မုန့်ကျွဲသည်း
မုန့်လက်ဆောင်းလုပ်တိုင်းမုန့်ကျွဲသည်းလုပ်ဖို့သတိရပါတယ်။ အရမ်းလဲကြိုက်တဲ့အတွက်လုပ်မယ်ဆိုပြီး အားခဲထားတာကြာပါပြီ။ ခုတော့သက်သက်ကိုလုပ်စားဖြစ်သွားတာပါ။ ဒီမုန့်လေးကလုပ်ရတာ သိပ်ကြာတတ်တဲ့အတွက် ကျမက အဆင့်တဆင့်ကျော်ပေးထားပါတယ်နော်။ မွှေရတာအချိန်နဲသွားတာပေါ့လေ။ သက်သာစေရန်ရည်ရွယ်ပါတယ်နော်။
ပါဝင်ပစ္စည်းများ
-ဆန်မှုန့်၁ခွက်(ဆန်ချိန်ခွက်)
-ဆားဇွန်းဝက်(အချိုဇွန်း)
-ထန်းညက် ၅ခဲ
-ထုံးဇွန်းဖျား(အချိုဇွန်း)
-အုန်းသီးခြစ်များ
ထုံးကိုရေ၁လီတာခန့်ထဲ့စိမ်ပါ။ အနယ်ထိုင်ရင် ရေအကြည်ကိုခပ်ထားပါ။
ထန်းညက်ကိုရေဖျောထားပါ။
ဆန်မှုန့်ကိုရေ၁မှတ်ထိထဲ့ပြီး ထမင်းချက်သလိုချက်ပါ။(မွှေရတာသက်သာစေရန်) ပြီးရင် ကျက်သွားပြီးသားမုန့်သားများကို အိုးထဲကိုဇကာစစ်ချပြီး ထဲ့ပါ။ ထုံးရေကြည်ကိုထဲ့ကာကျိုပါ။
ထန်းညက်ရေ၊ ဆားတို့ထဲ့ပြီးအဆက်မပြက်မွှေပေးပါ။မိနစ်၄၀လောက်မွှေပေးရပါမယ်။
မုန့်သားများလုံးလာပြီး ပျစ်ခဲလာရင် ဆီသုတ်ထားသော ဘန်းထဲ ထဲ့ပြီးအအေးခံထားပါ။
အေးပြီးခဲသွားရင် အုန်းသီးခြစ်များဖြူးကာ စားသုံးနိုင်ပါပြီ။
oh thz u so much sis yae .that my favourite one .love u .bless u
welcome sis 🙂
Hi Ei Thet, thank you very much for sharing this recipe. i have been wanting to make this but without success. i like the one sold in bogyoke zay. my favorite burmese dessert.
mine fav too 🙂
ချို့  ချစ်ချစ် က အရမ်းကြိုက်တာ ခဏခဏ လဲမေးတယ် မလုပ်တတ်ဘူးလားတဲ့ .. မမ နည်းလေးပေးတာကျေးဇူးအများကြီးတင်ပါတယ် နော်။။။
ကျေးဇူးပါချိုရေ။အားပေးလို့ 🙂
ဒီမုန့်လုပ်နည်းရှာနေတာကြာပီ..ကျေးဇူးမမရေ..
🙂
Hi Ei Thet, do you cook the rice in the rice cooker. thanks.
