ကြာဇံချက်၊ ရှောက်သီးသုတ် ဒါလေးက ပြီးခဲ့တဲ့စနေနေ့က လုပ်စားတဲ့ကြာဇံချက်လေးပါ။ ကုလားဈေးမှာရလာတဲ့ ရှောက်သီးအသေး၃လုံးကလဲ ရှိနေတော့ အတော်ပဲဖြစ်သွားပါတယ်။
ပါဝင်ပစ္စည်းများ(လူ၇ယောက်စာ)
-ကြာဇံ၁ထုပ်
-ကြက်တကောင်
-ကြက်အသား၂၀၀ ဂရမ်
-ပဲခြောက်
-ပန်းခြောက်
-မှိုခြောက်
-ငုံးဥပြုတ်
-ငါးဖယ်
-ငံပြာရည်၃ဇွန်း(စားပွဲတင်)
-ဆား၊ ကြက်သားမှုန့်၎ဇွန်း(စားပွဲတင်)
-ကြက်သွန်နီ၁လုံး၊ ဖြူ ၄မွှာ
-ဆနွမ်းနဲနဲ၊ အရောင်တင်၁ဇွန်းခွဲ
ကြာဇံ၊ ပဲခြောက် ၊ပန်းခြောက်၊ မှိုခြောက်တို့ကိုရေစိမ်ထားပါ။
ကြက်သားကိုအတုံးလေးများတုံးထားပါ။ ဆား၊ ကြက်သားမှုန့်၂ဇွန်းတို့နယ်ထားပါ။
ကြက်သွန်ဖြူ၊ နီ ကို ဆနွမ်း၊ အရောင်တင်မှုန့်တို့ကို ဆီသတ်ကာ ကြက်သားထဲ့လုံးပါ။
ကြက်သားကျက်လို့ဆီပြန်ပြီဆိုရင် ရေ၂လီတာခန့်ထဲ့ပြီးပွက်ပါစေ။ ပွက်လာရင် ဆား၊ ကြက်သားမှုန့်၂ဇွန်း၊ ငံပြာရည်၃ဇွန်းတို့ထဲ့ပါ။ ပြီးရင် ready made ငါးဖယ် ထဲ့ပါတယ်။
ရေစိမ်ထားသောပဲခြောက် ၊ပန်းခြောက်၊ မှိုခြောက် တို့ထဲ့ပါ။နောက်ဆုံးမှကြာဇံထဲ့ပြီး ပြုတ်ပြီးသားငုံးဥလေးများလဲ ထဲ့လို့ရပါပြီ။ အပေါ့အငံမြည်းကာ အနေတော်ဆိုရင်စားရန်အဆင်သင့်ဖြစ်ပါပြီ။
ရှောက်သီးသုတ်
-ရှောက်သီး၃လုံး( သေးသေး)
-ကြက်သွန်နီ၁လုံး
-ကြက်သွန်ဖြူဆီချက်၁ဇွန်း(စားပွဲတင်)
-ငပိ၁ဇွန်း(အချိုဇွန်း)
-ပုဇွန်ခြောက်ထောင်း၂ဇွန်း
-ငံပြာရေ၁ဇွန်း(စားပွဲတင်)
-ငရုတ်သီးမှုန့်၂ဇွန်း(စားပွဲတင်)
-ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)
ရှောက်သီးဖတ်လေးများ နွင်ထားကာ ကြက်သွန်ပါးပါးလှီးပြီး အထက်ပါများနဲ့ရောသုတ်လိုက်ရင် ချဉ်ငံစပ် ရှောက်သီးသုတ် ကြာဇံဟင်းခါးနဲ့တွဲစားရန်အဆင်သင့်ဖြစ်ပါပြီ။
ပြင်ဆင်တည်ခင်းရန်
မုန့်ပန်းကန်တွင် ကြာဇံချက်ထဲ့ပြီးအပေါ်ယံမှ ပါးပါးလှီးထားသော ကြက်သွန်နီ၊ နံနံပင်၊ သံပရာရည်၊ ငရုတ်သီးလှော်မှုန့်၊ ငံပြာရည်တို့ဖြင့်မွမ်းမံကာ ချဉ်ငံစပ် ရှောက်သီးသုတ်ဖြင့်စားရင်အလွန်ကောင်းပါတယ်။
