ခရမ်းသီးငပိအစပ်ချက်


ခရမ်းသီးအရမ်းကြိုက်ပါတယ်။ ပထမဆုံးမယ်မယ်ရရ စချက်ဖူးတဲ့ဟင်းလေးပါ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းကစွဲစွဲမြဲမြဲ မကြာခဏချက်တတ်တဲ့ ဟင်းလေးပါ။ ရိုးရိုးပုဇွန်ခြောက်နဲ့နှပ်စားတတ်သလို ခရမ်းသီးပေါက်စတွေကိုငပိနဲ့ခုလို စပ်စပ်လေး အညာနှပ်လေးလဲကြိုက်ပါတယ်။

ပါဝင်ပစ္စည်းများ( ၅ပွဲစာ)

-ခရမ်းသီးပေါက်စ ၁၅လုံး
-ငပိ ၃ဇွန်း ရေဖျော်ပြီး(စားပွဲတင်)
-ငရုတ်သီးစိမ်း၁၀တောင့်
-ငံပြာရည်၁ဇွန်း(စားပွဲတင်)
-ကြက်သားမှုန့်၂ဇွန်း၊ ဆားနဲနဲ
-ကြက်သွန်နီ၂လုံး၊ ဖြူ ,ပုဇွန်ခြောက်နဲနဲ
-နံနံပင်
-ဆနွမ်းဇွန်းဝက်(အချိုဇွန်း)
ကြက်သွန်ဖြူ၊ နီများ၊ ပုဇွန်ခြောက်နဲနဲ  , ငရုတ်သီးများကို ညက်အောင်ရောထောင်းထားပါ။ ဆီနဲနဲတွင်ဆနွမ်ြး ဖင့် ဆီသတ်ပါ။

  

ကြက်သားမှုန့်၊ ဆားတို့ထဲ့ပါ။ ကြက်သွန်ကျက်ပြီ ဆိုရင် ခရမ်းသီးလေးများထဲ့ကာ ၃မိနစ်ခန့်လုံးပါ။

ပြီးမှငပိရေဖျော်ထားတာများထဲ့ကာ ခနအုပ်ထားပါ။

ငံပြာရည်ထဲ့ပါ။ ခရမ်းသီးနှပ်လေးနူးပြီဆိုရင် အရသာမြည်းကာ နံနံပင်ဖြူးပြီး ထမင်းပူပူဖြင့်စားနိုင်ပါပြီ။ ခပ်စပ်စပ်လေးအလွန်ကောင်းပါတယ်။

 

Advertisements

3 comments on “ခရမ်းသီးငပိအစပ်ချက်

  1. ညီမလေးရေ..
    ငပိက စိမ်းစားငပိလား..ရေချိုငပိလား.?.
    ငပိလည်းကြိုက် ခရမ်းသီးလည်းကြိုက် … ညီမလေးကအချက်အပြုတ်လည်းကောင်း ပိုပြီးစားချင်လာအောင်လည်းပြောတတ်တော့ အညာချက်လေးကိုချက်စားမယ်..
    ကျေးဇူးညီမလေးရေ..
    🙂

  2. Hi, ma ei
    this is really awesome dish.
    i just cooked it. so so yammy (heart hti tel) 😀
    thanks 4 yr recipe

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s