with rice cooker 🙂
ညီမရေ
အမကလေ ဗမာမုန့်တွေအားလုံးကိုသိပ်ကြိုက်တာ။ ဒီရောက်တော့ (အခုအမက new york city မှာပါ) တချို့ကိုယ့်ဘာသာလည်း မလုတ်တတ် လုပ်တတ်တာလေးတွေကို လုပ်စားရင်း တူမလေးပေးတဲ့ ဒီဟင်းချက်ဘလော့လေးတွေကိုကြည့်ရင်း ပညာလေးတွေရရလာတာ ညီမတို့လို ဘလော့ဂါတွေကို ကျေးဇူးအများကြီးတင်ပါတယ်။ အမကလေ ဘိန်းမုန့်၊ မုန့်ဖတ်ထုတ် ကျောက်ကျော၊ ရေမုန့်၊ မုန့်ပျားသလက် ဆနွင်းမကင်း သာကူပြင် ကောက်ညှင်းထုတ် (ဒါလေးတွေတော့လုပ်တတ်ပြီ) မုန့်စိမ်းပေါင်း၊ မုန့်ဘိုင်းတောင့်၊ မုန့်ကျွဲသဲ၊ ဖာလူဒါ၊ မုန့်သိုင်းခြုံ၊ အာပုံ၊ ၊ ထမနဲ၊ မုန့်ပဲဆုတ်၊ မုန့်ပေါင်း၊ ပျာရည်ထုတ်၊ ထန်းသီးမုန့်၊ စိန်ဖေကြီး၊ မုန့်လိပ်ပြာ ………….. အဲဒါတွေတော့ မလုပ်တတ်သေးဘူး {ညီမဖတ်ရတာတော်တော်မောမယ်နော် ;)) } ညီမသိရင်နည်းလေးတွေ ဝေမျှပါအုံးနော်။ အခုလည်းအမကလေ မုန့်ကျွဲသဲနည်းကို လျှေက်မေးနေတာ မရသေးလို့ အခု ညီမဆီကရတာ ကျေးဇူးနော်။ အမလုပ်ပြီးပြန်ပြောပြမယ်။ ဒီ 2~ 3 weekend တော့ မလုပ်ဖြစ်သေးဘူး၊ ကျောင်းက home work ရယ် exam တွေရယ်ရှိနေတော့ စာအုပ်နဲ့ မျက်နှာ နဲနဲ ကပ်ထားရတယ်လေ။ ညီမရဲ့ ဟင်းတွေေ၇ာ မုန့်တွေရော အကုန်ကြိုက်၊ ဗမာပြည်မဟုတ်တဲ့နေရာမှာနေရင်း လုပ်မဲ့ပစည်းလေးတွေကို လွယ်လွယ်ရအောင် ပြောပြတဲ့အတွက်လည်းကျေးဇူးနော်၊ ဒီနေ့မနက် အမခင်ပွန်းက သရက်သီးစိမ်း သုတ်စားချင်တယ်ဆိုလို့ အမကုလားဆိုင်ကိုရောက်သွားတယ်၊ ထုံးကိုအာပေါက်အောင်မေးမှ ညီမပြထားသလို အစိမ်းရောင်ဗူးလေးရခဲ့တယ်။ အမမှာ ကျောက်ချဉ်ကရှိတယ်။ မုန့်လက်ဆောင်းလုပ်ကြည့်မယ်နော်။
အချိန်ရတာနဲ့ မစားချင်တာတွေအကုန်တင်ပေးမယ်နော် 🙂
ညီမရေ
ကြယ်သီးမှိုချက်နည်းထဲမှာ မုန်ံဗိုင်းတောင့်တွေ့လိုက်လို့ နည်းလေးပြောပြပါလားဟင်။ အရမ်းစားချင်နေတာ။ ညီမတကယ်လို့ လုပ်ရင် ဓာတ်ပုံရီုက်ထားတာလေးတွေမရှိရင်လည်း၊ ညီမမလုပ်စားသေးရင်လည်း အမက နည်းလေးတွေဘဲပြောကြည့်နော်။ အားလည်းနာပါတယ်။ တော်ကြာအမတို့တွေ ပူဆာလို့ လုပ်ပြနေရပြီး တင်ရင် ပင်ပန်းမှာစိုးလို့ပါနော်။
ကျေးဇူး
:)ကြော်ငြာပေးတဲ့ မ တူမလေးကိုလဲကျေးဇူးပါလို့
ကျေးဇူး (အထူး)3 တင်ပါ၏ ချစ်ဖို့ကောင်းတဲ့ ညီမအိသက်
မမူယာ
အမရေ
အပေါ်ကပြထားတာ ထန်းလျက်ဘူးလေးလားဟင်
အဲဒါဘယ်မှာဝယ်လို့ရပါလဲ
ကျေးဇူးပါနော် 🙂
ညီမရေ
