ဝက်ချိုပေါင်း(ဗမာနည်း)
ဒီနည်းလေးက အိသက်မမလေးရဲ့ နည်းလေးပါ။ သူ ချက်တိုင်းအလွန်စားကောင်းပါတယ်။ နူးအိနေတဲ့ ကြက်သွန်ဖြူလေးတွေက ချိုလွန်းလို့ သူချက်တိုင်းအများကြီးထဲ့ပါမမလေးရယ်လို့ ပြောရတယ်။ အဲဒီ ဝက်ချိုပေါင်းလေးရဲ့ ထူးခြားချက်က ဒီကြက်သွန်ဖြူလေးပါ။ ကျန်တာက အမေပေါင်းသလို ဗမာနည်းရိုးရိုးလေးပါ။
ပါဝင်ပစ္စည်းများ( ၄ပွဲစာ)
-ဝက်သား၃ထပ်သား ၁ကီလို
-ပဲငံပြာရည်အနောက်၂ဇွန်း(စားပွဲတင်)
-တရုတ်မဆလာ ၂ဇွန်း(စားပွဲတင်)
-သကြား၃ဇွန်း(စားပွဲတင်)
-ရှာလကာရည်၁ဇွန်း(စားပွဲတင်)
-ဂျင်း၂ဇွန်း(စားပွဲတင်)
-ကြက်သားမှုန့်၂ဇွန်း(စားပွဲတင်)
-ကြက်သွန်နီ၂လုံး၊ ဖြူ၃မွှာ( ထောင်းထားပါ)
-ကြက်သွန်ဖြူ ဥ ၂၀ခန့်( ဥလုံးလေးများအတိုင်း)
ဝက်သား၃ထပ်သားများကို ရေစင်စင် ဆေးပြီးပဲငံပြာရည်အနောက်၂ဇွန်း(စားပွဲတင်)၊ တရုတ်မဆလာ ၂ဇွန်း(စားပွဲတင်)၊ ရှာလကာရည်၁ဇွန်း(စားပွဲတင်)၊ ဂျင်း၂ဇွန်း(စားပွဲတင်)၊ကြက်သားမှုန့်၂ဇွန်း(စားပွဲတင်) တို့ဖြင့်နယ်ထားပါ။ ၁နာရီခန့်နှပ်ထားပါ။
အိုးထဲတွင် နယ်ထားသော ဝက်သားများထဲ့ပြီး သကြားများထဲ့ပြီးအပူပေးရင် လှိမ့်ပေးပါ။ဆီလုံးဝ ထဲ့စရာမလိုပါ။ ဝက်ဆီက သူ့ဘာသာထွက်လာပါတယ်နော်.
သကြားများအရေပျော်ပြီး ဝက်သားများနီရဲလာသည်အထိ လှိမ့်ပေးပါ။
နီရဲလာပြီဆိုရင်ကြက်သွန်ထောင်းထားတာများထဲ့ပြီး၂မိနစ်ခန့်လုံးပြီး ရေကိုဝက်သားနဲ့အညီထဲ့ပြီး တည်ထားပါ။
ဝက်သားအခေါက်နူးအိလာပြီ ဆိုရင် ကြက်သွန်ဖြူဥလေများထဲ့ကာ ၃မိနစ်ခန့်အဖုံးအုပ်ဆက်တည်ထားပါ။
ဒီထပ်ကြာကြာထားရင် ကြက်သွန်ဖြူပျောသွားမှာစိုးလို့ပါ။ သူ့အပူအတိုင်း မီးပိတ်ပြီးထားလိုက်ပါ။ ခုဆိုရင်အလုံးလိုက်လေး နူးအိနေသောကြက်သွန်ဖြူလေးများ မွမ်းမံထားသောဝက်ချိုပေါင်းအိအိလေးရပါပြီ။
ချက်စားကြည့်မယ်….ကျေးဇူး အစ်မအိသက်ရေ..
pls do try, thank you 🙂
မနက်စောကြီး ..ဗိုက်တောင်ဆာလာပြီ မမအိ ရေ … လုပ်စားကြည့်မယ်ဗျိုး
🙂
မရေ.. ဆီထည့်ဖို့မလိုဘူးပေါ့နော်… 🙂
အေး ညီမရေ မ ရေးဖို့မေ့သွားတာ ။ ဆီလုံးဝ ထဲ့စရာမလိုပါ။ ဝက်ဆီက သူ့ဘာသာထွက်လာပါတယ်နော် 🙂
It looks fabulous and I’m sure the taste will be great as well. Will try this weekends, thanks Ei Thet.
ညီမလေးရေ..
အစ်မလည်းကြက်သွန်ဖြူလေးတွေနဲ့တော့ ချက်စားဖြစ်တယ်..
အခုညီမလေးပြောသလို မြန်မာနည်းလေးနဲ့ချက်စားမယ်..
ညီမလေးရေ..အစ်မအမျိုးသားက ဖွားစောဆိုင်က ဝက်ပုန်းရည်ကိုအရမ်းကြိုက်တာ..
ဒီမှာပုန်းရည်ကြီးကမရနိုင်တော့ ဝက်အချိုလေးနဲ့ပဲဖြေသိမ့်နေရတာ..
ကျေးဇူးညီမလေး
🙂
thank you par ma yay 🙂
အိသက်ထောင်းတာတာ ကြက်သွန်အဖြူလားအနီလား
aye hote tae 🙂
ဖြူ ရော နီ ရောပါ 🙂
ညီမလေးရေ..ဘူဖေးကြွေးမယ်..အယောက်၁၅၀စာဆိုရင်ရော..ဘယ်လောက်ချက်ရမလဲဟင်.အားရင်ဖြေပေးပါအုန်း..ကုသိုလ်ပါအောင်လို့နော်..ညီမလေး..(ကျေးကျေးပါ)
depand on how you will serve them. will you serve with other dishes? if it is, (if it is me) i will cook 20 kg of pork belly. if you will serve with only 2-3 kinds of other dishes , you should cook more kg. cos it is buffet. (bear in mind they will take as much as they want even they dont eat later from their plates ) 🙂
ချလိုက်အုံးမယ် အမရေ …. ကိုယ့်ဟာကိုလုပ်တာ နည်းမကျတော့ မရဘူး .. ကျွန်တော်ကလည်း ဟင်းမချက်တတ်တော့ ပိုဆိုးတယ် … 🙂
keep trying 🙂
အစ်မရဲ့ ဝက်ချိုပေါင်းဟင်းနည်းလေးအတိုင်းချက်တာ အိမ်မှာမျက်နှာရလို့ ကျေးဇူးတင်ပါတယ်နော်အစ်မ
thanks a lot for telling me back ❤