ထိုင်းနာနတ်သီးထမင်းကြော်
ဒီနာနတ်သီး ထမင်းကြော်ကို ထိုင်းမှာစားခဲ့ပြီးကတည်းကအသဲစွဲနေတာပါ။ ချိုချဉ်အရသာလေးနဲ့ အရသာတော်တော်ရှိပါတယ်။ ခုဒီထမင်းကြော်လေးကို လုပ်စားဖြစ်ပါတယ်
ပါဝင်ပစ္စည်းများ(2ပွဲစာ)
-အသီးစုံ၂ဇွန်း(ဟင်းချက်ဇွန်း)
-နာနတ်သီး၁ခြမ်းစာအတုံးလေးများ
-ဝက်သားအသားဒါးနုတ်ပေါက် ၁၅၀ ဂရမ်
-ကြက်ဥ၂လုံး
-ကြက်သားမှုန့်၂ဇွန်း( စားပွဲတင်)
-ပဲငံပြာရည်အကြည်၁ဇွန်း( စားပွဲတင်)
-ခရူဆီ၁ဇွန်း( စားပွဲတင်)
-ငရုတ်ကောင်းနဲနဲ
-ဂျင်း၁ဇွန်း( စားပွဲတင်)
-ကြက်သွန်နီ၁လုံး၊ ဖြူ၃မွှာ(အတုံးလေးများ)
-ထောပတ်၎ဇွန်း(စားပွဲတင်)
-ငရုတ်ချိုသီး ၁တောင့်
-ကြက်သွန်မြိတ်၁ချောင်း
နာနတ်သီးကို အသားများထုတ်ပါ။ အခွံကိုအလှဆင်ရန်ထား ထားပါ။
ဝက်သားများကို ဂျင်း၊ ကြက်သားမှုန့်၁ဇွန်းဖြင့်နယ်ထားပါ။
ထောပတ်ကိုအပူပေးအရေပျော်စေကာ ကြက်သွန်များထဲ့ကာဆီသတ်ပါ။ ဝက်သားထဲ့လှိမ့်ပါ။
ဝက်သားများကျက်ပြီးရွှေညိုရောင်သန်းပြီဆိုရင် ဒယ်ဘေးနားများကို ဝက်သားများဖယ်ကာ ကြက်ဥများမွှေကြော်လိုက်ပါ။
ပြီးရင် အသီးစုံ ထဲ့ကြော်ကာ နာနတ်သီး၊ ထမင်း၂ပွဲစာထဲ့ကာ ပဲငံပြာရည်အကြည်၁ဇွန်း၊ ခရူဆီ၁ဇွန်း၊ ငရုတ်ကောင်းနဲနဲ၊ ကြက်သားမှုန့်၁ဇွန်းထဲ့ မွှေကြော်ပါ။
နှံ့သွားပြီဆိုရင် ပါးပါးလှီးထားသောငရုတ်ချိုသီး ၊ ကြက်သွန်မြိတ် တို့ဖြူးပြီးစားရန်အဆင်သင့်ပါပြီ။ အသားလှီးထုတ်ထားသောနာနတ်သီးထဲ သို့အလှဆင်ထဲ့နိုင်ပါပြီ။
အသားလုံး မလိုပါ
ဒီအတိုင်းစားလဲ နနတ်သီး နှစ်ခြမ်း အသားလေးပါ
အရမ်းကြိုက်တယ် မမအိသက် … ကြော်စားအုံးမယ် 🙂
QT ခဏခဏ လာလည်တာ ကျေးဇူးပါနော် ကြော်စားကြည့်နော် 🙂
🙂
မမ ရေ .. ချို ကြော်ကြည့်တုံး က နာနတ်သီး က အရည်နဲနဲထွက်တယ် မမ .. အဲ့ဒါခြောက်အောင်ကြော်ရတာလား မမ…ကျေးဇူးပါနော်။။
ချိုရေ နာနတ်သီးနောက်ဆုံးမှထဲ့ကြည့်ပါလား 🙂
မမအိသက်…
ထိုင်းနာနတ်သီးထမင်းကြော် အိမ်မှာလုပ်စားကြည့်မယ်နော်…. အရမ်းစားကောင်းမယ့်ပုံလေးနော်… ကျေးဇူးတင်ပါတယ်…
ကျေးဇူးပါ လုပ်စားကြည့်နော် 🙂
ကိုယ်တိုင်လည်း လုပ်စားကြည့်မယ်မမသက်၊ သူများကိုလည်း အစားကောင်းလေးဝေမျှချင်တယ် မမသက် ခွင့်ပြုမယ်မဟုတ်လား ။ သူငယ်ချင်းဆီကတော့ နာနတ်သီးဟင်းစားဖူးတယ်။ နာနတ်သီးထမင်းကြော် တော့မစားဖူးသေးဘူး။
mu yay , can you pls let me know your link 🙂
မမသက်
