောသလိုချက်စားမယ်..
    ကျေးဇူးညီမလေး
    🙂

  3. မအိသက်ရေဒီဝက်အူချိုလေးတွေကိုသန့်အောင်ဘယ်လိုသန့်ရှင်းရေးလုပ်ရလဲပြောပေးပါနော်..သူ့ထဲကအကျိအချွဲတွေကိုမရှင်းတတ်ဘူးဖြစ်နေလို့ပါ…

  4. အိသက်ရေ ပုစွန်ချဉ်လေး အရမ်းစားချင်လို့ တခါတုန်းက ကိုယ်တိုင်လုပ်စားတယ် လို့ ဖတ်မိ သလားလို့ ဘယ်လိုလုပ်လဲ ပြောပြပေးပါလား

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s