အမလေ လုပ်ခါနီးမှ သေချာထပ်ဖတ်ကြည့်တော့ မေးစရာလေးတွေရှိလာလို့ပါ။ ဆန်မှုန့်ကို ရေတမှတ်နဲ့ ထမင်းချက်သလိုဆိုတာ rice cooker နဲ့ ချက်ရမှာလား ရေတမှတ်က rice cooker ထဲက အမှတ်လား ဒါမှမဟုတ် ဆန်ချိန်ခွက်နဲ့ ဘယ်နှစ်ခွက် ထည့်ရမလဲ။ ပြီးတော့ အနည်တွေဖယ်ပြီးတဲ့ ထုံးရေကြည် အားလုံးကို (တစ်လီတာနီးပါးပေါ့) ထည့်ပြီးထပ်ကြိုရမှာလား။ အဲဒါဆိုရင် ထုံးရည်ကြည်ထဲ့ပြီး ကျဲသွားတာတွေကို ပြန်ပြီး ပျစ်သွားအောင် မိနစ် ၄၀ လောက် ထပ်ကြိုရတဲ့ သဘောပေါ့နော်။ ညီမလေးရယ် ပြောပြနော်. အစ်မက တခါထဲနဲ့ အောင်မြင်သွားချင်လို့ပါ။
ကျေးဇူးနော်
ဟယ်အမမေးထားတာတွေ ဘယ်ရောက်သွားလဲမသိဘူး
ညီမရေ အမကလေ လုပ်ကြည့်မလို့ သေချာပြန်ဖတ်တာ မေးစရာလေးတွေ တွေ့လာလို့ မေးမယ်နော်။
ဆန်မှုန့်က်ု ထမင်းချက်သလိုဆိုတော့ rice cooker နဲ့ ချက်ရမှာလား ။ rice cooker ထဲက အမှတ်၁ မှတ် ကို ရေ ထည်းရမှာလား ဟင်။ ထုံးရေကြည် အနယ်ဖယ်ပြီး ယူရင် ၁လီတာ နီးပါးကို အဲဒီဆန်မှုန့်ထဲကို ထည့်လိုက်ရင် ခပ်ကျဲကျဲ ပြန်ဖြစ်သွားမှာပေါ့နော်။ အဲဒီ အကျဲရည် ကို ပြန်ဖြစ်သွားအောင် မိနစ်၄၀ လောက် ထပ်ကြိုရတဲ့ သဘောပေပါ့နော် ဟုတ်လားညီမလေး။ သေချာမေးရတာ အမက တခါတည်းနဲ့အောင်မြင်သွားချင်လို့ပါညီမရေ။ အမ၇ဲ့ ယောင်းမကလည်း သူလုပ်တာ မုန့်ကျွဲသဲက တုန်တုန် တုန်တုန်ဖြစ်မနေဘူး ဆိုလို့ အမက ညီမရဲ့ နည်းလေးနဲ့ လုပ်ပြပြီး ကြွားချင်လို့လေ။ ညိမရေ ဖြေပေးပါနော်
ကျေးဇူး
မမူယာ
မရေ ဒီရက်ပိုင်း တော်တော် အလုပ်များနေလို့ပါ။ စာတွေသိပ်မဖတ်ဖြစ်ဘူး၊တောင်းပန်ပါတယ်နော် ၊ ဆန်အိုးထဲ ထဲ့ချက်ရင်ရေပဲထဲ့ရပါတယ် ဟုတ်ပါတယ် အဲဒီအရေကျဲကို ပြန်ကျိုရတာပါ တခါတလေrice cooker နဲ့ချက်ပြီးသားဆန်ရည်က ခဲချင်နေရင် blender ထဲ့မွှေပြီးမှကျိုပါမရေ
ညီမလေးရေ
အမလည်းပြီးခဲ့တဲ့ တပတ်ပ နေမကောင်းနေတာရယ်၊ internship ဆင်းနေရတာရယ်နဲ့ မအားရဘူးလေ။ ကျေးဇူးနော်။ ဒီတပတ်ထဲစမ်းလုပ်လိုက်မယ်။
ပျော်ရွှင်ပါစေ။
ထုံးဇွန်းဖျား ko English lo bae lo kaw mhan ma Thi tar yal .. Bae mhar buy lo ya man ma Thi tar yal .. Kuu Nyi par naw .. A ma 🙂
ထုံးဇွန်းဖျားဆိုတာ ထုံးနဲနဲလေးကိုပြောတာညီမ ထုံးကို ကုလားဆိုင်တွေမှာLime stone လို့ခေါ်တယ်
u r a legend 🙂 thank for recipe
Thank you par naw 🙂
mama yay…nyima read yin read yin nert lal twar p… rice cooker htae cook p yin ya lar tat har ko ar lone pyan boil ya mar lar…
hote tae nyi ma lay 🙂
I made it yesterday, it was a perfect snack. Thank sis 🙂
ma ma yay thank u so much ur kind i like it ma ma i also wanna make and eat မုန့်စိမ်းပေါင်း ma ma if u know please let me know ma ma thank you so much ma ma
What is ထုံးဇွန်းဖျား(အချိုဇွန်း) ?? Thanks!
yes ,very small amount