ဂဏန်းပျော့အစပ်ဟင်းလေးကိုပါ တင်ပေးပါဆိုလာတဲ့သူငယ်ချင်းလေး စန္ဒီဆုမွန်အတွက်ပါ။ ကျမ သူငယ်ချင်းလေး က ဒီလိုအချက်အပြုတ်တွေ စိတ်ဝင်စားလာတာ တော်တော်အံ့ဩပါတယ်။ လသာ ၂ မှာတုန်းက ကျမသူငယ်ချင်းတွေထဲမှာတော်တော်ကို သီးခံခြင်းပါရမီနဲ့ပြည့်စုံသူပါ။ ဘယ်သူနဲ့မှရန်ဖြစ်တာမတွေ့ဘူးပါ။ ယောက်ျားလေး ဆန်ဆန်နေတတ်သူလေးပါ။ ဟုတ်ကဲ့ သူအစောဆုံး ယောက်ျားယူသွားပါတယ်။ သားလေးတောင်တော်တော်ကြီးပြီ ထင်တယ်။ သူ့အတွက် အထူးတင်ပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
-ဂဏန်းပျော့( ၅ကောင်)
-ကော်မုန့် ၁ဇွန်း(အချိုဇွန်း)
-ကြက်ဥ၁လုံး
-ကြက်သွန်နီ ၁လုံး၊ ဖြူ
-ငရုတ်သီးစိမ်း၁တောင့်
-အရောင်တင်မုန့်၁ဇွန်း(အချိုဇွန်း)
-ငရုတ်သီးခွဲခြမ်း၁ဇွန်း(စားပွဲတင်)
-ပဲငံပြာရေ ၁ဇွန်း(အချိုဇွန်း)
-တရုတ်နံနံ ၁ပင်
-ကြက်သွန်မြိတ်၁ပင်
-ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)၊ ဆားနဲနဲ
ဂဏန်းလေးများကို ဒီpostလို ကြော်လိုက်ပါ။
ပြီးရင် ကြက်သွန်နီ၊ ဖြူ ကိုမညက်တညက်ထောင်းကာအရောင်တင်မှုန့်၊ငရုတ်သီးပါးပါးလှီးများ၊ ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)၊ ဆားနဲနဲ နဲ့ဆီသတ်လိုက်ပါ။ ပဲငံပြာရေ ၁ဇွန်း(အချိုဇွန်း)ပါထဲ့ပါ။
ကြက်သွန်ကျက်ရင်ရေနဲနဲထဲ့ပေးပါ။
ပွက်ရင် ကြက်ဥနဲ့ကော်မုန့်ရောမွှေထားသော အရည်များလောင်းထဲ့ပြီးအဆက်မပြတ်မွှေပေးပါ။
ကြော်ပြီးသား ဂဏန်းလေးများရောလို့ရပါပြီ၊ ရောချိန်မှာ တရုတ်နံနံ ၁ပင်၊ကြက်သွန်မြိတ်၁ပင် တို့ကို အုပ်ပေးပါ။
ခပ်စပ်စပ်ဂဏန်းပျော့ဟင်းလေးရပါပြီ
hi beautiful blog. We have a big classified site in Myanmar. Please visit us back at: http://ads.com.mm/?cid=4fd60e51e4b0fa6db841e336&utm_campaign=ads_mm_lb_blog_phung&utm_source=ads_lb_blog&utm_medium=lb_blog
ထန်းသီးမုန် လုပ်နည်းလေးသိ ရင်share ပါအုန်း
hote 🙂
My lovely fri , I can’t comment here last time ? Why ? ( this message also test mail )
dont know tha ngae chin 🙂