မမသက်ဘယ်လင့်ကိုတောင်းတာလဲဟင်၊ မမသက်စိတ်ပူသွားလို့လား။ မပူပါနဲ့ မမသက်သဘော မကျတဲ့အလုပ်ကို ဘာမှမလုပ်ပါဘူး။ ဒါကြောင့်မို့လည်း မမသက်ကို ပြောပြတာပေါ့။ ဟင်းလေး တွေကို စိတ်ဝင်စားတယ်။ ၀ါသနာပါတယ်။ အိမ်မှာလည်း ဟင်းချက်နည်းစာအုပ်တွေ အများကြီးရှိတယ်မမသက်။ ဟိုတစ်နေ့ကတောင် လေးထောင်နဲ့တစ်အုပ်ဝယ်လိုက်သေးတယ် မမသက်။ ညီမက အယ်ဒီတာတစ်ယောက်လေ မမသက်၊ မမသက်ဆီကို စာပို့ဖူးသေးတယ်လေ။ မရောက်ဖူးနဲ့တူတယ်။ အိမ်တွင်းမှုကဏ္ဍကို ညီမကတာဝန်ယူရတယ်မမသက်ရယ်။ အိမ်တွင်းမှုကျောင်းတွေလည်း သွားရတယ်။ ဆရာမကြီးတွေကလည်း ညီမကို ကူညီကြပါတယ် သူတို့ ဟင်းနည်းတွေ ပေးမယ်လို့ပြောတယ်။ ညီမသွားတုန်းကတောင် ပန်းစည်းပြုလုပ်ပုံတွေ ပေးလိုက်သေးတယ်။ အိမ်တွင်းမှုမှာ ဟင်းချက်တာရယ်၊ အိမ်တွင်းပြုလုပ်နိုင်တဲ့ ဇာထိုးပန်းထိုး ပန်းအိုးထိုး အကျီချုပ်အကုန်ပါတယ်လေမမသက်။ ဒါကြောင့် ညီမက အင်တာနက်ကနေ ဟင်းလေးတွေရှာကြည့်မယ်စဉ်းစား ပြီး စက်မှာထိုင်လိုက်တော့ မမသက်ကို တွေ့သွားတယ်။ အဲဒါကြောင့် မမသက်သဘောကိုယူတာပါ မမသက်မကြိုက်ရင်ပြောပါ။ မမသက်ကို လူချင်းမတွေးဖူးပေမယ့် ခင်တယ်။ ဒါကြောင့်မို့ မမသက် ကိုတိုင်ပင်တာပါ။ မမသက်က ဖော်ပြပေးပါဆိုလည်း ညီမလေး ဖော်ပြပေးမယ်။ မမသက်တို့ နာမည်လေး ထည့်ပေးပါဆိုလည်း ညီမလေး ထည့်ပေးမယ်။ ၀မ်းသာစရာပြောရဦးမယ်။ ကိုရီးယား ဆိုင်ကတောင် ဟင်းနည်းတွေပေးပြီးထည့်ခိုင်းမယ်လို့တော့ ကြားတယ် မမသက်။ မမသက်ဖော်ပြ ထားတဲ့နာနတ်သီးထမင်းကြော်ကို ညီမလေးမထည့်ပါဘူး။ဒီနာမည်နဲ့ရှာလိုက်တာတခြား ဟာတွေ တွေ့ လို့ တခြားဟာတွေပဲထည့်လိုက်တယ်။ ပိုက်ဆံရလို့မဟုတ်ဘူးနော် မမသက်၊ တာဝန်အရမို့လို့ လုပ်ရတာ။
ခင်မင်စွာဖြင့်
ညီမ
မူရေ အမ စိတ်မဆိုးပါဘူး။ ဒီရက်ပိုင်း အမဓာတ်ပုံတွေ ယူပြီးသူတို့မူပိုင်လိုမျိုးလုပ်ခံထားရလို့ပါ။ နောက်အမ ချက်နည်းလေးတွေတင်တယ်ဆိုတာလဲကြည့်ချင်လို့ internet magazine ကလာလို့link တောင်းတာ။ အမ ခွန့်ပြုပါတယ် မအိသက်(ဓနုဖြူဒေါ်စောရီ-လန်ဒန်) လို့ရေးပေးပါလား ညီမလေး။ အမ မိဘတွေ လဲ ဂုဏ်ယူရတာပေါ့ ကျေးဇူးတင်ပါတယ်နော် အမလဲသိမ်းထားချင်ပါတယ် ညီမ စာအုပ်ကဘာနံမည်လဲ။ ကိုယ့်ချက်နည်းလေးပါတဲ့လကျ သိမ်းထားမယ်လေနော်
ခင်မင်စွာဖြင့်
မအိသက်
I have got that problem a few days ago sis . http://www.facebook.com/MM.cookingchannel/posts/483296375032035?comment_id=5927886¬if_t=like
I see a lot of interesting posts on your page. You have to spend a lot of
time writing, i know how to save you a lot of work, there is a tool that creates unique, SEO friendly posts in couple of seconds, just type in google – k2
unlimited content