အိသက်ရဲ့အကြိုက်ဆုံးဟင်းတွေထဲက တမျိုးပါ။ အိသက်တို့အိမ်မှာ နေ့လည်၁၂ နာရီဆိုရင် အဖေ့ဆိုင်က ရန်ကုန်မြို့တွင်း လှည့်ပို့ပြီးအိမ်အတွက် ထမင်းချိုင့်ရောက်လာပါပြီ။အဲဒီဟင်းတွေအများကြီးထဲကမှ ကြိုက်တာမပါလာရင် မမလေးကိုဖြစ်ဖြစ် မမကြီးကိုဖြစ်ဖြစ် အနိုင်ကျင့်ပြီး ဝယ်ကျွေးခိုင်တဲ့ ဟင်းလေးပါ။ အဲဒီထဲမှာပါတဲ့ ငရုတ်သီးကြော်ကိုအရမ်းကြိုက်ပါတယ်။ အဲဒါလေး ခဏခဏလုပ်စားဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ(၂ပွဲစာ)
-ကြက်သားအသားချည်း၃၀၀ ဂရမ်
-ကြက်သွန်နီ ၂လုံး၊ အဖြူ ၃မွှာ
-ကြက်သွန်မြိတ်၁ချောင်း
-water chestnut သစ်အယ်သီး ၁၅၀ ဂရမ်( ပါးပါးလှီး)
-ငရုတ်သီးပွခြောက်(၆တောင့်)
-သီဟိုဠ်စေ့ လက်တဆုပ်စာ
-မုန်လာဥနီ ၁တောင့်(ပါးပါးလှီး)
-ဂျင်း အနည်းငယ်( ပါးပါးလှီး)
-sherryဝိုင်၁ဇွန်း(စားပွဲတင်)
-ပဲငံပြာရေ အကြည်၁ဇွန်း(စားပွဲတင်)
-ပဲငံပြာရေ အနောက်၁ဇွန်း( စားပွဲတင်)
-ကြက်သားမှုန့်၂ဇွန်း(စားပွဲတင်)၊ဆားနဲနဲ
-သကြား၁ဇွန်း(အချိုဇွန်း)
ကြက်သားကို အနေတော်တုံးပြီး ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)၊ဆားနဲနဲနဲ့ နယ်ထားပါ။
ဆီကိုအပူပေးကာ ငရုတ်ပွသီးထဲ့ကြော်ပါ။ ကျွတ်ပြီဆိုရင် ဆယ်ထားပါ။
အဲဒီဆီထဲမှာပဲကြက်သားထဲ့ကြော်ပါ.ရွှေဝါရောင်ဖြစ်ရင် ကြက်သားကျက်ပြီဆိုရင်ဆယ်ထားပါ။ ကြက်သွန်နီ၊ ဖြူ ၊ဂျင်း တို့ကို ဆီတွင်ထဲ့ကြော်ပါ။ ငရုတ်သီးကြော်ဆီရဲ့အရသာ အစပ်လေးကြက်သားမှာပါစေချင်လို့ပါ။
ကြက်သွန်နီ၊ ဖြူ ၊ဂျင်း တို့ကို ဆီတွင်ထဲ့ကြော်ပါ။
ကြက်သွန်ကျက်ရင် မုန်လာဥနီလေးများထဲ့ပါ။
ပြီးရင်ကြက်သားရောကာ ဝိုင် ပဲငံပြာရေ အကြည် အနောက်၊ သကြားတို့ရောကာ သစ်အယ်သီး ၊ ကြော်ပြီးသား ငရုတ်ပွသီး၊ သီဟိုဠ်စေ့ တို့ထဲ့ပြီး ကြော်ပါ။
နောက်ဆုံးမှာ ကြက်သွန်မြိတ် များဖြူးကာ အဆင်သင့်စားလို့ရပါပြီ။
ညီမလေးအိသက်ရေ…
အစ်မခရီးသွားနေလို့ ညီမလေးရဲ့ဟင်းလေးတွေနဲ့ဝေးသွားတယ်..
ဟင်း ၅မျိုး ၆မျိုးလောက်နဲ့ကိုဝေးသွားတာ..
အခုမှပဲအတိုးချပြီး ညီမလေးချက်ထားတာတွေကိုစားလိုက်ပြီ..
ကျေးဇူးညီမလေးရေ
🙂
မရေ အများကြီးမတင်ဖြစ်ဘူး ဒီရက်ပိုင်း
မအိရေ … ၀ိုင် မရှိရင် ရော ဒီတိုင်းပဲကြော်လို့ ရလား… ဒါမမဟုတ် ဘာများအစားထိုးထည့်ရအုံးမလဲ ပြောပြပေးအုံးနော်
yes u can ma . i just used it for small 🙂
I also like it 🙂
thank you phyu 🙂
အိသက်ရေ ရန်ကုန်အလွမ်းပြေလုပ်စားလိုက်တယ် မ ကခင်ဖြိုးဟန်အမ ဖြူလေးဟန်ရဲ့ ယောင်းမပါ အိသက်ရဲ့ ဟင်းလေးတွေကို ဖတ်ပြီး အမြဲလုပ်စားဖြစ်တယ်
မအိသက် ရဲ့ blog လေး ဖတ်ရင်းအခု ဟင်းတွေတော်တော်ချက်တတ်နေပြီ
ကျေးဇူးအရမ်းတင်ပါတယ်နော်
ဗမာပြည်မှာနေတုန်းက ဓနုဖြူဒေါ်စော်ရီ က ခဏခဏ ချိုင့် ဆွဲ စားဖြစ်တယ်
အကြိုက်ဆုံးဗမာ ထမင်းဆိုင်ပါ
ကျေးဇူးတင်လိုက်တာ အဲလိုရေးပေးတာလေးကို 🙂