အရမ်းကြိုက်သော အစားအစာပါ…ကြက်ဆံဟင်းခါး + ရှောက်သီးသုပ်
🙂
မရေ… ဇာခြည် ရှမ်းခေါက်ဆွဲရေဖျော်လေးတောင် လုပ်မစားရသေးဘူး။။ နောက်တမျိုးက သွားရေကျရပြန်ပီ။ ခုဆို ညဖက်အမ ဘလော့ခ်ကိုကြည့်လိုက် မနက်ရုံးရောက်လို့ကွန်ပျူတာဖွင့်ပီးတာနဲ့ ဝင်ကြည့်လိုက်နဲ့ဖြစ်နေပီ။ ဟင်းအသစ်မတွေ့ရရင် ရင်ထဲမှာ ဟာသွားသလိုပဲ။ နောက်မှ ပြန်တွေးကြည့်မိတယ် အင်းပေါ့လေ ညကမှချက်ထားတာ မနက်အစောကြီးတော့ ဘယ်အသစ်ချက်ပါ့မလဲလို့..:D..ကျေးဇူးတင်ပါတယ် ဘာပဲဖြစ်ဖြစ် မြန်မာအစားအသောက်လေးတွေ လွမ်းလို့ရတယ်လေ။ စိတ်ကူးရတဲ့ အခါ လွယ်လွယ်ကူကူ အညွန်းလေး ကြည့်ပီး ချက်လို့လဲရတယ်။ မအိသက်တို့ မိသားစု ပျော်၇ွှင်ချမ်းမြေ့ပါစေ။
ဇာခြည်လေး မချက်ဖြစ်တယ် ဟင်းတွေအများကြီးတင်စရာအကျွေးတွေရှိတယ်။ မ ဒီရက်ပိုင်းအရမ်းအလုပ်များနေလို့ပါ။ ကြိုးစားပြီးတင်ပေးမယ်နော် 🙂
မမအိသက်…
ကြာဇံဟင်းခါနဲ့ ရှောက်သီးသုပ်စားသွားပါတယ်… အရမ်းကြိုက်တယ်… ကျေးဇူးပါ… အညာဒေသတွေမှာ တွေ့ရတတ်တဲ့ နွားနို့ယို လုပ်နည်းလေးသိရင်ပြောပြပါနော်… မြင့်မြင့်ခင်မှာရောင်းတဲ့ဟာ မဟုတ်ဘူးနော်… တောသည်လေးတွေဆီမှာတွေ့ရတတ်တယ်လေ… အဲဒါမျိုးလေးပါ… ကျေးဇူးပါ
မီမီ
ညီမရေ..ဘုန်းဘုန်းကပ်ဘို့..ခုဘဲသွားချက်လိုက်မ.ယ်နော်
ဟုတ်ကဲ့ အိသက်ကို ကုသိုသ်ရအောင်ပြောပြပေးလို့ကျေးဇူးပါအမရေ အရမ်းဝမ်းသာပါတယ် 🙂
ဟုတ်ကဲ့ အိသက်ကို ကုသိုသ်ရအောင်ပြောပြပေးလို့ကျေးဇူးပါအမရေ အရမ်းဝမ်းသာပါတယ် 🙂
ဘုန်းဘုန်းကလည်းကြိုက်တယ်ညီမရေ..တအိမ်သားလုံးလဲ..အားပေးကြတာ..ရှုးရှဲနဲ့
Hi a ma, thanks for the revipes. I m new to cooking Burmese food. What is shout thee in English. I don’t see it here (Australia). Thanks a lot naw ma