ဂဏန်းပျော့ကြော်
ဂဏန်းပျော့ကတော့ရန်ကုန်မှာတော့ အရမ်းဈေးသက်သာပါတယ်၊ ဒီမှာတော့ ဈေးကြီးပါတယ်။ အရမ်းကြိုက်ပါတယ်ဆိုတော့ ယောက်ျားခမြာမနေသာ ဝယ်ကာပေးရရှာပေါ့လေ၊ သူက ဂဏန်းပျော့ကို အကြော်ပဲစားပါတယ်။ အိသက်က အကျွတ်ကြော်ရော ဟင်းရောစားတော့အစပ်လေးချက် စားဖြစ်ပါတယ်
ပါဝင်ပစ္စည်းများ
-ဂဏန်းပျော့၅ကောင်
-ဂျင်း ၁ဇွန်း( စားပွဲတင်)
-ကြက်ဥ၁လုံး
-နွားနို့ ဟင်းချက်ဇွန်း ၁ဇွန်း
-အကြော်မှုန့်၂ဇွန်း( ဟင်းချက်ဇွန်း )
-ကြက်သားမှုန့်၃ဇွန်း( စားပွဲတင်)
-ငရုတ်ကောင်း၁ဇွန်း(အချိုဇွန်း)
– oregano powder၁ဇွန်း(အချိုဇွန်း)
-garlic powder ၁ဇွန်း(အချိုဇွန်း)
ဂဏန်းများကို ကြက်သားမှုန့်၁ဇွန်း၊ ဂျင်းတို့ဖြင့်ရောထားပါ။
ကြက်ဥကိုခလောက်ကာနွားနို့ရောလိုက်ပြီး ငရုတ်ကောင်းထဲ့မွှေပါ။
အကြော်မှုန့်ထဲကို ကြက်သားမှုန့်၂ဇွန်း, oregano powder၊ garlic powder တို့ထဲ့မွှေထားပါ။
ပြီးမှ ဂဏန်းလေးများကို ကြက်ဥနွားနို့ရည်ထဲနှစ်ကာ အကြော်မှုန့်ကိုလူးပြီး ဆီပူတွင် ရွှေဝါရောင်သန်း ကာကျွတ်သည်အထိကြော်ပါ။
ရနံ့မွှေးမွှေးဂဏန်းပျော့ကြော်ကျွတ်ကျွတ်လေးရပြီ ဆိုရင် ဖြင့်တွဲကာစားသုံးနိုင်ပါပြီ။
Chit Fri, I would like to know how do u cook curry soft shell crab ?thanks a lot 🙂
ok ok i will post it naw 🙂
ဂဏန်းကစားရတာခက်ပေမယ့် တော်တော်အရသာရှိတယ်နော်..
တစ်ခါတစ်လေတော့ချက်စားတယ်..ဒီတစ်ခါညီမလေးပြောသလိုကြော်စားမယ်နော်..
ကျေးဇူးညီမလေး
🙂
ဟုတ်တယ် မရေ တော်တော်စားကောင်းတယ် 🙂
စားကောင်းတယ်.ကျေးဇူးဘဲနော်.
thanks for trying naw 🙂