မန္တလေးပဲကြော်


မန္တလေးပဲကြော် ကို အိသက်အမေကမုန့်ဟင်းခါး ထဲ ထဲ့စားတတ်တယ်။ အိသက်ကတော့ ဒီတိုင်းလေးပဲ စားရတာကြိုက်ပါတယ်။  ။ ဂျင်းနံ့သင်းသင်းလေးနဲ့ စားလို့ကောင်းတဲ့ မန္တလေးပဲကပ်ကြော် ကြော်နည်းလေးပါနော်။ ညီမလေးတယောက် မေးထားတာလေး postတင်ဖို့ အကြွေးရှိနေလို့ လုပ်စားဖြစ်တုံးလေး တင်ပေလိုက်ပါတယ်။

030

ပါဝင်ပစ္စည်းများ
– red bean ဆန်ချိန်ခွက်၁ခွက် (ပဲလွန်းရရင် ပဲလွန်းနဲ့လုပ်ပါ) or red kidney bean tin
-ကောက်ညင်းမှုန့် ဆန်ခွက်၁ဝက်
-ဆန်မှုန့် ၁ဇွန်း(စားပွဲတင်)
-ကြက်သွန်ဖြူ၂မွာ
-ဆား၁ဇွန်း(အချိုဇွန်း)
-ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)
-ပျဉ်တော်သိမ် အနဲငယ် ဓားနုတ်ပေါက်ပြီး
-ဂျင်း၃ဇွန်း(စားပွဲတင်)
-ဆော်ဒါ ဇွန်းဝက်(အချိုဇွန်း)

red bean

ပဲများကို နူးသွားအောင် ပြုတ်လိုက်ပါတယ်။ ရေအနည်းငယ်ထည့်ပြီး ပဲကို ချေပါသည်။

ဆား၊ဆော်ဒါ၊ ဂျင်း၊ပျဉ်တော်သိမ်, ကြက်သွန်ဖြူ ထောင်းထားတာများ ရောမွှေကာ မီးအေးအေးနှင့်ကြော်ပါသည်။

 

ကြော်နေရင်းနဲ့ကိုဂျင်းနံ့သင်းနေတဲ့ မန္တလေးပဲကြော်လေး ရပါပြီ။

 

Advertisements

16 comments on “မန္တလေးပဲကြော်

  1. မမအိသက်…
    မန္တလေးပဲကြော်အ၀စားသွားတယ်နော်….

  2. ဆန်ချိန်ခွက်ဆိုတာ ဘယ်လိုဟာပါလဲ ၊ ဓါတ်ပုံထဲမှာတော့တွေပါတယ် ၊ ဒါပေမဲ့ အရွယ်ကိုခန့် မှန်း၍မရပါ ၊ နောက်ပြီး ဆန်ချိန်ခွက်ဆိုတာ တနေရာမှာရှိပေမဲ့ တနေရာမှာရှိချင်မှရှိမှာပါ ၊ တနေရာကဆန်ချိန်ခွက်ဟာ အခြားတနေရာက ဆန်ချိန်ခွက်နဲ့ size လဲတူချင်မှတူပါလိမ့်မယ် (နိုင်ငံတကာကကြည့်ကြတာမို့ ပါ) ၊ ဒါကြောင့် ဗမာပီပီ နဂါးနီ ၊ နို့ ဆီဗူး တဝက် ၊ တဗူး ၊ နို့ ဆီဗူး၃လုံး စသဖြင့်စံပြုပေးရင်ပိုမကောင်းဘူးလား ။ နို့ ဆီဗူးတော့နိုင်ငံတကာမှာရှိပြီး တချို့ ဗမာများဟာ နိုင်ငံခြားရောက်နေသည့်တိုင် နို့ ဆီဗူးကိုသာစံပြုအသုံးချနေဆဲမို့ ပါ ။ ဆွေးနွေးကြည့်တာပါ

    • ဆန်ချိန်ခွက်ဆိုတာ rice cooker တိုင်းမှာပါတဲ့ဟာကို ရည်ရွယ်ပါတယ်၊ ကျမက အချိုးအစားလောက်သာရေးပေးတာပါ လိုက်လုပ်ကြည့်တဲ့သူများကနို့ဆီဗူးတို့ ဇွန်းတို့ ကြိုက်ရာနဲ့ အချိုးအစားအလျှော့အတင်း လုပ်ကာ ပြုလုပ်နိုင်ပါတယ်။ ဆွေးနွေးတဲ့အတွက်လဲ ကျေးဇူးပါ၊

  3. အားပေးလျှက် ပါ ..များများလေးတင်ပေးပါ…..စားးးးချင်ထှာ….း)

  4. လုပ်စားပြီးပြီ ရေများသွားလို့ဇွန်းနဲ့ခပ်ထဲ့လိုက်ရတယ်း)ဒါပေမဲ့လည်းကောင်းပါတယ် ကြိုက်တယ်

  5. အမ ကြော်စားပြီးသွားပါပြီ အရမ်းစားလို့ကောင်းပါတယ် ကျေးဇူးတင်ပါတယ်အမ :)…..

  6. မအိသက်ရေ….. ပဲတစ်ခွက်ကို ပြုတ်လိုက်ရင် ဘယ်နှစ်ခွက်လောက် ရပါသလဲ… ပြုတ်ပြီးသား သံဗူးနဲ့လာတဲ့ ပဲကို သုံးမလို့ပါ…. ကျေးဇူးပါနော်…

  7. မအိသက်ေ၇… မန္တလေးပဲကပ်ကြော်ကိုစားချင်နေတာကြာလှပေါ. အခုအစ်မလုပ်နည်းတင်ပေးထားတဲ.အတွက် တကယ်စား၇တော.မှာ.. အများကြီးကျေးဇူးတင်ပါတယ် အမလည်းဒီထက်လုပ်နည်းလေးတွေအများကြီးတင်ပေးနိုင်ပီး ဒီ.ထက်မကပျော်ရွင်တဲ.မိသားစုဘ၀ကိုပိုင်ဆိုင်နိုင်ပါစေနော်..

  8. ကျေးဇူးတင်ပါတယ်ညီမ။ ဒီနည်းအတိုင်းမနေ့ကကြော်လိုက်တယ်။ အဆင်ပြေပါတယ်

  9. Thx par Ei yay.
    My husband like it so much but I don’t know how to make now I got it .
    Bless ur family.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s