နန်းကြီးသုတ်
အိသက်အဖေက နန်းကြီးသုတ်အလွန်ကြိုက်ပါတယ် အိမ်မှာအဖေခဏခဏ မနက်စာအဖြစ်စားတာမြင်ဖူးပေမဲ့ အိသက်က နန်းကြီးခေါက်ဆွဲ ကိုမကြိုက်တဲ့ အမှုနဲ့သိပ်မစားဖြစ်ခဲ့ပါ။ အဖေဒီတခေါက် လန်ဒန်လာတော့ သူကြိုက်တာလေးတွေစုံစုံလင်လင် လုပ်ကျွေးဖြစ်ခဲ့ ရင်း ကိုယ်ကိုတိုင်လဲ ရှားပါးတဲ့နေရာရောက်နေလို့ထင်ပါရဲ့ နန်းကြီးသုတ်ကိုလဲ အရမ်းကြိုက်သွားလေသတည်းပေါ့နော်။ ဒီတခါလုပ်ဖြစ်တာကတော့ အော်ဒါအတွက် လုပ်ဖြစ်သွားတာပါ။ ကိုထက်မေမေ ပေးတဲ့နည်းလေးပါ။
အော်ဒါအတွက်ဆိုတော့ ဓာတ်ပုံသေချာမရိုက်လိုက်ရဘူး။ ဒါပေမဲ့ အသေစိတ်ရေးပေးလိုက်ပါတယ်နော်။
ပါဝင်ပစ္စ္စည်းများ(လူ၎ယောက်စာပဲရေးပေးမယ်နော )
-ကြက်သား၁ကောင်
-ကြက်သွန်၁လုံး၊ ဖြူ၃မွှာ
-ငရုတ်သီးလှော်မှုန့်၂ဇွန်း(စားပွဲတင်)
-အရောင်တင်မှုန့်၂ဇွန်း
-ငံပြာရေ ၁ဇွန်း
-ကြက်သားမှုန့်၁ဇွန်း
-ဆန်ခေါက်ဆွဲခြောက်အပြားကြီးကြီး
-ပဲမှုန့်လှော်(ပဲမှုန့်ကောင်းမှစားကောင်းမှာမို့ မွှေးပဲမှုန့်စစ်စစ်ရရင်ပိုကောင်းပါတယ်)
-ကြက်ဥပြုတ်၂လုံး
-နံနံပင်
-ပဲပင်ပေါက်
-နန်းကြီးခေါက်ဆွဲ(udon)
ကြက်သားကို အသားနဲ့အရိုးနွင်ကာ အရိုးကို ကြက်သွန်ဖြူဓားပြားရိုက်ပြီးပြုတ်ကာ ငရုတ်ကောင်းဖြူးထားပါ။
ကြက်သွန်ဖြူနဲ့ အနီထောင်းထားတာများကို ဆီများများနဲ့ ငရုတ်သီးလှော်မှုန့်၂ဇွန်း(စားပွဲတင်)၊ အရောင်တင်မှုန့်၂ဇွန်း(စားပွဲတင်) တို့ဖြင့် ဆီသတ်ပါ။ ကြက်သားထဲ့လုံးပါ။ ငံပြာရေ၊ ကြက်သားမှုန့် ထဲ့ပါ။ ရေအနဲငယ်ထဲ့ပြီး အဖုံးအုပ် ထားကာ ဆီပြန်ရင်ချလို့ရပါပြီ။
ဆန်ခေါက်ဆွဲခြောက်အပြားများကို ဆီပူတွင်ဆနွင်းများများထဲ့ပြီးငါးမုတ်ကြော် ကြော်သနည်းအတိုင်း ကြော်ရင် ကျွတ်ရွနေသော မုန့်ကျွတ်ကြော်လေး များရပါပြီ။
လေလုံသောဘူးထဲ ထဲ့ကသိမ်းထားလို့ရပါတယ်။
ကြက်သွန်ကိုပါးပါးလှီးထားပါ။ နန်းကြီးသုတ်ထဲ ကို ကြက်သွန်များများထဲ့ရတော့ ၂လုံးပါးပါးလှီးလိုက်ပါတယ်။
ပဲပင်ပေါက်များကိုရေနွေးဖျောထားပါ။
ငရုတ်ဆီကြော်ထားပါ။ ကြက်ဥပြုတ်များပါးပါးလှီးထားပါ။
ပွဲပြင်ရန်
ပန်းကန်ထဲတွင် နန်းကြီးခေါက်ဆွဲထဲ့ပါ။ အပေါ်ယံမှ ကြက်သားဟင်း၊ ပဲမှုန့်များများ၊ ငံပြာရည်၊ ပါးပါးလှီးထားသောကြက်သွန်များများ၊ လှီးစိတ်ထားသော ကြက်ဥပြုတ်၊ မုန့်ကျွတ်၊ ငရုတ်သီးထောင်းကျော်၊ နံနံပင်၊ ပဲပင်ပေါက်၊ သံပုရာရေ တို့ဖြင့်တည်ခင်းကာ ဟင်းချိုပူပူဖြင့်တွဲဖက်စားသုံးနိုင်ပါပြီ။
ကြိုက်တယ် မရေ…အေးမြတ်ဖေဖေလည်း အရမ်းကြိုက်တဲ့ မန်းနန်းကြီးသုတ်..
