ဖက်ထုပ်ကြော်လေးလုပ်စားဖြစ်ပါတယ်။ ဖက်ထုပ်ခေါက်တဲ့နည်းလေးများပါတင်လိုက်ပါတယ်နော်။
ပါဝင်ပစ္စည်းများ(၄၀ခု)
-ဝက် (သို့) ကြက် အသားmince ၃၀၀ ဂရမ်
-ကြက်သွန်မြိတ် ၂ပင်
-ဂေါ်ဖီ ၅၀ ဂရမ်
-ပဲငံပြာရည်အကြည်
-သကြား ၁ဇွန်း(စားပွဲတင်)
-ဆားနဲနဲ၊ ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)
ကြက်သွန်မြိတ်၊ ဂေါ်ဖီတို့ကို ပါးပါးလှီးပြီး ဓားနုတ်ပေါက်ထားပါ။
အသားများကို ပဲငံပြာရည်အကြည်၊ သကြား ၁ဇွန်း(စားပွဲတင်)၊ ဆားနဲနဲ၊ ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)၊ တို့နဲ့ရောနယ်လိုက်ပါ။
ဖက်ထုပ်အပြားလေးများကို အဝိုင်းလေးများသုံးပါတယ်။
အသားထဲ့ပြီးဒီလို တဝက်ခေါက်ပြီးကပ်လိုက်ပါ
ဒီလိုလေး ကွေးပြီးကပ်လိုက်ပါတယ်။
နောက်တမျိုးဒါကလေးထောင့်
နောက်တမျိုး
အနား၂ဖက်ကိုအထဲသွင်းပြီးဖိခေါက်လိုက်ပါ။
ဆီပူမှာမြုတ်အောင် မီးအနေတော်နဲ့ ကြော်ပါ။ ၅မိနစ်ခန့်ကြော်လိုက်ပြီး ဆယ်ပြီးပူပူလေးအချဉ်ရည်နဲ့တွဲစားနိုင်ပါပြီ။ ပေါင်း စားလို့လဲရပါတယ်
အချဉ်ရည်
-ကြက်သွန်ဖြူ၂ဥပါးပါးလှီး
-ငရုတ်သီးစိမ်း၁တောင့်ပါးပါးလှီး
– soy sauce ၇ဇွန်း(စားပွဲတင်)
-ကြက်သားမှုန့်၁ဇွန်း(အချိုဇွန်း)
– နှမ်းဆီ ၃စက်ခန့်`
အားလုံးရောမွှေလိုက်ပါ။ အချဉ်ရည်ရပါပြီ။
woww… nice nice .. love it dumpling.
🙂
yammy yammy Ma ei .I made sometimes and that is my family favourite food.Your blog is great and I always visit your blog.Thanks alot for sharing.
welcome par 🙂
Hi ei, can you let me know the dumpling sheet sample , is it the same as spring roll sheet or not.my hubby wanna eat so much when he saw ur fried dumpling but i didn’t find this sheet at supermarket around my home.may b i don’t know that sheet ;D.
http://t3.gstatic.com/images?q=tbn:ANd9GcT22AtAV7SDaWqZnD5htlZzqqG1jpCtr4I8q8v-HEm7YYIeO7tV4z5CjiFsLg
ပုံစံမျိုးစုံနဲ့ဖက်ထုပ်ကြော်လေးတွေက စားချင်စရာပဲညီမလေးရေ..
လုပ်စားမယ်နော်..
ကျေးဇူးညီမရေ
ဓါတ်ပုံလင့်လေးပေးတဲ့ အတွက်ရောဖက်ထုပ် ကြော်နည်း ၊ဖက်ထုပ်ခေါက်နည်း ပါပေးတဲ့ အိသက်ကို ကျေးဇူးတင်ပါတယ်..
welcome par naw 🙂
ဖက်ထုပ်ကလေးတွေကပုံစံမျိုးစုံနဲ့ စားချင်စရာလေး လုပ်စားကြည့်အုံးမယ် ကျေးဇူးပါပဲနော်
hote ma su 🙂
မအိသက်ရေ… ဖက်ထုပ်လေးတွေကိုခေါက်ပီး ကွာမသွားအောင်လို့ အပေါ်က ဂျုံမှုန့် လေးတွေ ဖြူးထားတာလား.. ဒါမမဟုတ် ဒီတိုင်းထားလည်း ရလားဟင်..
အနားလေးတွေ ရေဆွတ်ပြီးခေါက်တာပါ ဒီတိုင်းပဲညီမ မကွာသွားဘူး 🙂
အစ်မရေဖက်ထုပ်လုပ်ဖို.ဂျုံကိုဘယ်လိုအချိုးအစားနဲ.ထည့်ပြီးနယ်ရသလဲဆိုတာလေးပြောပြပေးပါလား..ပြီးတော.အစ်မရဲ.အသေးစိတ်ရှင်းပြပြီးတင်ပေးတာတွေအတွက်ကျေးဇူးပါနော်၊ဘာမှမသိတဲ.ကျွန်မတို.အတွက်လုပ်နည်းလေးတွေအတွက်အရမ်းကျေးဇူးတင်ပါတယ်
sis yay, i will do it one weekend naw.:)
အစ်မရေ အစ်မ တင်ထားတဲ့ post အားလုံးက ကျနော့် အကြိုက်တွေချည်းပဲ တစ်ခုလောက် မေးပါရစေ five spice powder ဆိုတာ ဘာကို ပြောတာလဲ ပြောပြပေးလို့ ရမလား တင်ထားတဲ့ post တွေ အားလုံး အတွက် ကျေးဇူး အရမ်းတင်ပါတယ် ကျနော်က အချက်အပြုတ် ၀ါသနာပါလို့ပါ 🙂
တရုတ်မဆလာပါ.အားပေးတဲ့အတွက်ကျေးဇူးပါ 🙂
a ma ,phat htoke ko d a taing paung yin kaw ya lar?
ya tae nyi ma lay 🙂
ဖက်ထုပ် ဖတ်လုပ်နည်းပါတင်ပေးပါ
ကျေးဇူးပဲ မအိသက်ရေ..။ ဖက်ထုပ်အလှည့်ရောက်လာပြီ..။
hote 🙂