ငါးကျည်းမကျည်းနှစ်အစပ်ချက်
ဒီရက်ပိုင်းမှာ အိမ်မှာရောက်နေတဲ့မောင် တဝမ်းကွဲလေးက ငါးတို့ ဂဏန်းတို့အရမ်းကြိုက်ပါတယ် သူ့အဒေါ်ကျမအမေဒေါ်ခင်မျိုးချစ်(နံမည်အရင်းမဟုတ်ပါ ရွဲ့ရေးတာပါ) ကလဲ Internetကနေကျမဒီလောက်ချက်ကျွေးနေပါရဲ့နဲ့ မနက်ဆိုဘာဟင်းချက်တာတုံး မောင်လေးကြိုက်တာချက်ရဲ့လား၊ ငါးဟင်းချက်ရဲ့လား၊ ဂဏန်းချက်ပြီးပြီလား နဲ့ လာလည်တဲ့ကလေးတောင်ကျမကိုအားနာလာရတဲ့အထိပါပဲ၊ ခုဒီငါးဟင်းလေးက အိသက်မမကြီးချက်တဲ့ပုံစံအတိုင်းချက်တာပါ။ အရည်လေးဆမ်းစားရတာကို ကိုအရမ်းကြိုက်ပါတယ်။ ချဉ်ချဉ်စပ်စပ်လေးပေါ့။
ပါဝင်ပစ္စည်းများ
-ငါးကျည်း၁၅ကောင်
-ကြက်သွန်နီ၁လုံး၊ ဖြူ ၃မွှာ
-ငရုတ်သီးခွဲခြမ်း၂ဇွန်း(စားပွဲတင်)
-မကျည်းသီးနှစ် ၃ဇွန်း(စားပွဲတင်)
-စပါလင်၁ချောင်း
-ဂျင်း၁ဇွန်း(စားပွဲတင်)
-မဆလာ၂ဇွန်း(စားပွဲတင်)
-ဆနွမ်း၁ဇွန်း(စားပွဲတင်)
-ကြက်သားမှုန့်၃ဇွန်း(စားပွဲတင်)၊ ဆားနဲနဲ
-ငံပြာရည်၁ဇွန်း(အချိုဇွန်း)
-နံနံပင်
ငါးကျည်းလေးများကိုသန့်စင်ပြီး ဂျင်း၊ ဆနွမ်းတို့နဲ့ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)၊ ဆားနဲနဲဖြင့်နယ်ထားပါ။
ကြက်သွန်ထောင်းများကို စပါလင်၊ ငရုတ်သီးခြမ်းများထဲ့ကာဆီသတ်ပါ။ ကြက်သားမှုန့်၂ဇွန်း၊မဆလာထဲ့ပါ။
အနံ့မွှေးလာပါလိမ့်မယ်။ ကြက်သွန်နွမ်းရင် ငါးများထဲ့ကာလုံးပါ။
၁မိနစ်ခန့်လုံးပြီး မကျည်းရေထဲ့ပါ။
ငံပြာရည်၁ဇွန်း(အချိုဇွန်း) ထဲ့ကာအဖုံးခဏအုပ်ထားပါ။
ဆီပြန်ရေကျန်အနေမှာ ငါးလေးများနူး လာပြီဆိုရင် နံနံပင်များထဲ့ပါ။
အနံ့သင်းသင်း ငါးကျည်းဟင်းချဉ်စပ်လေးရပါပြီ။
စားချင်တယ်ညီမလေးရေ..
အရမ်းကိုအရသာရှိမှာပဲ..
🙂
🙂
sis ..how to call ငါးကျည်း in English?
Sccobranch catfish @ Scorpian catfish 🙂 you can check fish name in english here sis
https://htetfamily.com/%e1%80%b1%e1%80%9b%e1%80%9e%e1%80%90%e1%81%b1%e1%80%9d%e1%80%ab%e1%80%99%e1%80%ba%e1%80%ac%e1%80%b8-seafood-and-fresh-water-fishes/