ရွှေတောင်ခေါက်ဆွဲကို အိသက် စားဖူးတာ ဟိုးအရင် မစောမြတ်စု တို့ယောက္ခမအိမ်မှာပါ။ ဘယ့်နဲ့ အိသက်က ဒီအိမ်မှာစားဖူးပါလိမ့်ပေါ့နော်။ ဟုတ်ကဲ့ မစုနဲ့ကိုဇေယျာတောင် အကြောင်းမပါသေးပါ။ ဒီလိုပါ မစု အမျိုးသားနဲ့ အိသက်မမလေး အမျိုးသားက ညီအကိုတဝမ်းကွဲပါ။ မမလေးရဲ့ အမျိုးသားရဲ့အဒေါ်ပါ။ မေမေချစ် လို့ခေါ်ပါတယ်။ အရမ်းချစ်ဖို့ကောင်းပါတယ်။ အိသက် ကိုလဲ စကားပြောရင် သမီးအိသက်လို့ ညှင်းသာစွာအရင်ခေါ်ပြီး Vzo ပြောတတ်ပါတယ်။ ကိုယ့်အမေ ကိုအရမ်းသတိရတုန်း မေချစ်ကလဲ နိုင်ငံခြားရောက်နေတဲ့အခါ ပြောဖြစ်တယ်။ အမေ့ကိုလဲတော်တော်အလွမ်းပြေပါတယ်။ အဲဒီတုန်းက မေးလိုက်တာပါ၊ မေချစ်ချက်ကျွေးဖူးတဲ့ ရွှေတောင်ခေါက်ဆွဲလေးကောင်းလွန်းလို့ ဆိုတော့ ကသင်ပေးတာပါ။ အဲဒီနည်းလေးအတိုင်းချက်ပါတယ်။
ကြက်သားဟင်းချက်ရန်ပါဝင်ပစ္စည်းများ
-ဂျုံခေါက်ဆွဲခြောက် ၁ထုပ်
-ကြက်သား၁ကောင်
-အုန်းနို့၁ဘူး
-ငရုတ်အရောင်တင်မှုန့် ၁ဇွန်း(စားပွဲတင်)
-ဆနွမ်း၁ဇွန်း(အချိုဇွန်း)
-ဆား၊ ကြက်သားမှုန့် ၂ဇွန်း(စားပွဲတင်)
-ကြက်သွန်နီ၁လုံး၊ ဖြူ၃မွှာ(ထောင်းထား)
ကြက်သားကို အသားနဲ့အရိုးနွင်ထားကာ အရိုးကို ကြက်သွန်ဖြူ ဆားထဲ့ပြုတ်ထားပါ
ဆီပူတွင် ကြက်သွန်ထောင်းထားတာများထဲ့ ဆီသတ်ပြီး ကြက်သားတုံးလေးများထဲ့ချက်ပါ။ ဆား၊ ကြက်သားမှုန့် ၂ဇွန်းထဲ့ပါ။အုန်းနို့အရည် ကြည်အပါအဝင် ဘူးရဲ့ ၃ပုံ ၁ပုံထဲ့ပါ။ ရေ နို့ဆီဗူး ၂ဘူးစာထဲ့ ပြီးဆီပြန်ရေကျန်ချက်ပါ။
ကျန်အုန်းနို့များကို ဆီပြန်သည်အထိ အုန်းဆီအနှစ်ချက်ထားပါ။
ဆီပူတွင် ဂျုံခေါက်ဆွဲ ၊ ဆန်ခေါက်ဆွဲပြားများကို ကျွတ်ရွအောင်ကြော်ပြီးဆီစစ်ထားပါ။
လက်ကျန်ဆီနဲ့ ငရုတ်သီခြမ်းကွဲများကြော်ထားပါ။
ခေါက်ဆွဲပြုတ်ထားပါ
ပြင်ဆင်ရန်
ဂျုံခေါက်ဆွဲဖတ်များ ကိုပန်းကန်ထဲ ထဲ့ကာ အပေါ်ရံတွင် ကြက်သားဟင်း၊ အုန်းဆီအနှစ်၊ ပဲမှုန့်အကျက်၊ ကြက်သွန်မြိတ်၊ ငရုတ်သီးထောင်းကြော်၊ ငံပြာရည်၊သံပရာရည်၊ ဂျုံခေါက်ဆွဲကြွပ်ကြော် မွမ်းမံစားသုံးနိုင်ပါပြီ၊ ပွက်ပွက်ဆူသော ကြက်ပြုတ်ရည်ပူပူကို ငရုတ်ကောင်းခတ် ကြက်သွန်မြိတ်ဖြူးကာ တွဲဖက်စားသုံးနိုင်ပါပြီ။
ရွှေတောင်ခေါက်ဆွဲ အရမ်းကြိုက်တယ် မမ.. လုပ်နည်းမသေခြာလို့  မလုပ်ဖြစ်ဘူး.. အခုတော့ လုပ်စားကြည့်အုံးမယ် မမ ရေ .. ကျေးဇူးပါ။။
ညီမလေးရေ…
အရမ်းကြိုက်ပေါ့..
ရွှေတောင်ခေါက်ဆွဲချက်နည်းလေး သိချင်နေတာကြာပြီ..
ဒီတစ်ပတ်ချက်စားမယ်..
အခုတော့ ညီမလေးချက်ထားတွေအကုန်စားသွားပြီနော်..
ကျေးဇူးညီမလေး..
🙂
အိသက်ရေ … ဒီစနေ၊တနင်္ဂနွေ မှာ ဘာ ချက်ရမလဲလို. ခေါင်းစားနေတာ … ခုတော.အဆင်ပြေသွားပြီ … အိသက်နည်းနဲ. ရွေတောင်ခေါက်ဆွဲ ချက်မယ် ….. ကျေးဇူးအထူးတင်၏ …. ကျန်းမာရွင်လန်းပါစေ ….
do you like it ma chaw su 🙂
Hi Ei Thet
Yes …. It’s very delicious.
Thank you.
Love
Su
🙂
mama yay.. the noodle that we have to do deep fry is dried noodle or the noodle that is already boiled.
ကျေးဇူးပါ…ချက်စားကြည့်လိုက်အုံးမယ်နော်…
လာဖတ်ရင်း နည်းလေးယူသွားပါတယ်ရှင့် .. ကျေးဇူးအများကြီးတင်ပါတယ်နော် ..♥ 🙂
ခုလိုဟင်းချက်နည်းလေးတွေတင်ပေးတဲ့အတွက်အရမ်းကျေးဇူးတင်ပါတယ်
အိမ်မှာ ပိတ်ရက်တိုင်း တခုခု လုပ်စားဖြစ်ပါတယ် ..မအိသက် ဆီက မုန့်လုပ်နည်းတွေတမျိုးပီးတမျိုးလုပ်စားနေပါတယ်.. မအိသက် ကျန်းမာပါစေနော်.. ကျေးဇူးတင်ပါတယ်
PAYY TAE SU NAE PYAE PAR SAY SHIN ❤