သမီးတွေ ဆိုတော့လဲအဖေတွေအကြိုက်သိထားရတာပေါ့ အေးမြတ်လေးရေ 🙂
ရှလွတ်…ရှလွတ်….:P
😛
ဟုတ်တယ်နော် မမအိသက်…. မီ့အဖေလည်း နန်းကြီးသုတ်အရမ်းကြိုက်တယ်… အဖေတို့က မန္တလေးကဆိုတော့ နန်းကြီးသုတ်က ပိုစားကောင်းတယ်…
🙂
မအိသက်ရဲ့ ဘလော့လေးကို တွေ့မိတာ သိပ်မကြာသေးပါဘူး
အဟောင်းတွေလဲ အကုန်ပြန်ဖတ်သွားတယ်
ဟင်းချက်နည်းလေးတွေ ဝေမျှပေးလို့ ကျေးဇူးပါဗျာ
ဟင်းချက်အရမ်းကောင်းမှာသေချာသလို တီထွင်ချက်ပြုတ်နိုင်စွမ်းရှိတယ်လို့ ခံစားမိပါတယ်။
နန်းကြီးသုတ်လဲ အရမ်းစားချင်သွားပါတယ်ခင်ဗျာ
(လီယို)
ကျေးဇူးပါ လီယိုရေ အရမ်းကိုချီးကျူးထားလို့ မြောက်တောင်သွားပါတယ်:P နောက်လဲလာလည်ပါ 🙂
မင်္ဂလာပါရှင်
.Qt… အမ ဘလော့လေးကို သိတာ ၂ လလောက်ပဲရှိသေးတယ်
သိတဲ့နေ့ကစပြီး နေ့တိုင်းလိုလိုကို လာဖြစ်တယ်
အားလည်းကျတယ် သရေလည်းယိုတယ် 😀
အခုလို တက်သိနားလည်မူ့လေးတွေကို မျှဝေပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်နော်
…… ပျော်ရွှင်သောနေ့လေးပါရှင်
မင်္ဂလာပါ ညီမလေးရေ။နောက်လဲလာလည်ပါနော်၊ ကျေးဇူးပါ 🙂
မအိသက်ရေ
မ-သုံးတဲ့ ကြက်သားမှုန့်က ဘာအမျိုးအစားလဲ လို့ သိချင်ပါတယ်.. ညီမတို့ မြန်မာပြည်မှာ ရောင်းတဲ့ ကြက်သားမှုန့်တွေက ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ပြောလို့ ပါ
knorr par nyi ma yay အချိုမှုန့်ထက်တော့ တော်သေးတာပေါ့:)
Ma eithet yay,
Thanks million for sharing your all recipe bar naw. You are so outstanding.
Out of these 2 chilli powder you used, i believe one is parprika and what is the other one please? Do you use normal chilli powder or crushed or burmese chilli powder?i just would like to use the same one as chicken colour is so good.thank you
crushed chilii powder par 🙂
Ma, thanks for sharing naw. i will use your recipe to cook nan gyi thout to offer lunch for monks in oz. love you 🙂